အလွန် မင်္ဂလာရှိတဲ့ နေ့ လေးတစ်နေ့ ပါပဲဗျာ။ iOS 5.1 ကစပြီး အချိန်အတော် ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတဲ့ Untethered Jailbreak ကို iOS 5.1.1 ကြမှ ရရှိခဲ့ပါပြီ။ Jailbreak Tool အသစ်တစ်ခု ဖြစ်တဲ့ Absinthe 2.0 က သင့်ရဲ့  iOS 5.1.1 Device ကို အလွယ်ကူဆုံး Untethered Jailbreak ပြုလုပ်ပေးနိုင်ပါပြီ။
Absinthe က Untethered Jailbreak ပြုလုပ်ပေးနိုင်မယ့် iDevice များကတော့
>> iPhone 4S
>> iPhone 4
>> iPhone 3GS
>> New iPad (3rd gen)
>> iPad 2
>> iPad 1
>> iPod touch 3G
>> iPod touch 4G
>> Apple TV 2G
ပထမဦးစွာ သင်၏ Device ကို iOS 5.1.1 သို့  update လုပ်ပါ။ Update ဖြစ်ပြီးသား ဖြစ်နေပါက ဤအဆင့်ကို ကျော်လိုက်ပါ။
Warning !!!!
iPhone 4 (GSM) အသုံးပြုသူများ iTunes မှ နေ၍ တိုက်ရိုက် Update မလုပ်ပါနှင့် အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုပါ။
Download
>> Absinthe 2.0.1 (Windows)
>> Absinthe 2.0.4 (Windows , Mac)
အဆင့် ၁)
Download ရယူခဲ့သော Absinthe-win- 2.0.exe file ကို Right click ခေါက်ပြီး Run as Administrator ကို ရွေးပေးလိုက်ပါ၊ ထိုအခါ file များကို Auto extract လုပ်သွားပါမည်။ ထိုနောက် Desktopပေါ်တင် Absinthe -win-2.0 folder တစ်ခု ရရှိလာပါလိမ့်မည်။
အဆင့် ၂)
Desktop ပေါ်တွင် ရရှိလာသော Absinthe-win-2.0 folder တွင်းမှ absinthe.exe icon ကို Right click ခေါက်၍ Run as Administrator ပေးလိုက်ပါ။ ယင်း .exe file သည်သာ တစ်ကယ် အလုပ်လုပ်ဆောင် ပေးမည့် file ဖြစ်သည်။
အဆင့် ၃)
IOS 5.1.1 Device ကို PC နှင့် ချိပ်ဆက်ပေးလိုက်ပါ၊ Absinthe က မှန်ကန်မှု ရှိ မရှိ verify လုပ်ပါလိမ့်မည်။
အဆင့် ၄)
Absinthe တွင် ပါရှိသော Jailbreak button ကိုနှိပ်ပေးလိုက်ပါ။ အလိုလျှောက် အလုပ်လုပ်နေတာကို Progress bar တွင်မြင်တွေ့ ရပါမည်။
အဆင့် ၅)
Device တွင် ပုံမှန်အတိုင် Restore လုပ်သကဲ့သို့ Restoring progress ပြနေပါမည်။
အဆင့် ၆)
Restore လုပ်ငန်းစဉ် ပြီးဆုံးသွားပါက အလိုလျှောက် Reboot လုပ်ပြီးနောက် Device ၏ Home screen တွင် Cydia icon လေးကိုတွေ့ မြင်ရပါမည်။
အဆင့် ၇)
Absinthe က process is complete လို့ ပြောတာနဲ့  Device ကို PC နဲ့  ချိပ်ဆက်ထားရာက ဖြုတ်လိုက်နိုင်ပါပြီ။
အဆင့် ၈)
Cydia icon လေးကိုနှိပ်လိုက်ပြီး ပထမဆုံး အနေနှင့် Configure ပေးလုပ်လိုက်ပါ။
အခုဆိုရင် iOS 5.1.1 Untether jailbreak ကိုအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါပြီ။
Video Tutorial
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
ကိုမိုးသိကြားရေ
ReplyDeleteAbsinthe 2.0.1 က Download လုပ်တာရော၊ Run တာရော အဆင်ပြေပေမဲ့ Windows အတွက်ဆိုရင်
Jailbreak Progress Bar တစ်ဝက်လောက်မှာ error courred တစ်ခု ပေါ်လာပြီး Program ကို ပိတ်ခိုင်းတယ်ဗျ
ပိတ်လိုက်ရင် Absinthe 2.0.1 က ပိတ်ကျ/ ပြုတ်ကျသွားပြီး
နောက် တစ်ခါ ပြန် Run ရင် Recovering ပြန်လုပ်ခိုင်းတယ်၊ လုပ်လိုက်တော့ အိုကေတယ်၊
ဒါပေမဲ့ ပြန်ပြီး Jailbreak လုပ်ရင် ပြန်ဖြစ်ပြန်ရော
ဘာများလိုနေတာလဲ မသိဘူး။
2.0.1က iphone4မှာ မရဘူးနော်
ReplyDeleteSources တွေထည့်တာ အဆင်မပြေဘူးအကို...
ReplyDeleteမရတာတွေများနေတယ် ရတာလဲ အရမ်းကြာတယ်အကို..သိရင်ဖြေပေးပါအုံး
ios 5.1.1 ကို unlock လုပ်ဖို့ အခြားနည်းလမ်းရှိသေးလားအကို orginal sim card မလိုပဲနဲ့လေ ရှိရင်ပြောပြပေးပါအုံး အကို ပြော ပြထားတဲ့နည်းလမ်းနဲ့လုပ်တာကလဲ မရလို့ပါ
ReplyDeleteI can't download Absinthe 2.0 (Windows) bro. Please help. THANKS A LOT
ReplyDeleteအားလုံးအဆင်ပြေသွားပါတယ်. ထွက်လာသမျှအမြဲတင်ပေးတဲ့ကိုမိုးသိကြားကိုအမြဲကျေးဇူးတင်လျှက်ပါ
ReplyDeleteအားလုံးအဆင်ပြေသွားပါတယ်. ထွက်လာသမျှအမြဲတင်ပေးတဲ့ကိုမိုးသိကြားကိုအမြဲကျေးဇူးတင်လျှက်ပါ
ReplyDeleteအကိုရေး ကျေးဇူးကမ္ဘာပါပဲ ....
ReplyDeleteဒါပေမဲ့ လင့်တွေမှာဖိုင်တွေ ဖျက်လိုက်ပြီထင်တယ် .... ဒေါင်းလို့မရတော့ဘူး
တတ်နိုင်ရင်ပြန်တင်ပေးပါအုံး
အကိုရေ 5.1.1 ကို upgrade မလုပ်ဘဲကော jailbreak လုပ်လို့ရလားသိချင်တယ်ဗျာ
ReplyDeleteအကို ရေကူညီပါအုံးဗျား လင့်တွေသေကုန်လားမသိဘူး ဒေါင်းဖို့ရှာမတွေ့တော့ဘူး ဖြစ်နိုင်ရင် ကျေးဇူးပြုပြီးပြန်တင်ပေးပါလားခင်ဗျား ကျန်တော့်ဖုန်းက ipnone4 GSM 5.1.1(9B206)ပါခင်ဗျား ကျေးဇူးပါ
ReplyDeleteAbsinthe 2.0 link အကို ရေကူညီပါအုံးဗျား လင့်တွေသေကုန်လားမသိဘူး ဒေါင်းဖို့ရှာမတွေ့တော့ဘူး ဖြစ်နိုင်ရင် ကျေးဇူးပြုပြီးပြန်တင်ပေးပါလားခင်ဗျား
ReplyDeleteAbsinthe 2.0.1,2.0.4 Link အသစ်တို့ ကို ပြန်တင်ပေးထားပါတယ်...
Delete