Thursday, December 10, 2009

HIV 3D Animation တွင် မြန်မာပထမရ

အဟမ်း...စကားမစပ်ဗျာ...

ဒီနေ့  Myanmar Times မှာ....
London မြို့ အခြေစိုက် Standard Chartered Bank က ပံ့ပိုးပြုလုပ်သော Standard Chartered anti HIV animation ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုအောင်ရဲကျော် @ Neutron (အလုပ်သင်ဆရာဝန်) မှ ပထမဆု (US$ 5,000) ရရှိပြီး ဒုတိယဆု ကို အိန0x081ဒိယ နှင့် တတိယဆု ကို အမေရိကန် မှအသီးသီး ဆွပ်ခူးသွားကြောင်း ၄/၁၂/၀၉ ထုတ် Myanmar Times ဖော်ပြထားတယ်ဗျ။ မြန်မာတစ်ယောက်အနေနဲ့ ကျေနပ်လိုက်တာဗျာ...



အဲဒီ Animation လေးကို 3D studio Max 2008 နဲ့ ရေးဆွဲထားပြီး အချိန် စက0x081ကန့်  ၃၀ သာကြာပါတယ်၊ ဒီ အချိန်တိုလေးအတွင်းမှာ ပေးချင်တဲ့ message ကို ထိထိရောက်ရောက် ပေးနိုင်ခဲ့တဲ့ အပြင် 3D Animation မှာ လုပ်ရ ကိုင်ရ ခက်တဲ့ ရေပြင် တို့  ခန်းစီးလေးတွေ လေထဲမှာ လွင့်နေတာမျိုးလေးတွေကို သေသေသပ်သပ် ပြုလုပ်ပြသသွားတာတွေက ချီးကျူးစရာပါပဲ၊ ကျွန်တော်တို့ နိုင်ငံမှာ 3D Animation နှင့် ပက်သက်ပြီး အခြားနိုင်ငံများနှင့် နှိုင်းစာလျှင် အလွန်အားနည်းပါတယ်၊ Animation တစ်ခုဖြစ်ဖို့ ဆိုတာက အဆင့်တွေ အများကြီးပဲ 3D software skill သာမက ဖန်တီးနိုင်မှု အနုပညာ တို့  အပြင် အချိန်လည်းတော်တော်ယူရပါတယ်။ သူကိုယ်တိုင်ကလည်း ဒီ Animation လေး ပြီးသွားသည့်တိုင်အောင် ပြိုင်ပွဲဝင်ရန် Uploading ကို အကြိမ်ကြိမ် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်လို့  ပြောပြထားပါတယ် ။

အခုလိုပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်လိုသူများ အတွက် http://en.eyeka.com/ မှာ ဖိတ်ခေါ်ထားပါတယ် စိတ်ပါဝင်စားသူများ ဝင်ရာက်ယှဉ်ပြိုင်နိုင်ကြပါတယ်...

ကဲ..ကိုယ်တိုင် အားပေး ကြည့်ရှုလိုက်ကြပါဦး...



အခုလို နိုင်ငံတစ်ကာမှာ အများနဲ့ ယှဉ်ပြီး ပထမဆုရရှိတဲ့ အတွက် မြန်မာတစ်ယောက်အနေနဲ့  အလွန်ဂုဏ်ယူပါတယ်ဗျာ ။

မြန်မာတိုင်းမ်း မှ ကိုကားတင်ပြသည်...

မိုးသိကြား

Facebook Comments

0 comments :

Post a Comment