သိပ်မကြာသေးခင် ကာလမှ စပြီးတော့ မြန်မာ Online Radio Station လေးတွေ အသီးသီးပေါ်လာကြတာတွေ နားဆင်မိကြမှာပေါ့ ။Online Radio Station တွေဘယ်လို အလုပ်လုပ်တယ်ဆိုတာ သိချင်ကြမှာပေါ့။ ပိုက်ဆံတစ်ပြားမှ မကုန်ပဲ မိမိတို့ ကိုယ်ပိုင် Online Radio Station လေးတစ်ခုလောက်ဆောက်ပြီး တစ်ကမ္ဘာလုံးကို မိမိလွှင့် ချင်တဲ့ အစီစဉ်လေးတွေ မလွှင့်ကြည့်ချင်ကြဘူးလား ….? ။ လွှင့်ချင်ကြတယ်ဆိုရင်တော့ အချိန် ၁၀ မိနစ် အတွင်းမှာ ကိုယ်ပိုင် Station လေး တစ်ခုဖြစ်အောင် နည်းလမ်းလေးတွေ ပြောပြပေးလိုက်ပါတယ်။
(စကားချပ်။ ။ လုပ်ပုံလုပ်နည်း အဆင့်နည်းနည်းများ လို့  အချိန်ယူပြီး တစ်ဆင့်ခြင်း လုပ်ကြည့်စေချင်ပါတယ် ၊ကြိုးစားတင်ပြ သွားပါ့မယ်။)
အရင်ဆုံး OnlineRadioStation တွေဘယ်လို အလုပ်လုပ်တယ်ဆိုတာပြောကြတာပေါ့ ။ လူတိုင်းရဲ့  PC မှာ သီချင်းတွေနားဆင်ဖို့  အတွက် music player တစ်ခုခုတော့ရှိကြတာပါပဲ (ကျွန်တော်ဆီမှာတော့ Winamp player ကို အသုံးပြုပါတယ်)။ Radio လွှင့်ကြမယ်ဆိုရင်တော့ Winamp player က မရှိမဖြစ်လိုအပ်ပါတယ် ၊ ကျွန်တော်တို့  Winamp player မှာ play လိုက်သမျှ Audio တွေကို Winamp ရဲ့  plug_in တစ်ခုရဲ့ စွမ်းဆောင်ချက်နဲ့  Server ဆီကို ပို့ လွှတ်လိုက်ပြီး (Server ဆိုတဲ့နေရာမှာ သင့်ရဲ့  PC ကိုယ်တိုင်လဲ ဖြစ်နိုင်သလို အခြားသီးသန့်  Server လဲဖြစ်နိုင်ပါတယ်) ၊ Server ကနေ တစ်ဆင့် နားဆင်သူ Listener ဆီသင့်တော်တဲ့ audio streaming format တစ်ခုအဖြစ်ပြောင်းလဲပြီး ရောက်ရှိပြီး နားဆင်နိုင်ကြတာပါ ….. ဒီနည်းနဲ့  OnlineRadioStation တွေ အလုပ်လုပ်နေကြတာပါ။
(စကားချပ်။ ။Brocasting Software တွေ အနေနဲ့  Pro အဆင့်အခြား powerful တဲ့ applications တွေအများကြီးရှိပါတယ် ဒါပေမယ့် ကျွန်တော်ကတော့ အခမဲ့သုံးနိုင်မယ့် ကျွန်တော်သိထားတဲ့ နည်းလမ်းလေးပေးသွားမှာပါ)
ကဲ့ ခုကစပြီး အတတ်နိုင်ဆုံး နားလည်အောင် ရေးပေးသွားပါ့မယ်…..
ပထဦးစွာ သင့်အနေနဲ့  Program (3) ခုလိုအပ်မှာဖြစ်ပါတယ်။
(၁) Winamp Player
(၂)ShoutCast_DSP plug_in
(၃)Listen2myradio.com (Free Server )
1) Download Programs
ဒီ programs တွေကို download ရယူရန် ဒီမှာ click နှိပ်ပါ (http://shoutcast.com) ။
Download / Be a DJ ကို click နှိပ်ပြီး Winamp player ကို ဦးစွာပထမ download လုပ်ပါ (အကယ်သင့်မှာ Winamp player မရှိပါက)
နောက်တစ်ခုကတော့  SHOUT Cast Radio DSP plug_in for windows ကို click နှိပ်ပြီး plug_in download လုပ်ပါ။
Program နှစ်ခုစလုံးကို Install လုပ်လိုက်ပါ။
2) Free Server Sign-up
Free Server တစ်ခုရယူရန် http://listen2myradio.com (click here) သို့  သွားပါ ။
ပထမဦးစွာ Sign up လုပ်ပါ။
သင်၏ mail ထဲသို့  Sign up confirmation letter ပြန်လာပါလိမ့်မယ် ၊ သူနှင့်အတူပါလာသော
link ကို နှိပ်ပြီး Log In ဝင်လိုက်ပါ ။
Log In ဝင်ပြီးပါက အောက်ပါပုံတွင်ပြထားသော here နေရာကို click နှိပ်ပါ ။
ထိုအခါ Form ပုံစံတစ်ခုကျလာပါမယ် ၊ Form ကို ပြည့်စုံစွာဖြည့်ပြီး Install ကို နှိပ်ပါ။ (ဒီနေရာမှာ တစ်ခု သတိထားပေးပါ Broadcaster Password နှင့် Admin Password ကို အတူတူပေးခြင်းဖြင့် နောက်ပိုင်းတွင် မှတ်မိလွယ်စေပါသည်။)
Install လုပ်ပြီးပါက Installtion Status menu တစ်ခုပေါ်လာပါမည် ထိုအခါ နှစ်သက်ရာ server တစ်ခုကိုရွေးပေးလိုက်ပါ။
(စကားချပ်။ ။အားလုံးပြီးသွားပြီး Radio လွှင့်ချိန်တွင် နားဆင်မရဘူးဆိုလျှင် သင်ရွေးချယ်ခဲ့သော server ကြောင့်ဖြစ်တတ်ပါတယ် ထိုအခါ အခြား server တစ်ခု ကိုပြောင်းချိပ်ကြည့်ပါ) ။
ပြီးလျှင် Radio ကို on ပေးပါ (on/off) ကိုနှိပ်ပါ။
Radio on သွားပါက စာသားများ အစိမ်းရောင်သို့ ပြောင်းသွားပြီး Radio Status : on ဟုပြနေပါမယ် ။
3) Working with Winamp plug_in
သင်၏ စက်မှ Winamp player ကို ဖွင့်ပါ ။ ထိုနောက် menu bar ရှိ Option မှ Prefrence ကို click ပေးပါ (Ctrl+P) ။ ထိုအခါ window တစ်ခုကျလာမည်။ ထို window ထဲမှ plug_ins မှ DSP/Effect ကို click ပေးပါ အောက်ပါအတိုင်းတွေ့ ရမည်။
Nullsoft SHOUTcast Source DSP v1.9.1 [dsp_se.dll] ကို click ပေးပါ။ အောက်ပါ window တစ်ခု ထပ်မံကျလာမည်။
အထက်ပါ window တွင် Output tab ကိုသွားပါ….
Address ဆိုသော အကွက်တွင် (Listen2myradio account မှ) your server ip:.... ဆိုသောနေရာမှ နံပါတ်များကို ကူးပြီးဖြည့်ပါ။
Port ဆိုသောနေရာတွင် your server port:.....နေရာမှ နံပါတ်များကို ကူးဖြည့်ပါ။
Password ဆိုသောနေရာတွင် သင်၏ Broadcaster password ကိုဖြည့်ပါ။
ထိုနောက် Encoder Tab သို့ သွားပါ....
Encorder Type နေရာတွင် MP3 Encoder ပြောင်းထားပေးပါ။
(ဤနေရာတွင် MP3 Encoder ကို ရွေးချယ်၍မရပါက ဒီမှာ .dll ဖိုင်တစ်ခုကို download လုပ်ပြီး စက်ထဲမှ Program files အောက်မှ Winamp ထဲသို့  copy ကူးလိုက်ပါ၊ အဆင်ပြေသွားပါလိမ့်မယ်) ။
Encoder setting မှန်ကန်စေရန် အထူးဂရုပြုပါ။
နောက်ဆုံးအဆင့်အဖြစ် Output tab ကိုပြန်သွားပြီး connect button ကို နှိပ်ပါ။ ဒါဆိုရင် သင်ဟာ Radio ကိုစတင်လွှင့်နေပါပြီ ၊ Winamp player မှာ သင် play သမျှအားလုံးကို သင့်မိတ်ဆွေများနှင့် တစ်ကမ္ဘာလုံးက Live နားဆင်နိုင်ပါပြီ... သင့်ရဲ့  Radio address(URL) လေးသာ mail ပို့ ပေးလိုက်တော့နော်...
ပိုပြီးရှင်းသွားအောင် video tutorial လေးပါဖော်ပြလိုက်ပါတယ်...
အားလုံးပဲ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်...
Advance
သင်ရဲ့ Radio လေးကို windowmedia player လေးနဲ့  သင့်ရဲ့  website မှာ ဒီလိုလေး တင်ထားချင်တယ်ဆိုရင်တော့ အောက်က coading လေးကို့ html ရေးဖို့ ပေးထားတဲ့နေရာလေးမှာ ကူးထည့်လိုက်ပါ။
အခုနမူနာ အနေနဲ့  အိမ်မက်လှိုင်းရဲ့  ip address အစားသွင်းပြီးဖော်ပြထားပါတယ်...play လုပ်ပြီးနားဆင်နိုင်ပါတယ်။
<embed allowscriptaccess="never" src="http://245.55.66.120:8000" autostart="false" loop="true" type="application/x-mplayer2" pluginspage="http://microsoft.com/windows/mediaplayer/en/download/" displaysize="4" autosize="-1" bgcolor="darkblue" showcontrols="true" showtracker="-1" showdisplay="0" showstatusbar="-1" videoborder3d="-1" designtimesp="5311" height="72" width="320"></embed>
အနီနှင့်ပြထားသောနေရာ မှာ server ip နှင့် sever port တို့ ကိုအစားသွင်းပေးလိုက်ပါ....
ကဲ...OnlineRadioStation တွေ အောင်မြင်ကြပါစေ... ကျွန်တော့် Radio ကတော့ ပိတ်လိုက်ပါပြီ PC ကို ၂၄နာရီ ဖွင့်ထားရတာ မချောင်ဘူးဗျ....
မိုးသိကြား
Saturday, November 28, 2009
Free OnlineRadioStation တစ်ခုဆောက်ကြမယ်
Facebook Comments
Subscribe to:
Post Comments
(
Atom
)
0 comments :
Post a Comment