Wednesday, May 30, 2012

iOS 5.1.1 အတွက် MMKeyboard အသစ်ရရှိ

iOS 5.1.1 အတွက် ဇော်ဂျီလက်ကွက်ကို ကိုမိုးဇက် က မနေ့ က Update လုပ်ပေးလိုက်ပြီ ဖြစ်လို့  မြန်မာလက်ကွက်မှာ ဘာပြဿနာမှ မတွေ့ ရတော့ပဲ စိတ်ချမ်းချမ်းသာသာ သုံးနိုင်ကြပါပြီ။ အရင် Cydia ထဲမှာ cydia.macforus.com ကို သွင်းထားပြီးသားသူများ အနေနဲ့  အဲဒီ Source ကို Delete လုပ်ပြီးမှ http://cydia.macforus.com ကို အသစ်ပြန်လည် Add ကြပါ။

ကိုစေတန်က macforus.com Source ထဲမှာရှိတဲ့ အသုံးမပြုတော့သော Package အဟောင်းများကို ဖယ်ထုတ်ပစ်လိုက်ပြီး လက်ရှိ အသုံးဝင်တဲ့ Package အသစ်များကို ထပ်မံထည့်သွင်းပေးခဲ့ပါတယ်။ ယခင်က MMKeyboard for iOS 5 နေရာမှာ "MMKeyboard for iOS5+" ကို အသစ်မြင်တွေ့ ရမှာဖြစ်ပါတယ်။


Installation:

၁) ပထမဦးစွာ Zawgyi iOS 4.3 Font ကို Install အရင်လုပ်ပါ။

၂) ဒုတိယအနေနဲ့  MMKeyboard for iOS5+ ကို Install လုပ်ပါ။

၃) Settings -> General -> International -> keyboards -> Add New Keyboard -> Czech ကိုရွေးပေးလိုက်ပါ။


Deb file ကို Download ချ သိမ်းထားလိုသူများအတွက်

>> Zawgyi iOS 4.3 Font

>> MyanmarKeyboard for iOS5+

Download link များကို ကိုစေတန် ထံမှ ရယူမျှဝေပါသည်....။
မနေ့ တုန်းထဲက Connection မရ၍ သတင်း အနည်းငယ် နောက်ကျသွားပါသည်။ ကျွန်တော့် မိတ်ဆွေများလည်း သိပြီးလောက်ကြရော့ပေါ့....


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

18 comments :

  1. DEB file ကို ပါ ထည့်ပေးထားတာဆိုတော့ တော်တော်မိုက်သွားပြီ...
    ကော်နက်ရှင်မလိုတော့ဘူးပေါ့...အမြဲအားပေးနေပါတယ်

    ReplyDelete
  2. ကျေးဇူးအထူးတင်ပါတယ် ကိုမိုးသကြားရေ..

    ReplyDelete
  3. ကိုမိုးသိကြား ခင်ဗျာ... ကိုမိုးဇက်ကို ပြောပြပေးပါဦး ခင်ဗျာ.... ကျွန်တော့်ကို cydia က update လုပ်ခိုင်းလို့ ကျွန်တော် ကီးဘုတ်ကို update လုပ်လိုက်တဲ့ အခါမှာ ပထမ ကီးဘုတ်နဲ့ မတူပဲပြောင်းသွားပါတယ်... အခု ကီးဘုတ်မှာ ' ၍ ' မပါတော့ပါ... ပြင်ဆင်၍ ထည့်ပေးစေချင်ပါတယ်... ကျေးဇူးတင်ပါတယ် ခင်ဗျာ...

    ReplyDelete
  4. အိုင်ဖုံး (၄) မှာ ဖုံးပြောရင်း ရကော့လုပ်လို့ ရမယ့် ဆောဝဲလေးလိုချင်ပါတယ်။ နိုကီရာဖုံးတွေမှာဆိုရင် အလိုလို ပါလာပါတယ်။ အခု အိုင်ဖုံးမှာကြတော့ ရကော့ဒင်း မပါလို့ပါ။ ကျွန်တော်အတွက် လိုအပ်နေပါတယ်ခင်ဗျာ..
    ကူညီပေးစေချင်ပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
    ကိုဟိန်းတင့်ဇော်

    ReplyDelete
    Replies
    1. ရှိတော့ရှိပါတယ် ဒါပေမယ့် Free က ခဏလေးပဲ ရပါလိမ့်မယ်။ REC လုပ်တဲ့ အချိန်ပိုင်းပေါ် မူတည်ပြီး ပိုက်ဆံပေးရပါလိမ့်မယ်။
      Totally Free App ကတော့ ခုချိန်ထိ လုံးဝ မရှိသေးပါဘူး။
      http://appadvice.com/appguides/show/call-recording နေရာမှာ လေ့လာနိုင်ပါတယ်။

      Delete
    2. ကိုမိုးသကြားရော ကျနော့ ipad 2 ကို 511 update လုပ်ပြီး JB လုပ်တာအဆင်ပြေပါတယ် ပြီးတော့ zawgyi keyboard ကို update လုပ်လိုက်တာ ကီးဘုတ်က ပျောက်ပျောက်သွားတယ် ပေါ်လာရင်လည်း မြန်မာလိုမပေါ်ဘူး E လိုပဲပေါ်တယ် ကျနော်ဖြုတ်ပြီး ပြန်စမ်းလည်းမရဘူးဗျ ဘာဖြစ်နေလဲတော့မသိဘူး ကူညီပါဦး ကီးဘုတ်ချိန်လိုက်ရင် space bar ပေါ်မှာ အရင်လို zawgyi လို့မပေါ်ပဲ မြန်မာစာ ဆိုပြီးပေါ်တယ် ရေးလို့တော့ရတယ် ဒါပေမယ့် အကုန်မရဘူး ဥပမာရရစ်အသေးရတယ် အကြီးရေးလို့မရဘူး

      Delete
  5. ဆိုက်ထံမှာ အခု ဘယ်သူများရှိနေလဲ ခင်ဗျာ ကယ်ကြပါဦး
    iphone 4.21 ကို ခုလေးတင် pass code လုပ်တယ် မေ့သွားပြီ ...
    မှားရင် 1မိန်စ် 5 မိန်စိ ကနေ ခု 1နာရီစောင့်နေရပြီ
    ဖုန်းလော့တောင်အကျမခံဘူး ဖွင့်ဖွင့်ပေးနေရတယ် လော့ကျရင် အဲ့ဒီံpass Code ဖြစ်မှာဆိုးလို့ ပိတ်လဲ မပိတ်ရဲဘူး ကယ်ကြပါ ကိုမိုးသကြားေ၇ ...ခု၇ှိနေလား
    ကယ်ကြပါဦး
    ကယ်ကြပါဦး
    ကယ်ကြပါဦး
    ကယ်ကြပါဦး
    ကယ်ကြပါဦး ဗျာ ........

    ReplyDelete
  6. ဆိုက်ထံမှာ အခု ဘယ်သူများရှိနေလဲ ခင်ဗျာ ကယ်ကြပါဦး
    iphone 4.21 ကို ခုလေးတင် pass code လုပ်တယ် မေ့သွားပြီ ...
    မှားရင် 1မိန်စ် 5 မိန်စိ ကနေ ခု 1နာရီစောင့်နေရပြီ
    ဖုန်းလော့တောင်အကျမခံဘူး ဖွင့်ဖွင့်ပေးနေရတယ် လော့ကျရင် အဲ့ဒီံpass Code ဖြစ်မှာဆိုးလို့ ပိတ်လဲ မပိတ်ရဲဘူး ကယ်ကြပါ ကိုမိုးသကြားရေ ...ခု၇ှိနေလား
    ကယ်ကြပါဦး
    ကယ်ကြပါဦး
    ကယ်ကြပါဦး
    ကယ်ကြပါဦး
    ကယ်ကြပါဦး ဗျာ ........

    ReplyDelete
  7. ဟင့် ကယ်ကြပါဦးဗျာ ဖုန်းကတ်ဖိုးတောင်$$$$မရှိလို့မဖြည့်ပါဘူးဆို နေ ဒီ ဖုန်းကတော့ ကလိလွန်သွားပြီး တိုင်လာပတ်နေပီဗျာ ....
    ဟင့် ပြင်ဆိုင်သွားဖို့ကလဲ $$$$မရှိလို့ ကယ်ကြပါဦးဗျာ.......

    ReplyDelete
  8. ကိုမိုးသိကြားရေ ကိုစေတန်က အသုံးမပြုတော့တဲ့ package အဟောင်းတွေကို ထုတ်လိုက်တယ်ဆိုတော့ uninstaller ပါ ပါသွားတယ် အဲတော့ နောက် အကြောင်းအမျိုးမျိုးကြောင့် မြန်မာစာကိုထုတ်ချင်တယ်ဆိုရင် ဖုန်းက restore ပြန်လုပ်ရမှာပေါ့နော်

    ReplyDelete
  9. When I install Myanmar 3 in my MacBook Pro, I can not see Myanmar font Zawgyi in FB and G mail. PreviouslyI installed only Zawgyi in my computer. What am I going to do if I want Myanmar Zawgyi Font be seen again in FB n Gmail. ?

    Maung Myo Oo

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. အကို အခုတင်ထားတဲ့ IOS 5.11 က 4 s အတွက်ကောအဆင်ပြေလား လုပ်ရမှာကြောက်နေလို့ပါ အရင်တခါဖြစ်ဘူးထားတော့ အဒါလေးပြောပြပါအုံး ............... တင်ပေးတာကျေးဇူးတင်ပါတယ်

    ReplyDelete
    Replies
    1. အဆင်ပြေပါတယ်ဗျာ...

      Delete
  12. thank a lot for i can enjoy i waiting for u r new one

    ReplyDelete
  13. ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    ReplyDelete