ရေးမယ် ရေးမယ်နဲ့  အပျင်းတစ်နေလိုက်တာ Post တစ်ခုနဲ့  တစ်ခုကြားမှာ အရမ်းကြာသွားတယ်ဗျာ ခွင့်လွှတ်နားလည်ပေးကြပါ အလုပ်တစ်ဖက်နဲ့ မို့  တစ်ခါတစ်ရံ blog ဘက်မလှည့် နိုင်ဘူး ဖြစ်နေတယ်
ကဲ ဒီနေ့ တော့ရေးပီဗျာ.... ဒီ Post ကတော့ Jailbreak ဖြစ်ပြီးသား iPhone တွေ အတွက်ပဲနော် Firmware 3.1.2, 3.1.3 ပဲဖြစ်ဖြစ် Firemware အားလုံးနှင့် အကြုံးဝင်ပါတယ်။
Free App နှင့် Games များ ကို Full version အနေနဲ့ ရယူသွားနိုင်ရန် နည်းလမ်းလေးပါ။
ပထမဦးစွာ သင့်ရဲ့ iPhone(3G,3Gs) သည် Jailbreak လုပ်ပီးသား ဖြစ်ရပါမယ်၊ Jailbreak လုပ်ပုံ အဆင့်ဆင့် ကို ဒီမှာ (Firmware 3.1.2 , Firmware 3.1.3 ) ပြန်လည်ဖတ်ရှုပါ။
Jailbreak ဖြစ်ပြီးသား iPhone ရဲ့ Home Screen မှာ Cydia Application ရှိနေမှာပါ။
၁) Cydia ကို ဖွင့်ပါ (iPhone Home မှာရှိပါတယ်)
၂) Manage ----> Sources ကိုသွားပါ။၃) Source ရဲ့ URL ကိုဖြည့်သွင်းမှာဖြစ်တဲ့ အတွက်
Edit ကို နှိပ်ပြီး Add ကို ထပ်နှိပ်ပေးပါ၊ ထိုအခါ URL ဖြည့်ရန် Box တစ်ခု ပေါ်လာပါမယ်
၎) Box ထဲတွင် http://cydia.hackulo.us ဟု ရိုက်ထည့်ပေးပြီး Add Source ကိုနှိပ်ပေးပါ၊
အခုဆိုရင် သင့်ရဲ့ Source မှာ Hackulo.us ဆိုပြီး အောက်ပါပုံ အတိုင်းရပါပြီ။
ပြီးရင် Done ကို နှိပ်ပါ။
၅) Search ကိုနှိပ်ပြီး Search box ထဲတွင် Installous ဟုရိုက်ထည့်ပြီးရှာပေးပါ၊
မှတ်ချက်။ ။ search box တွင် စာရိုက်နေချိန်တွင် Keyboard အလုပ်လုပ်မှုနှေးကွေးသွားမှာ ဖြစ်တဲ့ အတွက် တစ်လုံးခြင်း cursor ကို စောင့်ရိုက်ပါ။
၆) Installous ကို တွေ့ ပြီဆိုပါ က install လုပ်ပါ။ အောက်ပါပုံအတိုင်း တစ်ဆင့်ခြင်းသွားပါ။
၇) Installous install လုပ်ပြီးသွားပါက သင့် iPhone Home page မှာ အောက်ပါအတိုင်းတွေ့ ရပါမယ်။
အခုဆိုရင် Installous App လုပ်ခြင်းပြီးဆုံးပါပြီ။
၈) Installous ကို နှိပ်ပါက သင် အလိုရှိတဲ့ App တွေ Games တွေကို Free Download ရယူနိုင်ပါပြီ။
လိုချင်သော App ကို ရှာတွေ့ ပြီ ဆိုပါက ချက်ခြင်း Install မလုပ်ပဲ Download အရင်လုပ်ပါ ပြီးမှ Install လုပ်ဖို့  သတိပေးပါရစေ။
Download လုပ်ပြီးသား App တွေ ကို Installous ရဲ့  Downloads ထဲမှာ ရှိနေပါတယ်။
မှတ်ချက်။ ။ Phone ကတဆင့် download လုပ်ပါက အချို့ App များသည် နာရီနဲ့ ချီကြာတတ်ပြီး connection မကောင်းပါက ဆက်ပြီး အလုပ်မလုပ်တာမျိုး ဖြစ်တတ်တဲ့ အတွက် PC မှနေပြီး http://apptrackr.org/ တွင် Download လုပ်ခြင်းသည် အကောင်းဆုံး ဖြစ်ပါတယ်။
အရေးကြီးသော မဖြစ်မနေလုပ်ဆောင်ရမည့် အဆင့်
ယခုကဲ့သို့ သီးသန့် ရေးသားရတာကတော့ အချို့ iPhone များသည် Jailbroken လဲဖြစ်ပြီးပြီ Installous အသုံးပြုပြီးတော့လဲ App တွေ Download ချနိုင်ပါပြီ သို့ ပေမယ့် Application တွေ Run တဲ့အခါမှာ Error တတ်နေတတ်ပါတယ် ဒီပြသနာအတွက် အောက်ဖော်ပြပါ အဆင့်တစ်ခု လုပ်ရန်ကျန်ရှိနေလို့ ပါပဲ။
ကျွန်တော့်ရဲ့  post ကိုဖတ်ပြီး တစ်ဆင့်ခြင်းလုပ်ကြသူများလည်း အောက်ပါ အဆငိ့များကို မဖြစ်မနေလုပ်ဆောင်ပါ။
ကဲစလိုက်ရအောင်
၁) Home Page မှ နေ၍ Cydia သို့ သွားပါ
၂) Cydia --> Manage --> Packages သို့ သွားပါက အောက်ပါအတိုင်းတွေ့ ရပါမည်။
AppSync for OS 3.1 ကို နှိပ်ပြီး Install လုပ်ပေးလိုက်ပါ အောက်ပါ အတိုင်း အမှန်ခြစ်လေးရပြီ ဆိုရင်တော့ အားလုံးပြီးဆုံးသွားပါပြီ။
iPhone user များအားလုံး အဆင်ပြေချောမွေ့ နိုင်ပါစေ. . . .
မိုးသိကြား
Sunday, February 28, 2010
iPhone အတွက် Free Applications နှင့် Games များထည့်သွင်းနည်း
Subscribe to:
Post Comments
(
Atom
)
iphone 4 လဲအတူတူပဲလားအကိုခင်ဗျာ ကျေးဇူးပြု၍ဖြေကြားပေးပါဗျာ ကျွန်တော်တကယ်မသိလို့ ပါဗျာ ကျွန်တော့ကိုကျွန်တော့ တော်တော် ထုံ တယ်လို့ ပဲဝင်ခံချင်ပါတယ်ဗျာ
ReplyDeleteကျနော် iphone 4 ကို version 4.2.1 ကို update လုပ်လိုက်ပါတယ် ၀ယ်ဝယ်လာချင်းပါ။ ကျနော် ဖုန်းကို ဘယ်လို jailbreak လုပ်ရမလဲခင်ဗျာ..
ReplyDeleteiphone 3G နဲ တူပါသလား..
ကျွန်တော် အခုမှ သုံးဖြစ်တာကြောင့် ဆိုးကြိုးလေးပါထည့်ရေးချင်ပါတယ်..
လိုင်းနဲဝယ်ထားလို sim card မှာအနှောက်အရှက်ဖြစ်ပါသလား..
နောက် ကျွန်တော် register လုပ်တာ visa card တောင်းလို အဆင်မပြေဘူးခင်ဗျာ..
သူငယ်ချင်းတစ်ယောက်က other ပေါလာအောင် စောင့်ရမယ်လိုပြောတယ်
ဘယ်လိုဖြေရှင်းရမလဲခင်ဗျာ..
ကျနော်က singapore မှာနေပါတယ်
ကိုမိုးသကြား ...
ReplyDeleteAndroid 2.1 or 2.2 os ကိုသုံးတဲ့ smart phone တွေမှာ
မြန်မာစာ ဖတ်လို ့ရိုက်လို ့ရအောင်လုပ်လို ့ရပါသလား ?
ရတယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ ?
( For example ... HTC Desire and HTC Desire HD )
သိရင်ဖြေကြားပေးကြပါခင်ဗျာ။
လေ့လာလို ့ရမဲ့ link လေးတွေများသိရင်လဲမစပါ။
ios ကိုတော့လေ့လာလို ့ရပေမဲ့ Android ကျတော့လေ့လာလို ့မရဘူးဖြစ်နေတယ်ဗျာ။ ကျေးဇူးပါ။
အောက်ပါ link တွင်သွားရောက်ဖတ်ကြည်နိုင်ပါသည်၊သွင်းပုံသွင်းနည်းပါ
ReplyDeletescreenshot ပြထားပါတယ်
http://www.myanmartutorials.com/release/keyboard/myandroid-soft-keyboard-zawgyi-beta/
Game တွေကို download လုပ်လို့ရတယ်
ReplyDeleteappsync 3.1 လဲ အမှန်ခြစ်လေး ဖြစ်နေပါပြီ
ဒါပေမဲ့ install လုပ်တိုင်း Installation fail: invalid IPA လို့ပဲ ပြောနေပါတယ်
ဘာလိုနေတာလဲဟင်
ကူညီပါအုန်း....
installous က 4ပဲတွေ ့တယ် ပီးတော့ Appsync 4 ပဲ အမှန်ချစ်လုပ်လို ့ရတယ် home screen မှာတွေ ့တယ် installous ကိုဝင်လိုက်တော ့ api error ဆိုပီးပြတယ် ကျွန်တော် OS က 4.2.1 ပါ ... ????
ReplyDeleteinstallous က 4ပဲတွေ ့တယ် ပီးတော့ Appsync 4 ပဲ အမှန်ချစ်လုပ်လို ့ရတယ် home screen မှာတွေ ့တယ် installous ကိုဝင်လိုက်တော ့ api error api is not unavailible ဆိုပီးပြတယ် ဘာဖြစ်လို ့လဲအကို ကျွန်တော် ဖုန်းက iphone4 OS က 4.2.1 ပါ ... ????
ReplyDeleteNa o Ki: ညီလေးရေ up to date တွေက အမြဲတမ်း ထွက်နေပါတယ် ကျွန်တော်က လမ်းကြောင်းကိုပဲ ညွှန်ပြပေးတာပါ အမြဲတမ်း ဒီလိုပဲလုပ်ရမယ်လို ့မဆိုလိုပါဘူးနော်... Installous Error အတွက် ဒီမှာ http://www.moethagyar.info/2010/12/installous-ipa-error.html ဖတ်ကြည့်ပါ။
ReplyDeleteကိုမိုးသကြားရေ အားလုံး ရသွားပါတယ်ဗျာ ကျေးဇူးတင်ပါတယ်ဗျာ
ReplyDeleteကိုမိုးသကြားရေ..... ကျွန်တော်installous4ကိုinstallလုပ်လိုက်တာဖွင့်လို့လဲမရပိတ်လို့လဲမရဖြစ်နေတယ်.. ကူညီပါဦးအစ်ကိုရေ..
ReplyDeleteဖုန်းကios4.2.1
appSync os အလိုက် သွင်းပီးပီဆိုရင်တော့ ဒီဆိုဒ်လေးကိုညွန်းပရစေ http://www.pandaapp.com/ ပါ တော်တော်တော့ဆုံတယ်လို ့ထင်ပါတယ်
ReplyDeleteကိုမိုးသကြား....iphone ကနေ pc နဲ့တခြား smart phone တွေကို bluetooth ကနေ connect လုပ်လို့ရ မယ့် application လေးများမရှိဘူးလား...........
ReplyDeleteကျေးဇူးတင်ပါတယ်...ကိုမိုးသိကြားရေ...
ReplyDeleteအကို ကျွန်တော် ဖုန်းက 3G ပါ 4.2.1 ကို updateလုပ်ထားပါတယ်
ReplyDelete100MB လောက်ရှိတဲ ့game တွေကိုinstallလုပ်ပြီး 500MB ကျော်ရင်မရတော့ဘူး...အဲဒါဘာလို ့လည်း အကို ပြောပြပေးပါနော်..
အကို အစစအရာရာ အောင်မြင်ပါစေ.........
Dear Brother
ReplyDelete{Please let me know that winterboard can running on iphone 4 (4.3.3).
Remark: My one Has been done jailbreak but can not install it.
Please give advice for me Brother.
Thanks
Kyaw Kyaw
Kyaw Kyaw ရေ http://www.moethagyar.info/2011/02/iphone-themes.html မှာဖတ်ကြည့်ပါဦး.. အဆင်ပြေလောက်မယ် ထင်တာပဲ..
ReplyDeleteAlbina ရေ ကျွန်တော်တော့ မကြုံဘူးသေးဘူးဗျ၊ အခြားသိတဲ့သူ ရှိရင်လဲ ဖြေပေးလိုကကြပါဦးဗျာ...
ReplyDeletesorry အကိုရေ..ကျွန်တော်သေချာမလုပ်ကြည့်ပဲမေးလိုက်မိတယ်..ဒီလိုအကိုရ တချို ့ဖိုင်ဆိုဒ်ကြီးတဲ ့game တွေကို install လုပ်ပြီးတချို ့game တွေကို install မလုပ်ဘူး..ဥပမာ FIFA2011 လိုgame ဆိုမရဘူး.အဲလိုဖြစ်နေတာ..ကျွန်တော်က pc ကနေdownloadချပြီးitune နဲ ့install လုပ်တာပါ..
ReplyDeleteဟုတ်ပ Albina ရေ ကျွန်တော်လဲ FIFA 11 ကစားလို ့ မရသေးပါဘူး ထင်တာကတော့ Crack လုပ်ထားတဲ့ နေရာမှာ အဆင်မပြေလို ့ ထင်တာပဲ Install လုပ်ရင်ကို ကျန်ကျန် နေခဲ့တာ လက်မခံဘူးပေါဗျာ..
ReplyDeleteအဲဒီလိုမျိုးပဲ တစ်ခြား Game တွေအများကြီးရှိသေးတယ် ဥပမာ "Tom Clancy's Rainbow Six" ဆိုလဲ ဒီလိုပဲ အဆင်မပြေဘူး...
အချို ့မေးခွန်းတြွေကတော့ ကျွန်တော် ကောင်းကောင်း သဘောမပေါက်လို ့ ဘာပြန်ပြောရမှန်းကို မသိတာ...
Thanks a lot brother . Now ok
ReplyDeleteအကို ကျွန့်တော်မှာပြသနာတက်နေပြန်ပြီ phone က battery အားသွင်းလိုက်ရင် auto သူလုပ်ချင်တာ လုပ်နေတယ် battery ချိတ်ရင် lock ချထားမှရတယ် ပြီးတော့ဖုန်းက အရမ်းလေးတယ် တခုခု ဖွင့်ရင်တော်တော်နဲ့မတက်လာဘူး ပြောပြပါအုံးနော် အကို
ReplyDeleteအကို ကျွန်တော် Gameကို ကွန်ပျူတာနဲ download ချပြီး iTune ထဲကိုထည့်တာ could not be added to your iTune library because not a valid app. ဆိုပြီး error တတ်နေလိုပါ PC နဲ download ချပြီးး ဘယ်လို iphone ထဲထည့်ရတယ်ဆိုတာပြောပြပေးပါ installous ကနေပြီးဒေါင်လုပ်ချပြိး install လုပ်ရင်တော့ရပါတယ်
ReplyDeleteThanks
ကျေးဇူးတင်ပါတယ် ကိုမိုးသကြားရေ:D PC နဲ့ ဒေါင်းလုပ် လုပ်တာကို အသေးစိတ်ရေးပြီး Post တစ်ခုတင်ပေးပါလားခင်ဗျား ကျွှန်တော်ကသိပ်နားမလည်ဘူးခင်ဗျ
ReplyDeleteDownload လုပ်ပြီးသွားပြီ ဒါပေမဲ့ Install မတွေ့ဘူးဖြစ်နေတယ်ခင်ဗျ ကျွှန်တော်က iphone3Gs Version 4.1 ပါ။
ReplyDeleteInstallous 4 ပဲတွေ့လို့ အဲဒါပဲ Download လုပ်လိုက်တယ်။ကျေးဇူးပြုပြီး ကူညီပါအုံး ခင်ဗျာ။
ah ko yay game ko
ReplyDeletecomputer nae down p
bar sat lote ya ma lal ah ko
download lote p ph htel ko installl bal lo lote ya mar lal
PC နဲ့  down ထားတဲ့ App တွေကို iTunes ထဲကို Add လုပ်ပြီး ဖုန်းနဲ့  Sync လုပ်လိုက်ရင်ရပါပြီ..
Delete