iPhone နဲ့ ပက်သက်ပြီး ရေးစရာလေးတွေတော့ အများကြီးရှိနေပါသေးတယ် အချိန်ပေးဖို့  အခက်အခဲရှိနေလို့  သိပ်မရေးနိုင်ဘူး ဖြစ်နေပါတယ်.. ဒီနေ့ တော့ ပေါ့ပေါ့ပါးပါးလေး တစ်ခုလောက် တင်ပေးလိုက်ပါတယ် သိပြီးသားဖြစ်နေရင်လည်း မသိသေးသူများ အတွက် ရည်ရွယ်တယ်လို့  နားလည်ပေးကြပါ။
ကျွန်တော်တို့  အချို့ သော ဖုန်းနံပါတ်များကို ခေါ်ဆိုရာတွင် ဖုန်းခေါ်ပြီးနောက် ခတ0x081တစောင့်ဆိုင်းပြီးမှ extention (လိုင်းခွဲ နံပါတ်) များထပ်မံရိုက်ထည့်ပြီးမှ မိမိခေါ်ဆိုလိုသူနှင့် စကားပြောလို့  ရတာမျိုးတွေရှိတတ်ပါတယ်။ နိုင်ငံခြားမှာ ဆိုရင်တော့ IDD card တွေနဲ့  ခေါ်တဲ့ အခါ PinNo. ခဏခဏပြန်ရိုက် နေရတာ စိတ်မရှည်စရာပါပဲ ဒီလိုနေရာတွေမှာ တစ်ကြိမ်တစ်ခါ မှတ်သားထားရုံနဲ့  Call တစ်ကြိမ်ထဲနှိပ်ပြီး ဒီအဆင့်တွေ အားလုံးဖြတ်ကျော်သွားနိုင်ဖို့  နည်းလမ်းလေး ပေးချင်ပါတယ်....
ဤကဲ့သို့ သော ဖုန်းနံပါတ်များကို လိုင်းခွဲနံပါတ်များ (Pin No.) ပါ တစ်ပါတည်း “Contacts list” တွင် “Pause” ခံပြီး မှတ်သားထားနိုင်ပါတယ်။
မိမိ၏ Home screen ရှိ “Contacts” ထဲသို့ ဝင်ပြီး “Add New Contact (+) sign” သို့  မဟုတ် ပြင်ဆင်လိုသော contact ကိုရွေးပြီး “Edit” နှိပ်ပြီး ဖုန်းနံပါတ်များ၏ နောက်တွင် extention (လိုင်းခွဲ နံပါတ်) ထည့်သွင်းရန် ဖုန်နံပါတ်နေရာကို တစ်ချက်နှိပ်ပါ “Keypad” တက်လာပါမည်..
ဖုန်းနံပါတ်၏ နောက်ဆုံးနေရာကို ရွေးထားပြီး “Keypad” တွင် “ +*# ” ကို တစ်ချက်နှိပ်ပေးလိုက်ပါ.. (ပုံ - ၁)
ထိုအခါ “Keypad” ၏ အောက်ဆုံးတန်း အလယ်နေရာတွင် “pause” ကိုတွေ့ ပါက တစ်ချက်နှိပ်လိုက်ပါ၊ “ , “ ကော်မာ တစ်ခုရိုက်သွားပါလိမ့်မည်... (ပုံ - ၂)
ကော်မာ၏ နောက်တွင်မှ မိမိရိုက်လိုသော လိုင်းခွဲနံပါတ်ကို ရိုက်ထည့်ပြီး “Save” မှတ်ထားလိုက်ပါ။
နောက်တစ်ကြိမ် ထိုဖုန်းကို ခေါ်ဆို သောအခါ “ Contacts list “ တွင် တစ်ချက်နှိပ်လိုက်ရုံနှင့် အားလုံး အဆင်ပြေသွားပါလိမ့်မည်။
မှတ်ချက်။ ။ “ , “ ကော်မာ တစ်ခုသည် ကြားတွင်ကြာမြင့်ချိန် “၂စက0x081ကန့် ” ကို ကိုယ်စားပြုပါသည်။ ထို့ ကြောင့် ဖုန်းနံပါတ် နှင့် လိုင်းခွဲ နံပါတ်ကြား ခေါ်ဆိုချိန်ကြာလိုလျှင် “ , “ ကော်မာ များများ ခံပြီးမှတ်ထားနိုင်ပါသည်။
Wednesday, May 25, 2011
Adding PAUSE for iPhone
Subscribe to:
Post Comments
(
Atom
)
Thanks brother!
ReplyDeleteIt is very useful for me.
အကို ကျတော့် ဖုန်းက bluetooth မရတာ အဲ့တာ ဖုန်းကိုလေ unlock လုပ်ဖို့လိုသလားမသိဘူး ကျတော်လေ ငဘူuenova (or) ibluetooth (or) sweettooth ကိုတခုပီးတခု တင်ခဲ့ပီးပီ ဒါပေမယ့် တခုမှမရဘူးဖြစ်နေတယ် အဲ့တာတွေက အလုပ်မလုပ်လို့ ကျတော့်ကို တင်လို့ရမဲ့နည်းလေးတချက်လောက် ပြောပြပေးစေချင်ပါတယ် ကျတော့်ဖုန်းက 3Gs ပါ OS က 4.3.1 ပါ ကျေးဇူးတင်ပါတယ် လေးစားစွာဖြင့်
ReplyDeleteiPhone ရဲ ့ ရှိပြီးသား bluetooth က iPhone အချင်းချင်းပဲ အလုပ်လုပ်ပါတယ် အခြား bluetooth App အနေနဲ ့တော့ စိတ်ကျေနပ်စရာ ကောင်းလောက်အောင် မတွေ ့သေးပါဘူး ခင်ဗျာ။
ReplyDeleteကျေးဇူးပါအကို
ReplyDeletewhy not use "fast1818" from Singapore app store :)
ReplyDelete1818 သုံုးရာတာ အရမ်းအဆင်ပြေသွားတယ်ဗျာ။ မဟုတ်ရင် ပြန်ပြန်နိှပ်နေရတယ်။ ကျေးဇူးပါ အကို။
ReplyDelete