Tuesday, September 1, 2015

Rabbit Converter Between Zawgyi and Unicode

iOS သမားများအတွက် ကိုစေတန် ရေးသားထုတ်ဝေသော "Rabbit" converter App Store တွင် အသစ်ထွက်ရှိလာပါပြီ...

မိမိရေးသားလိုသော စာကို အသုံးပြုနေသော (Zawgyi / Unicode) tab တစ်ခုခုမှာ ရေးသားပြီးပါက ဆန့်ကျင်ဘက် tab တစ်ခုကို နှိပ်လိုက်ရုံနှင့် အလွယ်တစ်ကူ ပြောင်းလဲပြီးသား ဖြစ်နေပါလိမ့်မည်..။

ထို့နောက် Messages App, Facebook တို့အပြင် စာသားအားလုံးကို Copy ယူ၍ စိတ်ကြိုက်နေရာတွင် Share လုပ်နိုင်ပါပြီ..

>> Rabbit Converter (App Store)










အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်ပေးကြပါ...


မိုးသိကြား

Continue Reading....

iOS တွင် မြန်မာဖောင့် အလှများ စိတ်ကြိုက်သွင်းယူနည်း

iOS 7 နှင့်အထက် ကစလို့ မြန်မာစာကို ဖတ်ရှုနိုင်ဖို့ Jailbreak လုပ်ရန်မလိုတော့ပဲ Developer များ ဖန်တီးပေးထားသော font profile ကို install လုပ်ရုံနှင့် ဖတ်ရှု မြင်တွေ့နိုင်ခဲ့ပါပြီ…။

သို့သော် Developer က ပြုပြင်ပေးထားသော ဖောင့်ကိုသာ မြင်တွေ့ရတဲ့ အတွက် မိမိစိတ်ကြိုက် အလှအပ မြန်မာဖောင့်စတိုင်များ သွင်းယူရန်တော့ Jailbreak မလုပ်ထားပါက အခက်အခဲရှိနေပြီး Jailbroken iDevice များတွင်သာ ထည့်သွင်းလုပ်ဆောင်နိုင်ပါသည်။

ဇော်ဂျီဖောင့်ကိုသာ အသုံးပြုနေသူများအတွက် ဖောင့်စတိုင်များ Zawgyi-One မှလွဲ၍ ရွေးချယ်စရာ မရှိသော်လည်း မြန်မာယူနီကုဒ်စနစ် အသုံးပြုသူများအတွက်တော့ အလှအပ ဖောင့်စတိုင်ပေါင်း (၆၀) ကျော်ကို မိမိ iDevice တွင်သွင်းယူ၍ ရွေးချယ် အသုံးပြုနိုင်ပါသည်။

Developers များ ပြုလုပ်ပေးသော Font profile ကို စောင့်နေရန် မလိုပဲ .ttf (TrueTypeFont) ရှိယုံနှင့် “iFont” App က iDevice ထဲကို အလွယ်တစ်ကူ Install ပြုလုပ်ပေးပါလိမ့်မည်။

>> Install ‘iFont’ (AppStore)

Free App အဖြစ်ပေးထားသော “iFont” App ကို ဦးစွာ Install လုပ်ပါ။
(မှတ်ချက်။ ။ iPad အတွက် ရှာမတွေ့ပါက search option တွင် “iPhone Only” နှင့် ရှာပါ..။)

  • “iFont” App ကို ဖွင့်ပြီး အောက်ဆုံးရှိ “User Fonts” tab ကို သွားပါ။
  • ထို့နောက် “Import” ကို နှိပ်ပါ။


  • Locations” ကို ထပ်သွားပါ။


  • Drive များတွင် “iCloud Drive”, “Drop Box”, "Google Drive” တို့ကို့ တွေ့ရပါမည်။ (မတွေ့ပါက More.. ကို နှိပ်၍ ON ပေးပါ။ )



ဖော်ပြပါ လုပ်ဆောင်ချက်များသည် “iFont” တွင် ပြင်ဆင်ထားရန် သက်သက်သာ ဖြစ်ပါသည်။ မိမိ၏ iCloud Drive, Drop Box, Google Drive စသည့် Cloud storage တွင် (.ttf) font များ သိမ်းဆည်းထားပါက ထိုနေရာများမှ တိုက်ရိုက် Install လုပ်နိုင်ရန် ဖြစ်ပါသည်…။

မိမိတွင် သိမ်းဆည်းထားသော (.ttf) font များ မရှိပါက(‘iFont’ App ကို install လုပ်ထားရုံမျှနှင့်) အောက်ပါအတိုင်း တိုက်ရိုက် Install လုပ်နိုင်ပါသည်…

နမူနာအဖြစ် ယူနီကုဒ်စနစ်သုံး “မြန်မာစကား” အလှဖောင့်ကို သွင်းယူပါမည်…

  • Safari မှနေ၍ ဤနေရာ (မြန်မာယူနီကုဒ်လမ်းညွှန်) ကိုသွားပါပြီး... "ဖောင့်များ" ကိုနှိပ်ပါ။



  • “မြန်မာစကားဖောင့်” ကို နှိပ်ပါ။
  • Open in “iFont” ကို နှိပ်ပါ။


  • ‘iFont' App ထဲရှိ ‘User Fonts’ တွင် “Myanmar Sagar” ရောက်သွားပြီး INSTALL လုပ်ပါ။



ယခုဆိုရင် မိမိရဲ့ profile ထဲတွင် “Myanmar Sagar” ရှိနေပြီး အသုံးပြုလိုပါက အခြား font profiles များကို Delete လုပ်ပစ်ပါ။ (မှတ်ချက်။ ။ ဇော်ဂျီ၊ ယူနီ နှစ်မျိုးလုံး အမှန်နီးပါး မြင်ရသော "NamKhoneWeb Pro” ကို ချန်ထားခဲ့နိုင်ပါသည်၊ အတားအဆီးမဖြစ်ပါ)

>> NamKhoneWeb Pro ကို သွင်းယူနည်း


Credit to : ခွန်မောင်မောင် (MUA)


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်ပေးကြပါ...


မိုးသိကြား

Continue Reading....

Sunday, August 23, 2015

iOS တွင် ဇော်ဂျီ နှင့် ယူနီကုဒ် နှစ်မျိုးလုံး ဖတ်ရှုနိုင်ပြီ...

Internet အသုံးပြုသူများ ကြားထဲမှာ မြန်မာစာစနစ် နှစ်ခုဖြစ်တဲ့ “ဇော်ဂျီ” နှင့် “ယူနီကုဒ်” ရဲ့ အားပြိုင်လွန်ဆွဲပွဲဟာ အချိန်ကာလ ရှည်ကြားညောင်းခဲ့ပြီး ယခုလက်ရှိမှာတော့ ဇော်ဂျီဟာ လူအသုံးများသော မြန်မာစာဖောင့်တစ်ခု အဖြစ် ရပ်တည်နေပါတယ်..။

ဒါဟာ “ဇော်ဂျီ” စနစ်က ပိုကောင်းလို့လားဟု မေးလျှင် မဟုတ်ပါဟုသာ ပြန်လည်ဖြေကြားရပါလိမ့်မည်။ နိုင်ငံတစ်ကာအသိမှတ်ပြု မြန်မာစာစနစ် ဖြစ်လာမည့် ယူနီကုဒ်ကို ပညာရှင်များ ကြိုးစားရေးသားနေချိန်တွင် web font မြန်မာစာစနစ်အတွက် “ဇော်ဂျီ” က ဆေးမြီးတိုအဖြစ်နှင့် ထွက်ရှိလာခဲ့ပြီး သုံးစွဲသူများ လက်ထဲသို့ စောလျှင်စွာ ရောက်ရှိခဲ့ပါသည်။ ယူနီကုဒ်ဖြစ်လာနိုင်သည်ဟု ကြိုးစားခဲ့ကြပေမယ့် အဆုံးသတ်တွင် ယူနီကုဒ်အယောင်ဆောင် မြန်မာဝဘ်ဖောင့် တစ်ခုအဖြစ်သာ ရှိနေပြီး နိုင်ငံတစ်ကာအသိမှတ်ပြု မဖြစ်ခဲ့ပါချေ…

ယူနီကုဒ်စနစ်ဖော်ဆောင်ရေးအတွက် အချိန်ယူလေ “ဇော်ဂျီ” က သုံးစွဲသူများဆီမှာ အရိုးစွဲလာလေ ဖြစ်ခဲ့ရပါတယ်။ ယခုအခါ နိုင်ငံတစ်ကာ အသိမှတ်ပြု (ISO-10646) ရရှိထားသော မြန်မာယူနီကုဒ် စာရိုက်စနစ်တို့က ပြီးပြည့်စုံသော သုံးစွဲရန်အသင့် အနေအထားထိသို့ ရောက်နေခဲ့ပါပြီ…

ယူနီကုဒ်စနစ်ကို နိုင်ငံတစ်ကာ အသိမှတ်ပြုလာကြသည့်အတွက် Apple ရဲ့ Mac OS နှင့် iOS တို့တွင် မြန်မာစာ (Burmese) language ကို ထည့်သွင်းပေးလာတာကို သတိပြုမိကြပါလိမ့်မည်..။
(လက်ရှိအနေအထားမှာ ဖောင့်ပုံစံအထာမကျသေးပေမယ့် အနာဂါတ်တွင် အပြည့်အဝ မှန်ကန်လာနိုင်ပါသည်)

iOS တွင်သာမက Android စနစ်သုံး mobile brand အချို့တွင် (ဥပမာ Sony Xperia) ကဲ့သို့သော Android phone များတွင်လည်း မြန်မာယူနီကုဒ်ဖောင့်ဖြစ်သည့် “Padauk” (ပိတောက်) ကိုထည့်သွင်းပေးထားသည့် အတွက် “ဇော်ဂျီဖောင့်” သွင်းရန် ရှုပ်ရှုပ်ရှက်ရှက် ခက်ခက်ခဲခဲ အဆင့်များကို ပြုလုပ်ရန် မလိုတော့ပဲ မြန်မာယူနီကုဒ်စနစ်နှင့် ရေးသားထားသော စာများကို လွယ်ကူမှန်ကန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်..။

Android phones များတွင် နာမည်အကြီးဆုံးနှင့် လူသုံးအများဆုံး ဖြစ်သည့် “Samsaung” ဖုန်းများအတွက်လည်း Root access ရသည်နှင့် မော်ဒယ်နိမ့်ဖုန်းများတွင်ပါ “မြန်မာယူနီကုဒ်” ကို လွယ်ကူစွာ ထည့်သွင်းနိုင်မည့် “Font Changer Lite” apk ရရှိနေပြီဖြစ်ပါတယ်...။

** အမှားကို အမှန်ဟု ထင်မြင်စေခြင်း **

Smart Phone ဈေးကွက်တွင် Android စနစ်သုံး mobiles များက ပိုမို၍ နေရာယူထားသည်မှာ မငြင်းပယ်နိုင်ပါ။ ထို့အတွက် Android phone Brands များက ဈေးကွက် ထိုးဖောက်ရာတွင် စာသုံးသူအကြိုက်ကိုလိုက်၍ (အမှားအမှန် သူဂရုမစိုက်) ဈေးကွက်ရလာရေးအတွက် “ဇော်ဂျီဖောင့်” ကို system ထဲတွင်ထည့်သွင်းပေးလာကြသည်များ ရှိနေပါသည်။ ထိုအခါ “ဇော်ဂျီ” သည် အသိမှတ်ပြုခံရသည်ဟု end-users အများစုက ထင်မှတ်နေတတ်ကြပါသည်။ အမှန်မှာ ထိုသို့မဟုတ် မြန်မာစာစနစ် မှန်ကန်ရေးကို သူတို့ ဂရုမစိုက်၊ ဖုန်းရောင်ရရေးသာ ဦးတည်ချက်ဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။

** ဘာကြောင့် မြန်မာယူနီကုဒ်စနစ်ကို ပြောင်းသုံးသင့်သနည်း **

မြန်မာယူနီကုဒ်ကို သုံးစွဲခြင်းဖြင့် File name များကို မြန်မာလိုပေးပြီး သိမ်းထာနိုင်သလို မြန်မာလို ပြန်လည်ရှာဖွေရာတွင်လည်း မှန်ကန်တိကျလွယ်ကူစွာ ရှာတွေ့နိုင်ပါလိမ့်မည်။
လူသုံးများလှသည့် နာမည်ကြီး web browser “FireFox” တွင် မြန်မာစာစနစ်နှင့် မှန်ကန်စွာ အသုံးပြနိုင်ပြီး (မြေပုံများ၊ အြခားဘာသာ နှင့် မြန်မာဘာသာကြား အပြန်လှန် ဘာသာပြန်ဆိုမှုများကို အနီးစပ်ဆုံး ဘာသာပြန်ပေးနိုင်ခြင်း)
ယူနီကုဒ်သည် စနစ်တစ်ခု ဖြစ်သည့်အတွက် အဆိုပါ စနစ်ကို အသုံးပြုခြင်းဖြင့် ကွန်ပျုတာက မြန်မာစာကို နားလည်ပြီးသား ဖြစ်သွားစေပါသည်။ ယင်း၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ရလာဒ်ကောင်းမှာ အနာဂါတ်တွင် မြန်မာဘာသာနှင့် mobiles, computers များကို voice commend နှင့် ခိုင်းစေလာနိုင်စွမ်းများ ရှိလာပါလိမ့်မည်။
“က” ဟူသော စာလုံးကို ဇော်ဂျီနှင့် ရိုက်သည့်အခါ “u” ကိုနှိပ်ရပါသည်၊ ထိုအခါ computer screen တွင် “က” ဟုပေါ်လာသည်မှန်သော်လည်း computer က တစ်ကယ်နားလည်သည်မှာ “u” ဟုသာဖြစ်သည် “က” မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဇော်ဂျီသည် အင်္ဂလိပ်ဖောင့်တစ်ခု၏ ယူနီကုဒ်စနစ်ကို ပြုပြင်ထားခဲ့သည့်အတွက် ဖြစ်သည် ထို့ကြောင့် ဇော်ဂျီကို နိုင်ငံတစ်ကာစံချိန်စံညွှန်းအရ ယူနီကုဒ်အဖြစ် လက်မခံခဲ့ခြင်းဖြစ်သည်။
မြန်မာယူနီကုဒ်စနစ်တွင်မှု “က” အတွက် ကီးဘုတ်တွင် “u” ကိုနှိပ်ရသည်မှန်သော်လည်း computer က “က” ဟု နားလည်သွားပါသည်။

** ယူနီကုဒ်ပြောင်းရာတွင် တွေ့ကြုံရမည့် လတ်တလော အခက်အခဲ **

လူအများစုက “ဇော်ဂျီ” ကိုသာ သွင်းထားပြီး ရေးနေကြသည့်အတွက် မိမိ၏ မိသားစုများ မိတ်ဆွေများနှင့် ဆက်သွယ်ရာတွင် လတ်တလောအတွက် အခက်အခဲ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မည်။ အရေးကြီးသည်က မိမိအဆင်ပြေရေးသည် ဦးစားပေးရမည်မှာ မှန်ပါသည်၊ သို့သော်လည်း အနာဂါ အလားအလာကောင်းများအတွက် အခါအခွင့် သင့်တိုင်း ယူနီကုဒ်သို့ ကြိုးစား၍ ပြောင်းလဲစေလိုပါသည်။ မိမိ၏ အသိုင်းအဝန်းကိုလည်း ပြောင်းလဲနိုင်မည့် နည်းလမ်းများကို ပြန်လည် လက်ဆင့်ကမ်း၍ မိမိကိုယ်တိုင်က စတင်ပြောင်းလဲပါ။

ကျွန်တော်တို့ နည်းပညာ ဖြန့်ဝေသော သူများဘက်ကလည်း ယူနီကုဒ် ပြောင်းလဲ သုံးစွဲနိုင်ရေးအတွက် သိရှိသမျှကို မချွင်းမချန် ဖော်ပြပေးသွားပါမည်..။


*********************************************

iOS အသုံးပြုသူများအတွက် iPhones, iPads, ipodTouch တို့တွင် “ဇော်ဂျီ” နှင့် “ယူနီကုဒ်” နှစ်မျိုးစလုံးကို မှန်ကန်စွာ ဖတ်ရှုနိုင်မည့် “profile” လေး တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်..

ပထမဦးစွာ Settings > General > Profile ထဲရှိ “Zawgyi-One” ကို Delete အရင်လုပ်ပါ။
ထို့နောက်
ဤနရော ကိုနှိပ်ပြီး profile install ပြုလုပ်ပါ။

ယခုဆိုရင် “ဇော်ဂျီ” “ယူနီကုဒ်” ကြိုက်တာနှင့် ရေးထားသမျှကို Facebook တွင်ပါ မှန်ကန်စွာ ဖတ်ရှုနိုင်ကြပါပြီ..

** သို့ပါကြောင့် iOS အသုံးပြုသူများ အနေနှင့် ဖတ်ရတာ ပြဿနာ မရှိတော့တဲ့အတွက် ကီးဘုတ်ကို “ယူနီကုဒ်” လက်ကွက် စနစ်သာ အသုံးပြုရေးသားပြီး နည်းလမ်းမှန်ကန်သော မြန်မာစာစနစ်ဆီသို့ အပြောင်းအလဲအတွက် တစ်တပ်တစ်အား ဦးဆောင်ပါဝင်ကြပါလို့ ကျွန်တော် မေတ္တာရပ်ခံပါရစေ **

** မြန်မာယူနီကုဒ် ကီးဘုတ်သွင်းရန် **

Settings > General > Keyboard > Keyboards တွင် Add Keyboard နှိပ်ပြီး “ttKeyboard” ကို ရွေးချယ်ပါ ထို့နောက် “MyanSan” ကို “ON” ပါ။
သွင်းထားပြီးသား “Zawgyi” ကို ဘယ်ဘက်သို့ ပွတ်ဆွဲပြီး Delete လုပ်နိုင်ပါသည်။

“iOS တွေ ညီသလားဗျို့…"



Credit to : Myanmar Unicode org


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Sunday, July 5, 2015

VPN Free For Four Years

တစ်ခါတုန်းက VPN Free ရယူနည်းကို ဤနေရာတွင် ရေးပေးခဲ့ဖူးတာ မှတ်မိကြပါလိမ့်ဦးမည်... အခုတစ်ခါတော့ အမှန်တစ်ကယ် Subscription လုပ်၍ လစဉ်ကြေးဖြင့် ဝယ်ယူသုံးစွဲရသော Professional VPN တစ်ခုကို အချိန် (၄) နှစ်တာ FREE Access လုပ်နိုင်မည့် နည်းလမ်း တစ်ခုကို ထပ်မံရေးသား ဖော်ပြလိုက်ပါတယ်...

"Avast" လို့ အမည်ရတဲ့ VPN sevice တစ်ခုက လုံခြုံပြီး မြန်နှုန်းမြင့်တဲ့ VPN service ကို စ,စခြင်း ခုနှစ်ရက်ကို Trial period အဖြစ် Free သုံးခွင့်ပြုပြီး ကျော်လွန်သွားတဲ့အခါမှာတော့ လစဉ်ကြေး $2.99 ၊ နှစ်စဉ်ကြေး $19.99 နဲ့ Subscraption လုပ်ပြီး သုံးစွဲနိုင်ပါတယ်။

အဆိုပါ VPN service ကို လေးနှစ်တာ ရယူသုံးစွဲနိုင်မယ့် တရားဝင် Subscription Codes လေးများကို ဝေမျှလိုက်ပါတယ်..။ iOS, Andriod နှစ်မျိုးလုံးမှာ အလုပ်လုပ်နိုင်ပါလိမ့်မယ်...။

>> Download and Install Avast (iOS)

၁) Install လုပ်ပြီးတဲ့အခါ App ကို ဖွင့်ပြီး ပထမဦးစွာ သူ့ရဲ့ Profile ကို install လုပ်ပါ။


၂) App ရဲ့ Setting ထဲသို့ ဝင်ပြီး Subscription ကို သွားပါ။ (Trial version 7 days ကို မြင်ရပါမယ်)

၃) အောက်ဆုံးနားက "Enter a subscription code" ကို နှိပ်ပါ။


၎) အောက်ပါ Code များထဲမှ နှစ်သက်ရာ တစ်ခုကို ရိုက်သွင်းပါ။

54DUPT21LICG
48D1SEJWPTH4
U4WXUCEDOJVC
LD2VJ61YJWLZ
9TEBFXATDZXY


၅) ပြီးသွားတဲ့အခါ Subscription period ပြောင်းလဲ သွားတာကို တွေ့ရပါလိမ့်မည်။


၆) အသုံးပြုရန် iDevice Settings > VPN > Personal VPN ကို Connect လုပ်ပါ။

အဆင်ပြေချောမွေ့နိုင်ကြပါစေ...





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Saturday, June 20, 2015

Jailbraker များအတွက် Malware အန္တရာယ်

iOS Jailbreaking သည် အသုံးပြုသူများ၏ လုံခြုံမှုကို အပြည့်ဝ ယုံကြည်၍ မရသော အခြေအနေသို့ ရောက်ရှိနေပါကြောင်း သတိပြုမိနိုင်ရန် ယနေ့ အဖြစ်ပျက်က သတိပေးသွားခဲ့ပါသည်...။

Chat box မှ ညီငယ်တစ်ယောက် iCloud Activation ကျော်၍ မရသော ပြဿနာကို ဖြစ်နေကြ ပုံစံအတိုင်း second hand ပြန်ဝယ်ထားသည်ဟု ယူဆကာ မူလပိုင်ရှင်နှင့် သို့မဟုတ် ဝယ်ယူလာသော ဆိုင်နှင့် ပြန်လည် ဆက်သွယ် တာဝန်ယူခိုင်းဖို့ အကြံပေးခဲ့သော်လည်း အဖြစ်အပျက်မှာ ထိုသို့ မဟုတ်ပဲ ဒီတစ်ခါ အတော်ကြီးကို ထူးဆန်းနေပါတော့သည်...

iPhone 6Plus ကို US Store မှ အသိဖြစ်သူက ဝယ်ယူပြီး မြန်မာပြည်သို့ Apple voucher၊ မဖွင့်ရသေးသော ပါကင်ဗူး အသစ်စက်စက်နှင့် ပိုင်ရှင်လက်တွင်းသို့ ချောချောမောမော ရောက်လာပါတယ်။

မိမိ၏ Apple ID (gmail) နှင့် Activation လုပ်ခဲ့ပြီးနောက် iOS 8.1.2 ကို Jailbreak လုပ်ခါ သုံးနေခဲ့ပါတယ်။ ဒီနေ့တော့ Cydia crush ဖြစ်ပြီး iPhone ကို Restore လုပ်တဲ့အခါမှာတော့ Activation အဆင့်၊ Apple ID ထည့်ဖို့နေရာမှာ ကိုယ်မသိတဲ့ yahoo mail ကြီးက ခံနေပါတော့တယ်။

ဖုန်းပိုင်ရှင် ညီလေးဟာ Jailbreak ကိုလည်း ကိုယ်တိုင်လုပ်ခဲ့ပြီး ဖုန်းကို တစ်ခါမျှလည်း အခြားသူအား ပေးမသုံး၊ ဆိုင်လည်း မပို့ခဲ့ဘူးတာကြောင့် ဖုန်းအလုံးလိုက် လဲခံရတယ် ဆိုတာမျိုးလည်း မဖြစ်နိုင်ပါဘူး၊ စ,စခြင်း အသစ်ဗူးကို ကိုယ်တိုင်ဖေါက်ခဲ့ပြီး Activation အတွက် Apple ID ကိုလည်း ကိုယ်ပိုင် Apple ID (gmail) နဲ့ စသွင်းခဲ့တယ်လို့ ပြောတဲ့အတွက် ဒီဖုန်းအတွက် သူ့ရဲ့ Apple ID ဟာ ပထမဦးဆုံး ဖြစ်ပါတယ်။

တစ်ခုပဲ ပြောစရာ ရှိပါတယ်..။
အရင်က iCloud.com ထဲဝင်ပြီး Find My iPhone ထဲက device list ကို တစ်ခါမျှ ဝင်မစစ်ဖူးခဲ့ပါဘူး။
အခုတစ်ခါ ဝင်စစ်ကြည့်တော့ မည်သည့် Device မှ မရှိတာ တွေ့ရပါတယ်။

ဒါကြောင့်မို့ ကိုယ်ဟာ ပိုင်ရှင် အစစ်လဲ ဖြစ်တယ်၊ ကိုယ့်ရဲ့ Apple ID နဲ့လည်း Activated လုပ်ခဲ့တာ မှန်ပါရဲ့ Jailbreak လုပ်ပြီးနောက် Activation မှာ Apple ID ပြောင်းနေရခြင်းမှာ Apple ID အခိုးခံလိုက်ရတယ် (hacked) ခံလိုက်ရတယ်လို့ပဲ ကောက်ချက် ချနိုင်ပါတော့တယ်...။

(သို့သော် Apple ID နှင့် Password ကို ရသွားလို့ iCloud ကနေ iPhone ကို Remotely Removed လုပ်နိုင်ခဲ့သည် ထားဦးတော့၊ ဒီဖက်က iPhone ထဲမှာ hacker ရဲ့ Apple ID ရောက်နေဖို့ ဆိုတာကတော့ ထူးဆန်းနေဆဲပါ)


**Jailbreaker များ သတိ**

iOS 7+ နောက်ပိုင်းအတွက် Jailbrake တွေမှာ Apple ID နဲ့ password ကို ခိုးယူနိုင်တဲ့ Malware တစ်ခု ပေါ်နေပါတယ်။ ဒီ malware ကို Paloalto Networks က သတိထား တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ maleware Device ထဲကို ဘယ်လို ဝင်ရောက်လာတယ် ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်သေးပါဘူး။

AppBuyer လို့ အမည်ပေးထားတဲ့ malware ဟာ Apple ID, Password တို့ကို ခိုးယူပြီးနောက် Attacker server ပေါ်ကို ပြန်တင်တာ ဖြစ်ပါတယ်။ ဤနည်းနဲ့ Apple ရဲ့ Official App တွေကို အခိုးခံရတဲ့ ID တွေသုံးပြီး ဝယ်ယူတဲ့ ပုံစံဖန်တီးပါတယ်။

AppBuyer malware ဝင်ရောက်လာဖို့ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေကတော့ Cydia Substrate tweaks (သို့မဟုတ်) PC ကနေ jailbreak အတွက် အသုံးပြုတဲ့ utilities တွေကလည်း ဝင်ရောက်နိုင်ပါတယ်။


**Malware ရှိ/မရှိ စစ်ဆေးခြင်း**

Jailbreak iDevice များအနေနှင့် မိမိ Device ထဲတွင် malware file များ ရှိ/မရှိကို iFile အသုံးပြု၍ စစ်ဆေးနိုင်ပါသည်။
အောက်ပါ Bold လုပ်ထားသော files များကို Device အတွင်းတွင် တွေ့ရှိပါက ဖျက်ပစ်ပါ။

/system/Library/LaunchDaemons/com.archive.plist
/bin/updatesrv
/tmp/updatesrv.log
/etc/uuid
/Library/MobileSubstrate/DynamicLibraries/aid.dylib
/usr/bin/gzip

အဆိုပါဖိုင်များကို ဖျက်ပစ်သော်လည်း malware ကင်းစင်မှု ရှိ/မရှိမှာ မသေချာသေးပါချေ..။


**ကာကွယ်ရန်**

၁) ပထမဦးစွာ iCloud.com (သို့) Find My iPhone App တွင် မိမိ Apple ID နှင့် ဝင်ရောက်ပြီး Device list တွင် မိမိ၏ Device ရှိ/မရှိသေးကို အရင်စစ်ဆေးပါ။

၂) Apple ID ၏ Password ကို အသစ် ချက်ချင်းပြောင်းပါ။

၃) Device ကို iTunes နဲ့ချိပ်ပြီး iOS Update ပြုလုပ်ပါ။

Jailbreak လုပ်ထားသူများ အနေနှင့် မယုံကြည်ရသော တွေ့ရာ Sources များ၊ ထိထိရောက်ရောက် အသုံးမဝင်လှသည့် ကလိစရာ tweaks များကို အလွန်အကျွံ သွင်းယူခြင်းများကို ရှောင်ကျဉ်သင့်ပါသည်...။






အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....