Siri App ကို iPhone 4 တွင် ယခင်က GUI (Graphic User Interface) အဖြစ်နှင့်သာ မြင်သာမြင် မကြင်ရ အနေအထားနဲ့  ရှိနေခဲ့ကြရမှ ယခုမှာတော့ Siri App ကို လုံးဝ အသုံးပြုနိုင်တဲ့ အနေအထားရှိသွားပါပြီ။
Siri ရဲ့  လုပ်ဆောင်နိုင်မှုတွေ အားလုံးကို iPhone 4 မှာ အသုံးပြုနိုင်အောင် ဖန်တီးပေးခဲ့တာကတော့ CD-Team လို့ အမည်ရတဲ့ တရုပ်နည်းပညာရှင် အဖွဲ့ ပဲဖြစ်ပါတယ်။ သူတို့ အဖွဲ့ က ထုတ်ပေးလိုက်တဲ့ H1Siri လို့ အမည်ပေးထားတဲ့ Cydia Tweak ကို Install လုပ်ပေးလိုက်ရုံနဲ့  Apple Servers ကို ချိပ်ဆက်သွားပြီး Siri App အလုပ်လုပ်နိုင်ပါပြီ။
ယခု H1Siri ကို iOS 5 နှင့် အထက် သုံးနေကြတဲ့ iPhone 4 (GSM/CDMA), iPod Touch 4G တို့ မှာသာ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။
အောက်ပါအတိုင်း Install လုပ်နိုင်ပါပြီ။
အဆင့် - ၁ : iOS 5 / 5.0.1 သုံးထားတဲ့ သင့်ရဲ့  iPhone 4 (သို့ ) iPod Touch 4G ကို ဦးစွာ Jailbreak လုပ်ရန် လိုအပ်ပါသည်။
>> iOS 5 Jailbreak
>> iOS 5.0.1 Jailbreak
Jailbreak လုပ်ပြီးသားဖြစ်ပါက ယခုအဆင့်ကို ကျော်လိုက်ပါ။
အဆင့် - ၂ : Cydia -> Sources -> Edit -> Add ကိုနှိပ်ပြီး http://www.cydia.be (သို့ ) http://cydia.myrepospace.com/H1Siri/ ကို ရိုက်သွင်းလိုက်ပါ။
အဆင့် - ၃ : Search ကို နှိပ်ပြီး H1Siri ဟုရိုက်ရှာပြီး Install လုပ်ပါ။ ပြီးရင် Device ကို Reboot လုပ်ပါ။
အဆင့် - ၄ : Home screen ရှိ Setting -> General -> Siri ကို "ON" ပေးလိုက်ပါ။
အဆင့် - ၅ : Home button ကို အနည်းငယ် ဖိနှိပ်ထားပါ၊ Siri အလုပ်လုပ်လာပါက Speak ကို နှိပ်ပြီး သုံးနိုင်ပါပြီ။
Siri ကို မျှော်နေကြတဲ့ ပရိဿတ်ကြီး အဆင်ပြေပြေ သုံးနိုင်ကြပါစေ....
ဒါနဲ့ ကိုမိုးသကြား ios5 မှာမြန်မာလက်ကွက်မရသေးဘူးလား?ရရင်လည်းပြောပါဦးနော်...
ReplyDeleteရဘူးဗျ ကိုမိုးသကြားရ...http://www.cydia.be (သို ့) http://cydia.myrepospace.com/H1Siri/ ကို ရိုက်သွင်းလိုက်တာတော့ ရတယ်.......Search ထဲက H1Siri ကိုရှာတာ မတွေ့ဘူးဖြစ်နေတယ်.......ဖုန်းက iphone4 iOS 5 ပါ...General ထဲမှာလည်း Siri ကိုမတွေ့ဘူးဖြစ်နေတယ်......အကြံဉာဏ်လေး ပေးပါအုံးနော်......
ReplyDeleteဟုတ်ကဲ့ပါဗျာ... ကျွန်တော် အလုပ်များနေလို ့ ဒီအကြောင်းကို ရေးဖို ့ ၃ရက်လောက် နောက်ကျနေခဲ့တာပါ။
ReplyDeleteအခုတော့ စိတ်မကောင်းပါဘူး H1Siri ကို illegal issues ဆိုပြီး ဖယ်ရှားခံလိုက်ရပါပြီ၊ ဒါကြောင့် ရှာမတွေ ့ကြတော့တာပါ။
This post has been removed by the author.
ReplyDeleteဟာ...ဒါဆို ကျနော်တို့နောက်ကျ သွားပြီပေါ့.
ReplyDeleteThis post has been removed by the author.
ReplyDeleteThis post has been removed by the author.
ReplyDeleteကျန်တာတွေအားလုံုးအဆင်ပြေတယ်... စကားပြောတော့မှ Sorry, I'm having trouble connecting to the network.
ReplyDeleteand
Sorry, I'm not able to connect right now. အဲ့ဒီလိုုတွေပြောတယ်ဗျ...ဘယ်လိုု fix လဲ သိရင်ပြောကြပါဦး ကျနော်တော့ မနေ့က တစ်ညလုံုးမအိပ်လိုုက်ရဘူး..း(
H1siri ကိုုလိုုချင်တယ်ဆိုုရင်တော့ Cyida မှာ http://cydia.iphonetweak.fr/ ကိုု အတ်ပါ.. အဲ့ဒါအတ်ပြီး H1siri ကိုုရှာပြီးဒေါင်းလိုုက်ပါ..100mb လောက်တော့ရှိတယ်..
ReplyDeleteကျေးဇူး..
cydia မှာ Siri ၄ ခုရှိပါတယ်.အကုန်အတူတူပါပဲ.ကံမကောင်းရင် setting ပါ ပျောက်သွားနိုင်ပါတယ်.h1siri က နောက်ဆုံးမှပေါါ်တာပါ.
ReplyDeleteThis comment has been removed by the author.
Deleteအစ်ကိုရေ သုံးလို့မရဘူးဖြစ်နေတယ်... Cydia ကနေ add ထည့်ပြီးပြီ ဒါပေမဲ့ install လုပ်ဖို့လေ search သွားရှာတာ မရဘူးဖြစ်နေတယ်... ကူညီပါဦးဗျား...
ReplyDeleteမတွေ့ ရင်လဲ မလုပ်တာကောင်းပါတယ်အစ်ကို H1siri ဒေါင်းလို့ရလဲ siri ကအလုပ်မလုပ်သေးပါဘူး..Sorry, I'm having trouble connecting to the network အဲ့ဒီလိုပဲပြောလိမ့်မယ်.. အဲ့ဒီပြသနာကနေ ကျော်တဲ့လူမတွေ့ သေးဘူး.. ကျနော်လဲ သတိထားနေရက်က အကုန်ပျောက်သွားလို့ ရီစတိုးပြန်လုပ်ရတာ ၂ ခါရှိပြီ.. ကျနော်နေ့တိုင်းရှာပါတယ် အဆင်ပြေပြီဆိုတာနဲ့ လာပြောမယ်...
ReplyDeletesetting မှာဘာမှမမြင်ရတော့ဘူးပျောက်သွားတယ်ဘယ်လိုပြန်လုပ်ရမလဲ.ကူညီပါအုံးဗျာ.
ReplyDelete