"မိုးသိကြား" ဘလော့ခ် ကို စရေးခဲ့စဉ်တုန်းက ရိုးရိုး Template လေးနဲ့  စခဲ့ရာက မနေ့ ကအထိ အသုံးပြုခဲ့တဲ့ Template လေးကို ပြောင်းခဲ့ဘူးတယ် အဲဒီတုန်းကတော့ ကြိုက်လွန်းလို့  ပြောင်းခဲ့တာဆိုတော့ ဒီ Template လေးပဲသုံးတော့မယ်ဆိုပြီး ကိုယ်လုပ်ချင်တာလေးတွေကို ဟိုနေရာကရှာလိုက် ဒီနေရာကရှာလိုက်နဲ့  HTML မှာ Edit လုပ်ပြီးလျှောက်ထဲ့ခဲ့ပါတယ် တစ်ကယ်လဲ အကြာကြီးသုံးခဲ့ပါတယ်...
ဒီလိုနဲ့ ပဲ Domain ဝယ်လိုက်ပြီးတဲ့ အချိန်ကစလို့  ထိုက်ထိုက်တန်တန်လေး သုံးချင်လာတဲ့အတွက် မနေ့ ညကမှ စပြီး Template ပြောင်းလဲခဲ့ပါတယ် မနေ့ ကည ၁၁နာရီလောက်က စကိုင်လိုက်တာ ဒီနေ့ နေ့ လည်ကျမှပဲ အတော်အသင့်ပြီးစီးသွားခဲ့ပါတယ် (Design ပိုင်းအားနည်းတာလဲပါတာပေါ့) ဒါတောင်မှ လုပ်ချင်နေတာလေးတွေကျန်ပါသေးတယ် တစ်ညလုံးတစ်ချက်မှ မအိပ်လိုက်ရလို့  အခုဒီပိုစ့်ရေးနေစဉ်အတွင်းမှာပဲ အိပ်ငိုက်လျှက် မကြာခဏ စာလုံးတွေ မှားပေါင်းနေပါတယ.်....
ဘယ်လိုပဲဖြစ်ဖြစ် ခုချိန်မှာ ကျွန်တော့် Site ကိုအားပေးနေကြသော စာရှုသူများအမြင်မှာ အပြောင်းအလဲ ဖြစ်သွားလိမ့်မယ် လို့  မျှော်လင့်ပါတယ် ... ကျွန်တော် နောက်ထက် ပိုစ့်တွေ အများကြီးတင်ရန်ကျန်ပါသေးတယ် ဒီနေ့ မှာ ပြန်နိုးလာမယ်ဆိုရင်တော့ ဒီနေ့ ပဲ တင်ပေးသွားမှာပါ..... " တန်းပလိတ် အသစ်အတွက် အရမ်းမအိပ်ဖြစ်တော့၊ ဦးဏှောက်တွေလဲ ဂျမ်းပိတ်နေပြီ။"
မိုးသိကြား
Monday, November 8, 2010
အရမ်းစိတ်ညစ်တယ် တန်းပလိတ် အသစ်ရယ်
Subscribe to:
Post Comments
(
Atom
)
Take care your health!!Don't be so greedy!!!
ReplyDeleteHowever it is, thanks for your new template!!
pretty ur website..try bro
ReplyDelete