Tuesday, December 21, 2010

iPhone 5 Clone


Apple ကုမ္ပဏီက နောက်ထပ် ထွက်ပေါ်လာနိုင်တဲ့ iPhone 5 အတွက် ကြေငြာချက်တွေ Demo phone တွေဘာမှ ထွက်ရှိမလာသေးပါဘူး။ ဒါပေမယ့် အဆက်မပြတ် iPhone ကို လိုက်လံတုပနေတဲ့ တရုပ်နိုင်ငံ စက်ရုံတွေကတော့ iPhone 5 'clone' ဆိုပြီး Demo phone ထွက်ပေါ်လာပါပြီ အပြင်ပန်းအားဖြင့် iPhone နဲ့  ဆင်တူတဲ့ ဒီ'clone'ဟာ iPhone Skin ဖြစ်နေသော်လည်း Apple iOS နဲ့  အလုပ်လုပ်ဆောင်တာနဲ့  မတူပဲ Android စနစ်နဲ့  ပိုပြီးဆင်တူပါတယ်.. ဖော်ပြထားတဲ့ ပုံတွေနဲ့  ဗီဒီယိုတွေကို ကြည့်ရတာ သိပ်ပြီး မစွံပေမယ့် iPhone 3Gs ထက်အများကြီးပိုပြီး ပါးလွှာသွားတာတွေ့ ရပါမယ်..

iPhone 5 အစစ် အတွက် Demo ကတော့ နောက်ထပ် (၆)လလောက်နေရင် ထွက်ရှိလာလိမ့်မယ်လို့  မျှော်လင့်ရပါတယ်...

တရုပ်လိုနားမလည်ပေမယ့် Battery ကလဲ build-in စနစ်ဟုတ်ဟန် မတူပါဘူး... အောက်က ဗီဒီယိုလေးကို ကိုယ်တိုင် ကြည့်ပြီးတော့ပဲ ဘာသာပြန် ဆုံးဖြတ်ကြပါတော့ဗျာ..



iPhone 5 'clone' ဗီဒီယို



မိုးသိကြား

Facebook Comments

0 comments :

Post a Comment