Saturday, July 30, 2011

iOS 4.3.5 Tethered Jailbreak


iOS 4.3.5 ထွက်ပြီတဲ့ Apple က ဟုတ်တော့ဟုတ်နေပြီ... ကဲဘာမှ ရှည်ရှည်ဝေးဝေး မရေးတော့ဘူးဗျာ.. iOS 4.3.5 Tethered Jailbreak... Tethered ဆိုရင်တော့ သဘောပေါက်တယ်နော်.... UltrasnOw နဲ ့ Unlock ချရမယ့်သူများ ဒီ RedsnOw ကို မသုံးပါနဲ ့၊ iPad 2 အတွက်လည်း support မလုပ်ပါဘူး....


** Download RedsnOw 0.9.8 b4 (Windows)
** Download RedsnOw 0.9.8 b4 (Mac)

Download iOS 4.3.5

iPhone 4 (GSM)
iPhone 3Gs
iPad 1
iPod Touch 3G
iPod Touch 4G

Download iOS 4.3.4 (လိုကိုလိုအပ်ပါတယ် Down ကြပါ)

iPhone 4 (GSM)
iPhone 3Gs
iPad 1
iPod Touch 3G
iPod Touch 4G

အဆင့်(၁) 

သင့် iTunes version 10.4 ဖြစ်ဖို ့လိုပါတယ်။ iPhone 4,3Gs,iPad,Ipod Touch 3G,4G ကို
USB ကြိုးသုံးပြီး iTunes နှင့်ချိပ်ဆက်ပြီး iOS 4.3.4 ကို Restore လုပ်ပါ။
** အကယ်၍ သင့် iDevice သည် လက်ရှိ iOS 4.3.5 ဆိုရင်တော့ ဒီအဆင့်ကို ကျော်လိုက်ပါ။ **

အဆင့်(၂)

RedsnOw ကိုဖွင့်ပြီး Browse button ကိုနှိပ်ပြီး အထက်တွင် ဒေါင်းခဲ့သော iOS 4.3.4 (4.3.5 မဟုတ်ပါ) ကို ရွေးပေးပါ။ RedsnOw က recognize ဖြစ်သွားရင် Next နှိပ်ပါ။

အဆင့်(၃) 

Install Cydia ကို အမှန်ခြစ်ရွေးပြီး Next နှိပ်ပါ။

အဆင့်(၄) 

Device ကို PC နဲ ့ချိပ်ထားပြီး Power OFF ပါ။ ပြီးရင် Next နှိပ်ပါ။

အဆင့်(၅) 

DFU mode ပြောင်းရန် ညွှန်ကြားချက် အတိုင်း လုပ်ဆောင်ပါ။

အဆင့်များ အားလုံး အောင်မြင်သွားရင်တော့ သင့် iDevice iOS 4.3.5 သည် Tethered Jailbreak ဖြစ်သွားပါပြီ။

**********************************

(REBOOT)

ဖုန်း ပြန်တတ်လာချိန်တွင် Cydia logo သည်အလုပ်မလုပ်ပဲ အဖြူရောင်သာ မြင်နေရပါမည်။
Device ကို ပြန်ပိတ်ပြီး ဖွင့်လိုက်ချိန်တွင်လည်း Apple Logo တွင် သာရပ်တန် ့နေပါလိမ့်မည်။
Tethered Jailbreak ရဲ ့ထုံးစံ အတိုင်း သင့် Device ကို အောက်ပါ အဆင့်တစဆင့် ဆက်လက် ဆောင်ရွက်ရန် ကျန်ပါသေးတယ်။

1> Device ကို PC နဲ ့ချိပ်ဆက်ပါ။
2> RedsnOw ကိုပြန်ဖွင့်ပြီး IPSW file (iOS4.3.4) ကိုရွေးပေးပါ။
3> ပြီးရင် " Just boot tethered right now and proceed " ကိုရွေးပေးလိုက်ပါ။ "Install Cydia" ကိုအမှန်ခြစ်ဖြုတ်ခဲ့ဖို ့ မမေ့ပါနှင့်



"Next" နှိပ်ပြီးနောက် Redsnow ၏ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။
အားလုံးပြီးသွားရင် "Cydia" အလုပ်လုပ်နိုင်ပါပြီ။

မှတ်ချက်။ ။ Device ကို Power Off မိခဲ့ပါက ပြန်လည် အလုပ် လုပ်နိုင်ရန် "REBOOT" အဆင့်မှ စ၍ ပြန်လည် လုပ်ဆောင်ပေးရပါမည်။

38 comments :

  1. အကိုရေ restore လုပ်ရမှာက 4.3.4 နဲ့ လုပ်ရမှာလား 4.3.5 နဲ့ restore လုပ်ရမှာလား အကို နားမလည်လို့ ရှင်းပြပေးစေချင်ပါတယ် ကျေးဇူးတင်စွာဖြင့်

    ReplyDelete
  2. အဆင့် ၂ အတွက် iOS 4.3.4 ကို RedsnOw မှာ ရွေးပေးရမှာပါ။

    ReplyDelete
  3. အကို ကျတော့် ဖုန်းက restore လုပ်တာ itune က restore လုပ်လို့မရဘူးလို့ပြောနေတယ် the iphone could not be restored. An unknown error occured (3194) လို့ပေါ်လာတယ် အကို တချက်လောက်ကျေးဇူးပြုရျ်ရှင်းပြပေးပါဦး ကျေးဇူးတင်ပါတယ် ဗျာ

    ReplyDelete
  4. အခုလက်ရှိ iPhone က 4.3.5 ဆိုရင် iTune နဲ ့ Restore လုပ်စရာမလိုဘူးလေ၊ RedsnOw ကို Run ပြီး Browse ကနေ 4.3.4 ကိုရွေးပေးပြီး iPhone ကို DFU mode ပြောင်းလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ iTunes ကိုသုံးစရာမလိုပါ။

    ReplyDelete
  5. မဟုတ်ဘူး အကို ကျတော့် iOS က 4.3.4 ပါ အဲ့တာကို ခုမှ restore လုပ်မို့ ကို အဲ့တာ error ပြနေတယ် restore မှာ အကို

    ReplyDelete
  6. ဒီလိုဆိုရင် iOS 4.3.5 ကို iTunes မှာ Update လုပ်ပြီးမှ jailbreak လုပ်ကြည့်ပါလားဗျာ... ကျွန်တော်ကတော့ Tethered ဆိုရင် ဝေးဝေးရှောင် လို ့မစမ်းကြည့်သေးပါ။

    ReplyDelete
  7. ဟုတ်တယ် အကို အကိုြေ့ာသလို အရင်ဆုံး itune အှာလဲ update လုပ်တာ ဒါပေမယ့်this iphone could not be updated.An unknown error occured 3194.လို့ဘဲပေါ်နေတယ် အကိုရာ စိတ်တော့မရှိပါနဲ့ ကျတော့်ကို ထပ်ပီးရှင်းပြပေးပါဦး ကျေးဇူးတင်စွာဖြင့်

    ReplyDelete
  8. ဟုတ်ပါပြီ... ဒါဆိုရင်တော့ iTunes ကို အောက်ပါ အဆင့်တွေ အတိုင်း Uninstall လုပ်ပါ၊ အဆင့် မကျော်ပါနဲ ့။

    ပြီးမှ iTunes အသစ်ကို Download ဆွဲပြီး install လုပ်ပါ ဒါဆိုရင် iOS 4.3.5 ပါ ပါလာပါလိမ့်မယ်..

    Use the Control Panel to uninstall iTunes and related software components in the following order:

    1. iTunes
    2. QuickTime
    3. Apple Software Update
    4. Apple Mobile Device Support
    5. Bonjour
    6. Apple Application Support

    ReplyDelete
  9. ကျေးဇူးတင်ပါတယ် အကိုရယ် ဒါပေမယ့် ထုံးစံအတိုင်း error ပေါ်နေတယ် ဒါပေမယ့် နေပါစေတော့ အကို့ကိုမေးရတာလဲ အားနာလှပါပီ :((( ကျေးဇူးတင်ပါတယ်

    ReplyDelete
  10. အကို ရသွားပါပီ ကျတော့်ကွန်မှာ အလုပ်မလုပ်ပေမယ့် သူများနေရာမှာ သွားလုပ်တာ အဆင်ပြေသွားပါပီ ကျေးဇူးတင်ပါတယ်

    ReplyDelete
  11. ကိုမိုးသကြား မြန်မာ app လေးတွေလိုချင်ပါတယ်။ ညွှန်ပေးပါဦး

    ReplyDelete
  12. အဆင်ပြေသွားတယ်ဆိုတာ သိရလို ့ ဝမ်းသာပါတယ်...

    မြန်မာ App တွေအတွက် iTunes ကိုဖွင့် iTunes Store ကိုသွားပြီး Search box မှာ Myanmar လို ့ ရိုက်ထည့်လိုက်ရင် မြန်မာ App တွေ ကျလာပါလိမ့်မယ် အချို ့ဟာတွေက Free အချို ့တွေကရောင်းပါတယ်။ ရောင်းတဲ့အထဲက တစ်ချို ့ က Installous ထဲမှာ ရှာတွေ ့နိုင်ပါတယ်..
    ဝယ်ယူအားပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ မြန်မာ Developer
    တွေရဲ ့ အားထုတ်မှုကို ပံ့ပိုးရာရောက်ပါတယ်....

    ReplyDelete
  13. ကိုမိုးသကြားရေ ကျွန်တော်တော့ version 4.3.5 ကိုလုပ်လိုက်တာ ပါ၀ါတောင်မရတော့တဲ့အဆင့်အထိဖြစ်သွားခဲ့ပါတယ် ပန်းသီးပုံပေါ်တဲ့အဆင့်အထိပဲရောက်ပြီး ဆက်မတက်ဖြစ်နေပါတယ်
    restore ပြန်လုပ်ဖို့ ကွန်ပြူတာနဲ့ဂျိုင်းတာတောင် ဖုန်းdevice ကိုကွန်ပြူတာကမသိဖြစ်နေပါတယ် 4.3.5 အတွက် ဘယ်လိုဆိုးကျိုးလေးတွေများရိှနေပါသေးသလည်းခင်ဗျာ
    ကျွန်တော်လည်းဖုန်းပြန်တက်လာဖို့ မျိုးစုံကြိုးစားခဲ့ပြီးဖြစ်ပေမယ့် မရသေးလို့ ဖြေရှင်းလို့ရမယ့်နည်းလမ်းလေးများရိှရင်ပြောပြပေးပါအုန်းလို့

    ReplyDelete
  14. ဂျေးဘရိတ်လုပ်တာကအောင်မြင်ပါတယ်။ဒါပေမယ့်cydiaကSbsettingတို့Winterboardတို့DLလုပ်တာ
    ဖုန်းကဟန်းသွားလို့အကုန်အစကပြန်လုပ်ရပါတယ်။နားမလည်လို့ကျေးဇူးပြုပြီးဖြေကြားပေးပါဦးခင်ဗျာ...
    လေးစားစွာဖြင့်...

    ReplyDelete
  15. အပေါ်ကတစ်ယောက်...
    ဖုန်းကိုကွန်ပြူတာနဲ့ချိတ်ပါ။ပြီးရင်powerခလုပ်နဲ့homeခလုပ်ကိုတပြိုင်ထဲ၁၀စက္ကန့်လောက်
    နှိပ်ထားပါ။အဲဒီမှာအိုင်ကျွန်းပုံကိုUSBနဲ့ဆက်သွယ်ဖို့အသိပေးတဲ့ပုံလေးပေါ်လာပါလိမ့်မယ်။
    ပေါ်လာရင်ဖုန်းdeviceကိုကွန်ပြူတာကသိသွားပါလိမ့်မယ်။အဲ...မလုပ်ခင်မှာနည်းနည်းလေး
    အားသွင်းထားရင်တော့အကောင်းဆုံးပါ။(ကျွန်တော်ကြုံဖူးလို့ပါ...ဆရာလုပ်သည်ဟုမထင်စေ
    ချင်ပါ)

    ReplyDelete
  16. အကိုရေ jailbreak ကလုပ်လို့တော့ရတယ် ဒါပေမယ့် cydia ကဖွင့်လိုက်ရင် ပြန်ပြုတ်ကျသွားတယ်...အကိုပြောသလိုပဲ 4.3.4 နဲ့ပဲလုပ်တာ...ကျနော့် ipad 1 က 4.3.5 ပါ...ကူညီပါအုံး...

    ReplyDelete
  17. အပေါ်က တစ်ယောက်အတွက် ကူညီပါရစေ...:)
    ပိုစ့်ထဲကအတိုင်း ကျွန်တော်လဲ4.3.4 နဲ့လုပ်တာမရလို့ 4.3.5 နဲ့လုပ်တာအဆင်ပြေသွားပါတယ်...။ အဲလိုလုပ်ကြည့်ပါ.....

    ReplyDelete
  18. ကို saiaung ပြောသလို လုပ်ကြည့်ပါတယ် ဒါပေမယ့် redsnow က 4.3.5 ကို unable to recognize လို့ပြောပါတယ်....ကူညီပါအုံး...

    ReplyDelete
  19. restore လုပ်ရင်4.3.5 နဲ့လုပ်ပြီး redsnow က 4.3.4 နဲ့လုပ်ရမှာနော်...။

    ReplyDelete
  20. ရဘူးဗျ cydia ကိုဖွင့်ရင် မရဘူး သူ့ icon ကပုံမှန်ဆို ဘူးအပွင့်ပုံစံလေး ခုက icon ကဗြောင်ကြီးဖြစ်နေတာဖွင့်လိုက်တာနဲ့ကိုမရတာ ပြီးရင် safari ပါ ဖွင့်မရတော့တာ အရင်တုန်းက ကျနော် 4.3.2 နဲ့ jail တာရတယ် ဟိုတလောက ကလိလိုက်တာစက်ကဟန်းပြီးပါဝါမတက်လို့ 4.3.5 ကိုrestore လုပ်လိုက်တာဗျာ ခုတော့အရင်ထည့်ထားတာလေးတွေပါ ထည့်မရတော့ဘူး free down ထားတာလေးတွေလေ ...စိတ်ညစ်ပါတယ် downgrade လေးဘာလေးရှိကြဘူးလား.....စိတ်ညစ်ပါတယ်ဗျာ.....ipad တီးဝိုင်းလေးတီးလို့ရတော့ဘူး...ဟင့်.....

    ReplyDelete
  21. အကိုု winko လိုုပဲညီမ iphone အလိုုဖြစ်နေတယ် safari လည်းဖွင့်လိုု ့မရဘူး cydia ဖွင့်လည်းမရဘူး cydia ဖွင့်လိုက်ရင် ပြန်ပြုတ်ကျသွားတယ် if anyone know,pls help me ?? plzzzzz...:(

    ReplyDelete
  22. အပေါ်က၂ယောက်အတွက်...
    cydiaနဲ့safariအလုပ်မလုပ်တာနောက်တစ်ဆင့်ကျန်သေးလို့ပါ။
    ဖုန်းကိုကွန်ပြူတာနဲ့ချိပ်ပါ။RedsnOwကိုဖွင့်ပြီး4.3.4ကိုတင်လိုက်ပါ။ပြီးရင်
    Just boot tethered right now and proceedကိုအမှန်ခြစ်လုပ်ပေးလိုက်ပါ။
    ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ပါ။ပြီးသွားရင်နာနတ်သီးပုံလေးပေါ်လာပါလိမ့်မယ်။
    အောင်မြင်သွားရင်cydiaဗြောင်ကြီးမဟုတ်ပဲမြင်နေကျပုံစံလေးဖြစ်သွားပါလိမ့်မယ်။
    အားလုံးအဆင်ပြေနိုင်ကြပါစေ...

    ReplyDelete
  23. ကျေးဇူးပဲ ကိုမျိုးဝင်းသူရရေ ...ရသွားပြီ ဒါပေမယ့် power off ပြီးပြန်တာမလာလို့ restore ပြန်လုပ်ပြီး ပြန် jail လိုက်ရတယ်နှစ်ခါပြန်လေးဖြစ်သွားတယ် ဟဲဟဲ..တော်ပြီ power ပိတ်တော့ဘူး ...အဲကောင်တော်တော်ဆိုးတယ်....ဒီနေ့ရုံးပိတ်တာ..သူနဲ့ပဲအချိန်ကုန်သွားတယ်...ကျေးဇူးပဲအကိုရေ....

    ReplyDelete
  24. အစ်ကိုရေ..ကျွှန်တော်ကျတော့တစ်မူှိးဗျာ....cyidia install လုပ်တယ့်..
    နောက်ပြီးJust boot tethered right now and proceed ကိုလည်းလုပ်တယ်....iTuneနဲ ့ချိတ်ပြီးappသွင်းရင်မရဘူးဗျာ....
    ဘာမှားနေလို ့လည်းမသိဘူး...ကျေူဇူးပြုပါ..ခင်ဗျား

    ReplyDelete
  25. ZawGyi Font ကောဘာကိုသုံးရမလဲ ပြောပြပါအုံးအကိုရေ....အရင်တခေါက်လုပ်တုန်းကတော့အဆင်ပြေသွားတယ် အခုပြန်လုပ်တာ မရဘူးဖြစ်နေလို့ပါ...

    ReplyDelete
  26. cydia ကတော့ ၀င်ပါတယ်..အဖြူကြီးဖြစ်နေတယ်
    ဘာမှမမြင်ရဘူးးအဲဒါဘာလို့လဲမသိဘူး
    သိတဲ့သူတွေရှိရင် ကူညီကြပါအုံး

    ReplyDelete
  27. jailbreak ကို 4.3.5 နဲ့ လုပ်လို့ရပါတယ် redsnow 0.9.8b7 နဲ့ 4.3.5 update file ကိုထဲ့ပြီး jailbreak လုပ်လို့ရပါတယ်.ပထမ Cydia ကို install လုပ်ပြီး .ဒုတိယ just boot လုပ်ပါ. တတိယ cydia ကို open ပြီး installous ကို download ရယူပါ. installous က မ paw ရင် just boot ကို ဒုတိယ တစ်ခါ ထပ် လုပ်ပါ installous paw လာပါမည်.power က ပိတ် လို့မရပါဘူး.ကျွန်တော်က iphone4 ကို 4.3.5.jailbreak နဲ့ power မပိတ်ပဲ သုံး ပါတယ်.

    ReplyDelete
  28. ကျွန်ေတော်ပြောတာ မှားတာရှိရင်လည်း ခွင့်လွတ်ပါ.

    ReplyDelete
  29. အကို မိုးသိကြားကျေးဇူးပြုပြီးကျွန်တော်ကို iphone3gs ios 4.3.5ကို Jailbreak လုပ်နည်းတခေါက်လောက်ထက်ရှင်ပြပေးပါလာ အခုကျွန်တော်လုပ်ထားတဲ့ Jailbreak ကအကိုပြောသလို iso 4.3.5 ကိုကျွန်တော် 4.3.4 နဲ့လုပ်တာအားလုံးအဆင်ပြေပါတယ်အကို ဒါမဲ့ ကျွန်တော် ဖုန်းက power off ပြီးပြန် on လိုက်တယ်ပြီးတော့ cydia run လိုမရတော့ဘူး power မပိက်ခင်ကတော့ run လိုရတယ် အကို ရတယ်ပေမဲ့လည်း cydia ကဘာ themes ကိုမှ install လုပ်လိုမရဘူး reboot တက်လာလိုနှိပ်လိုက်ရင် ဖုန်းကျသွားတယ်ပြန်တက်လာတော့ apple မှာပဲရပ်နေတယ်ဆက်မသွားတော့ဘူး အဲတာနဲ့ ကျွန်တော် restore ပြန်လုပ်တာ ၃/၄ ခေါက်ရှိသွားပြီး အကို ကျေးဇူးပြုပြီးတခေါက်လောက်ထက်ရှင်ပြပေးပါအကို ကျေးဇူးတင်ပါတယ်

    ReplyDelete
  30. ညီလေး မျိုးသူအောင်... အခု JB လုပ်တဲ့နည်းကို Tethered JB လို ့ခေါ်တယ်၊ ဒီလို JB မျိုးက Device ကို Power OFF လို ့ မရဘူး အကယ်၍ Off သွားခဲ့လို ့ ပြန်ဖွင့်လိုက်ရင်လဲ အလိုလိုပြန်တက်မလာပဲ Apple logo မှာတင် ရပ်နေတတ်တယ်၊ ဒီအခါမှာ ဖုန်းကို PC နဲ ့ပြန်ချိပ်ပြီး အပေါ်က post မှာ Reboot (စတားအပြာလေးများ) အောက်နေရာက အဆင့်တွေ အတိုင်း ပြန်လုပ်မှ ဖုန်းပြန်တက်လာပါလိမ့်မယ်.. ဖုန်း power off သွားတိုင်း ဒီလိုပဲ အမြဲ ပြန် နှိုးနေရမှာ ဖြစ်လို ့ power off မဖြစ်အောင် သတိထားပါ။

    ReplyDelete
  31. ဟုတ်ခဲ့အကိုမိုးသိကြားအခုအားလုံးအဆင်ပြေသွားပါပြီး အကိုအသစ်တင်လိုက်တဲ့ RedsnOw 0.9.9b1(New Version) နဲ့ကျွန်တော် Jailbreak ထက်ချလိုက် ok သွားပြီးအကို power off လိုရပြီး on လိုလည်းရပြီးအကို cydia မကျတော့ဘူးအကို အကိုမိုးသိကြားကိုလေးစားစွာကျေးဇူးတင်တယ်ဗျာ....

    ReplyDelete
  32. အကို မိုးသိကြားကို အရမ်းကျေးဇူးတင်ပါတယ်။ သမီး device က 4.3.5
    ဖြစ်နေတာ ဘယ်လိုမှ Jailbreak လုပ်လို ့မရတာ အကို ညွှန်ကြားတိုင်းအတိုင်းလိုက်လုပ်တာ အခု မြန်မာစာဖတ်လို ့ရနေပါပြီ။
    ကျေးဇူးတင်လေးစားစွာဖြင့်

    ReplyDelete
  33. Hi bro, pls help me. i am jailbreked alredy by ios4.3.5 / but i can't install http://cydia.hackluo.us(installous). pls help me & thanks alot to you. i am post from myanmar.

    ReplyDelete
  34. source name မှားနေတယ် ထင်တယ် အမှန်က " http://cydia.hackulo.us " ဖြစ်ရမှာ...

    ReplyDelete
  35. thanks ko gyi .

    ReplyDelete
  36. This post has been removed by the author.

    ReplyDelete
  37. how can I install Zawgyi font and keyboard for iOS 4.3.5 please?

    ReplyDelete
  38. i phone 3G version 4.3 ကို jailbreak လုပ်လို့ရနိုင်မလား။သိချင်လို့ပါ။မရနိုင်ရင်အဆင်ပြေမည့် version ကိုသိပါရစေ၊

    ReplyDelete