MWC (Mobile World Congress) မှာ ကျင်းပပြုလုပ်တဲ့ "Global Mobile Awards 2011" ကို Apple က တက်ရောက်ခဲ့ခြင်းမရှိသော်လည်း Smartphones များအားလုံးကို ဖြတ်ကျော်ပြီး Apple ရဲ့  iPhone4 က "Best Mobile Device" ဆုကို ဆွတ်ခူးရယူခဲ့ပါတယ်။
"Best Mobile Device" Award ကို nominees လုပ်ရာမှာ Apple iPhone4, Samsung Galaxy S, HTC Desire, LG Optimus 7 တို့ အပြင် BlackBerry Torch 9800 တို့ ပါဝင်ခဲ့ပါတယ်။
HTC ကတော့ “Device Manufacturer of the Year” ဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
အခြားဆုရရှိသွားသူများရဲ့  စာရင်းကို ဒီမှာ အသေးစိတ် ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
iPhone4 က ဒီဆုကို ရယူဆွတ်ခူးသွားတာနဲ့  ပက်သက်လို့  အကဲဖြတ်ဒိုင်အဖွဲ့ က အခုလို ပြောကြားခဲ့ကြပါတယ်
"Great screen, sharp design, fantastic materials, and phenomenal ecosystem for app developers. In a tight race, the iPhone 4 built on the success of its predecessors to set the pace for smart phones."
Redmond Pie မှ ကောက်နှုတ်ဖော်ပြပါသည်။
မိုးသိကြား
0 comments :
Post a Comment