Thursday, April 7, 2011

iOS 4.3.1 Untethered Jailbreak

iDevice ပရိဿတ်များ အားလုံးစောင့်စားနေကြတဲ့ iOS4.3.1 အတွက် Untetheredနည်းနဲ့  Jailbreak ချနိုင်ဖို့  RedsnOw 0.9.6rc9 version ထွက်လာပါပြီ။ iPad 2 မှာတော့ အလုပ်မလုပ်သေးဘူးလို့  ပြောထားပါတယ်။
Unlock လုပ်ဖို့ လိုတဲ့သူများ အနေနဲ့  iOS 4.3.1 ကို Update မလုပ်ကြပါနဲ့ ဦး၊ Unlock မရသေးပါဘူး။
iPhone3G အတွက်လဲ ipsw မတွေ့ ဘူးဆိုတော့ 3G သမားများလည်း iOS4.3.1 ကို လက်ရှောင်ကြတာ အကောင်းဆုံးပါပဲ။

DOWNLOAD:

Redsn0w 0.9.6rc9 (Window)

Redsn0w 0.9.6rc9 (Mac)

IPSW :

# iPhone 4 (GSM)
# iPhone 3GS
# iPad
# iPod touch 3G
# iPod touch 4G

iTunes 10.2.1

လုပ်ငန်းစဉ်

အဆင့် (၁)

Desktop တွင် "Pwnage" အမည်နှင့် Folder တစ်ခုဆောက်ထားပါ။
မိမိ Device နှင့် သက်ဆိုင်ရာများကို Download လုပ်ပြီး "Pwnage" folder ထဲတွင် စုစည်းပါ။


အဆင့် (၂)

Device ကို iTunes နှင့် ချိပ်ဆက်ပြီး iTunes ကိုဖွင့်ပါ။
၁။ iTunes တွင်ပေါ်လာသော မိမိ Device ကိုရွေးပြီး "Summary" tab ကိုသွားပါ။


၂။ "Shift Key " နှင့် တွဲ၍ "Restore" button ကိုနှိပ်ပါ။
၃။ Desktop ရှိ "Pwnage" folder ထဲမှ "4.3.1 Restore Firmware ipsw" ကိုရွေးပြီး ဆက်လက် လုပ်ဆောင်ပါ။


အဆင့် (၃)

iTunes က Firmware update/restore လုပ်နေပါပြီ။ update လုပ်ပြီးသွားသောအခါ "Pwnage" folder ထဲမှ
RedsnOw ကို Run လိုက်ပါ။


အဆင့် (၄)

RedsnOw ပွင့်လာသောအခါ "Browse" ကိုနှိပ်ပါ။


အဆင့် (၅)

"Pwnage" folder ထဲမှ "4.3.1 firmware ipsw" ကိုရွေးပေးလိုက်ပြီး "Open" နှိပ်ပါ။


အဆင့် (၆)

Firmware ကို RedsnOw က verified ဖြစ်တာနဲ့  "Next" ကိုနှိပ်ပါ။



အဆင့် (၇)

အခုဆိုရင် RedsnOw က Jailbreak လုပ်ရန် စတင်လုပ်ဆောင်နေပါပြီ။


အဆင့် (၈)

Window box တစ်ခုပေါ်လာရင် " Install Cydia " ကို အမှနိခြစ်ရွေးပေးလိုက်ပြီး "Next" နှိပ်ပါ။


အဆင့် (၉)

မိမိ Device ကို PC နှင့်ချိပ်ဆက်လျှက် "Power OFF" လိုက်ပါ။ ပြီးလျှင် "Next" နှိပ်ပါ။


အဆင့် (၁၀)

RedsnOw က သင့် Device ကို DFU mode ပြောင်းရန် ညွှန်ကြားပါလိမ့်မယ် ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ။


အဆင့် (၁၁)

Device ပြန်လည် Reboot လုပ်ပါလိမ့်မည်။


အဆင့် (၁၂)

RedsnOw က "new RAM Disk and Kernel" ကို uploading လုပ်ပါလိမ့်မည်။


အဆင့် (၁၃)

အားလုံးပြီးစီးသွားချိန်မှာ RedsnOw က "Done" ဟုပေါ်လာပါက "Finish" button ကိုနှိပ်ပါ။


သင်၏ iOS4.3.1 Device ကို Untethered jailbreak အောင်မြင်စွာ ရရှိသွားပါပြီ။

video Tutorial



မိုးသိကြား


10 comments :

  1. Gevey နဲ ့ unlock 4.3.1 ရတဲ့သူများ အကြောင်းပြန်ကြပါ...........??????

    ReplyDelete
  2. It's work for me:):) I'm iPhone 4 user version iso 4.3.1
    But cannot used zawgyi font and keyboard :(:(:(

    ReplyDelete
  3. ကိုမိုးသိကြားရေ ios 4.3.1 farmware unlock ရသွားပီး ဆို ကြည့်ပါဦး
    http://iphone.pandaapp.com/news/04102011/180746099.shtml

    ReplyDelete
  4. iphone 4 baseband 01.59.00 and iphone 3G/3GS baseband 04.26.08,05.11.07,05.12.01,05.13.04 and 06.15.00 တွေဘဲ unlock ရပါသေးသည်။

    ReplyDelete
  5. 4.3.1 မှာ ဇော်ဂျီရပီလား မရသေးဘူးလား jailbreak လုုပ်ပီးတဲ့လူတွေပြောပါဦးဗျာ... မရသေးရင် မလုုပ်ပဲထားမလိုု့ပါ...

    ReplyDelete
  6. iOS 4.3.1 Untethered Jailbreak
    jailbreak လုပ်တာramdisk မှာတင်ရပ်နေတရ်။
    ဘရ်လိုဆက်လုပ်ရမလဲဆိုတာကျေးဇူးပြုပြီးဖြေကြားပေးပါ။
    iphone4
    iOS4.3.1
    firmware 04.10.01

    ReplyDelete
  7. Step 3 မြှပန်လည် စတင်လုပ်ဆောင်ပါ။

    ReplyDelete
  8. ကိုမိုးသကြား
    step 3 ကနေပြန်လုပ်တာ အကြိမ် မနည်းတော့ဘူး
    မရဘူးဖြစ်နေတယ် ။ Rmdisk မှာပဲ ရပ်နေတယ်
    ၃ တုံး ၄ တုံး ကနေဆက်မသွားတော့ဘူး......
    PH မှာတော့ hardisk ပုံလေးဘဲပေါ်နေတယ်။
    ဘရ်လိုဆက်လုပ်ရမလဲဆိုတာကျေးဇူးပြုပြီးဖြေကြားပေးပါ...အုန်း

    ReplyDelete
  9. လဝန်းညိုApril 23, 2011 at 10:34 AM

    ဇိတ်ညစ်တယ်ဗိျု့ ဒီမှာလညး် မရဝူး ပိုရှုပ်ကုန်ပြီ hard Disk ပုံလေးပေါ်လာပြီဆိုရင် ကွန်ပျူတာကနေပြီး Redsnow က Program is stop working ဆိုပြီး ပိတ်ပိတ်သွားတယ် Vista service pack 1 သုံးတာပါ။ ကြိုးစားနေတာ ဒီနေ့နဲ့ဆို တစ်ပတ်လောက် ရှိတော့မယ် နည်းလမ်းလည်း စုံပြီ ခေါငး်တွေလည်း မူးလို့ ချာလပတ်ကို ရမ်းနေတာပဲ သောက်စရာကိုမလိုဘူး။ ကျွန်တော့် Ipad ကိုက ကောငး်လွန်းအားကြီးလို့ ထင်တယ်နော်။ ဟေးဟေး ငါ့ Ipad ကအကောင်းစားကွ ဘယ်လိုမှ Jailbreak လုပ်လို့မရဘူး ဟေးဟေး ပျော်လိုက်တာ ဘယ်သူနဲ့မှ မတူတဲ့ အကောငး်စား Ipad တစ်လုံး ရထားတယ် ဟားဟား.။

    ReplyDelete
  10. redsn0w Runရင်Rmdiskပေါ်ပြီးရပ်ရပ်သွားတဲ့ဘော်ဒါတွေအတွက်ပါ။

    ၁။redsn0w.exeကိုRight-clickလုပ်.Propertiesကိုရွေးပါ။
    Compatibility Tabထဲက Run this program in compatibility mode for ဆိုတဲ့ Check Box လေးမှာအမှန်ခြစ်.
    ပြီးရင်အောက်ကရွေးစရာထဲမှာ..Windows XP(Service Park3)ကို
    ရွေးပေး.ပြီးရင် Apply လုပ်. OK လုပ်။

    ၂။redsn0wကိုRunရင်ဒီအတိုင်းDouble-Clickနဲ့မRunပဲ...
    Right-Click>Run as administrator နဲ့ Run ပါ။ User Access Control ကျလာရင် Yes ကိုရွေး။ဒါဆိုဘာ error မှမကျပဲ..jailbreak လုပ်လို့ရပါပြီ..

    ReplyDelete