Monday, January 28, 2013

Pirate App များအတွက် Apple ID ပြဿနာဖြေရှင်းရန်..

Jailbreak မလုပ်ထားသော iDevice များတွင် "Kuaiyong" software ကို အသုံးပြု၍ အမှန်အကန် "Paid App" များကို Install လုပ်တဲ့ နည်းလမ်းကို မကြာသေးမီက ကျွန်တော် ဒီနေရာတွင် ရေးသားခဲ့တာကို မှတ်မိကြပါလိမ့်မယ်။
ယခုရက်ပိုင်းအတွင် "Kuaiyong" နဲ့  Install လုပ်ထားပြီး သုံးနေခဲ့တဲ့ App တွေကို ဖွင့်လိုက်ရင် "Apple ID နှင့် Password" တောင်းနေပြီး သုံးလို့ မရ ဖြစ်နေတာကို မလွဲမသွေ ကြုံတွေ့ နေကြရမှာပါ...



ဒါဟာ Apple က App Store ကို ပြုပြင်ပြောင်းလဲမှု အနည်းငယ် ပြုလုပ်တဲ့အတွက် အရင်လို ချောချောမောမော အသုံးမပြုနိုင်တော့တာ ဖြစ်ပါတယ်။
ဤအခြေအနေကို ဖြတ်ကျော်ဖို့  "Kuaiyong" software ကို Update/Repair ပြုလုပ်ကြရပါမယ်...

"Kuaiyong" software ကို ဖွင့်လိုက်ရင် "Pop up message box" ပေါ်လာပြီး အောက်ပါအတိုင်း တရုပ်လို ရေးသားထားတာ တွေ့ မြင်ရပါလိမ့်မယ်..


တရုပ်စာကို "Google Translate" လုပ်ပြီး ဖတ်ကြည့်လိုက်ရင် အောက်ပါအတိုင်း အင်္ဂလိပ်လို ဖတ်နိုင်ပါလိမ့်မယ်...

"Has installed applications prompted to enter your Apple ID box of shells "or" flash back ", can solve the upper right corner of the" flash back (the bomb box) Repair.
If to repair unsuccessful, please update to the latest version of this application. Since this month Apple service adjustments, it is recommended that the Apple ID or appstore, do not use in the near future to reduce repair frequency.
Repair "bomb box" flash back "directly on the phone or iPad new features in the upcoming release, so stay tuned.
"

Repair လုပ်ရန် ပုံတွင် အနီဝိုင်းပြထားသည့် "Kuaiyong" software ၏ ညာဖက်အပေါ်ရှိ button ကို နှိပ်လိုက်ပါ။


Button ကိုနှိပ်လိုက်ပါက အောက်ပါပုံအတိုင်း "Pop up box" ပေါ်လာပါမည်။ အစိမ်းရောင် Button ကို နှိပ်ပါ။


အောက်ပါပုံအတိုင်း Update/Repair လုပ်နေပါလိမ့်မည်...


Update/Repair ပြီးစီးသွားပြီး ပုံပါအတိုင်း အမှန်ခြစ် သုံးခုပေါ်လာပါမည် အောက်က Button ကို နှိပ်ပါ။


iDevice ကို PC နှင့် ချိပ်ဆက်ပြီး "Kuaiyong" software မှ ပုံမှန်အတိုင်း "Install" လုပ်ပါ။ Game App များတွင် Data များ ပျက်ကောင်း ပျက်သွားနိုင်ပါမည်...


အသစ်ထွက်ရှိလာမည့် "Kuaiyong" version တွင် iDevice များမှ တိုက်ရိုက် "Repair" လုပ်နိုင်အောင် စီစဉ်ထားကြောင်း ဖော်ပြပေးထားပါသည်။


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

5 comments :

  1. ကိုမိုးသိကြားရေ Kuaiyong က apps တွေ iphone မှာသွင်းပြီး iTunes နဲ့ ပြန် ချိတ် တဲ့အခါ Sync လုပ်လို့ မရဘုးဖြစ်နေတယ်ဗျာ. အဲဒါလေး ကူညီပါဦးဗျာ

    ReplyDelete
    Replies
    1. Sai ရေ.. Mintayza ပြောတာမှန်ပါတယ်... ကျွန်တော်တို့  Kuaiyong ကနေ သွင်းလိုက်တဲ့ App တွေက အမှန်တွေပါ အဲဒီ Data တွေကို Kuaiyong ကနေ Trick နဲ့  အခြား Device တွေမှာလည်း ဘာမှမလိုပဲ သွင်းနိုင်အောင် လုပ်ပေးထားတာပါ။ ဒါကို ညီလေးက iTunes နဲ့  sync သွားလုပ်မယ်ဆိုရင် သူခိုးလူမိသွားသလို ဒုက္ခရောက်သွားပါလိမ့်မယ်၊ App အသစ်တွေကို သွင်းချင်ရင် iFunBox တို့  iExplorer တို့ ကိုသုံးပြီး (သို့ ) Device ကနေ တိုက်ရိုက် download, install နည်းကို သုံးပါ...

      Delete
  2. မရနိုင်ပါဘူးဗျာ.. itunes မှာ ဝင်ထားတဲ့ ID နဲ့ Kuaiyong နဲ့ သွင်းထားတဲ့ App ID နဲ့က တူမှ မတူတာကော.. အခန့်မသင့်ရင်.. သွင်းထားတဲ့ App တောင် ဖွင့်မရဘဲဖြစ်သွားနိုင်ပါတယ်.. မလုပ်ပါနဲ့..
    Kuaiyong နဲ့ သွင်းတဲ့ app တွေက crack လုပ်ထားတဲ့ app တွေနဲ့ မတူပါဘူး .. သူက developer တွေရဲ့ အကောင့်ကို ကျော်ပြီး သုံးတဲ့ပုံပါ..
    အဲ့ကြောင့် itune ကနေ သွားပြီး update လုပ်လို့မရသလို itune နဲ့လဲ Sync လုပ်လို့မရပါဘူး..
    ပြောရရင် Kuaiyong က itune အတုသဘောမျိုးပါ။

    ReplyDelete
  3. if i install app with this chinese software. can i use my apple ID and install other apps from app store from iphone?

    ReplyDelete
    Replies
    1. Yes, you can but do not directly install with iTunes.
      First download the Apps you want from App Store then you can find downloaded App files in (Start up -> Music -> iTunes -> iTunes Media -> Mobile Applications).
      Second connect your device with PC, when iTunes pop up just close iTunes the use "iFunbox", you can manually install Apps..

      Delete