Monday, March 11, 2013

iFile ဆိုတာ ဘာလဲ..? ဘယ်လိုသုံးကြမလဲ..?

iDevice တွေကို Jailbreak လုပ်ပြီး သုံးနေကြသူ၊ များသောအားဖြင့် "iFile" ဆိုတာလေးကို ကြားဖူးကြပါလိမ့်မယ် သို့ ပေမယ့် ဘယ်နေရာမှာ သုံးတာလဲ၊ ဘာအတွက် သုံးကြရသလဲ ဆိုတာကိုတော့ သေသေချာချာ မသိသူတွေ အများကြီး ရှိကောင်း ရှိနေကြဦးမှာပါ။

ဒါကြောင့် ယခု "iFile ဆိုတာ ဘာလဲ...?" ဆိုတဲ့ ဆောင်းပါးလေးနဲ့  မသိသေးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ရပါတယ်...

Apple ရဲ့  Mac computer ကို သုံးဖူးသူတွေ အနေနဲ့ တော့ "Finder" ဆိုတာကို ရင်းနှီးကြပြီးသားဖြစ်ပါလိမ့်မယ် (Windows မှာဆိုရင်တော့ "Explorer" ပဲပေါ့)။ "Finder" ကို ရင်းနှီးပြီးသား ဖြစ်မယ်ဆိုရင်တော့ "iFile" ဆိုတာ မစိမ်းတော့ပါဘူး။
"iFile" ဆိုတာဟာ iOS အတွက် "Finder" လိုပဲ မရှိမဖြစ်အရေးပါတဲ့ App တစ်ခုပါ။ ဒါပေမယ့် Jailbreak လုပ်ထားတဲ့ iDevice များမှာသာ "iFile" App ကို သွင်းယူနိုင်ခွင့်ရှိပါတယ်။

"iFile" ရဲ့  လုပ်ဆောင်ချက်တွေကတော့ အများကြီးပါ အဓိကအချက်ကို ခြုံငုံပြောရမည်ဆိုပါက မိမိ iDevice တွင်းရှိ System files များအပါအဝင် အခြား file များကိုပါ "manage" လုပ်နိုင်ပါတယ်။ "manage" လုပ်နိုင်ပြီ ဆိုထဲက File တွေကို မိမိစိတ်ကြိုက် Rename, Edit, Copy, Paste, Creat... အစသည်ဖြင့်တို့  လုပ်ဆောင်နိုင်ပါတယ်။

ဒီအပြင် ".deb" file များကိုလည်း "iFile" မှ နေ၍ တိုက်ရိုက် Install လုပ်နိုင်ပါတယ်။ ဆိုကြပါဆို့  "tweaks" တွေကို ".deb" file အနေနဲ့  website တစ်ခုကနေ download ချဖို့ ကြိုးစားတဲ့အခါ မိမိမှာ "iFile" Install မလုပ်ထားဖူးဆိုရင် "Safari" က error message သာ ပေါ်လာမှာဖြစ်ပါတယ်။
"iFile" ရှိနေပါက အောက်ပါပုံအတိုင်း ပေါ်လာပြီး အဆင်ပြေပြေ download လုပ်နိုင်၊ Install လုပ်နိုင်မှာဖြစ်ပါတယ်။


နောက်ထပ်အရေးပါ သိသာတဲ့ အချက်ကတော့ File တွေကို WiFi, Bluetooth တွေအသုံးပြုပြီး "Transfer" လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ "iFile" က သင့်ကို WiFi server တစ်ခုအဖြစ် ထောင်ခွင့်ပေးပြီး အဲဒီ WiFi မှာ အတူတစ်ကွ အသုံးပြုနေကြသူ အချင်ချင်း မည်သည့် web browser ကိုမဆို အသုံးပြု၍ ချိပ်ဆက်နိုင်ပါတယ်။ Bluetooth အနေနဲ့ ကတော့ "iFile" သွင်းထားတဲ့ iPhone နှစ်လုံးအချင်းချင်း ပေးပို့ နိုင်ပါလိမ့်မယ်။

ဒါကြောင့်မို့  Jailbreak လုပ်ထားကြတဲ့ မိတ်ဆွေများ အားလုံး အတွက် "iFile" ဆိုတာကို မရှိမနေ သွင်းထားဖို့  လိုအပ်ကြောင်း တိုက်တွန်းအပ်ပါတယ်...

iFile ၏ လုပ်ဆောင်ချက်များ ဗွီဒီယို



iFile ရယူနိုင်ရန်အတွက် "Cydia" မှ တိုက်ရိုက် source သွင်းယူ၍၎င်း၊ ".deb" file ကိုရယူ၍ ဤနည်းဖြင့် တစ်ဆင့် သွင်းယူ၍သော်၎င်း ရယူနိုင်ပါသည်။

Cydia တွင် Source အဖြစ် "http://sinfuliphonerepo.com" ကိုသွင်းယူပြီးနောက် "iFile Cracked" ကို ရှာ၍ Install လုပ်ပါ။

>> Download iFile 1.9.1-1.deb



Credit to : iDB


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

10 comments :

  1. အကို့ ပြန်လာပြီလား။ ကျန်တော်မေးစရာလေးရှိလို့။ကျန်တော့ 3GS ဖုန်းကို version 5.0.1 ကနေ 6.1.2 ကို snowbes နဲ့ jailbreak လုပ်တဲ့နည်းနဲ့တင်လိုက်တာ ဖုန်းက black scram ကြီးဖြသ်ပြိး dfu ပြောင်းလို့လဲ မရဘူး။ Appel ပုံ့ နဲ့ iTunes ပုံလဲမပေါတော့ဘူးtinnyunbrella နဲ recovery လုပ်ဲံမရဘူ bro.ကူညီပါ

    ReplyDelete
    Replies
    1. ကျွန်တော် sn0wbreeze နဲ့  JB လုပ်တဲ့နည်းကို ကျွန်တော် မဖတ်မိသေးတော့ လောလောဆယ်တော့ သေချာမပြောနိုင်သေးဘူး။ 3Gs ဆိုတော့ Lock phone ဆိုရင် baseband ပြောင်းပြီး unlocked လုပ်ပြီး သုံးနေတာဆိုရင် firmware အတက် အဆင်းမှာ နည်းနည်း ရှုပ်ထွေးတတ်ပါတယ်။ ပြီးတော့ 5.0.1 ကနေ 6.1.2 ကို ချက်ခြင်းကြီး ခုန်တက်သွားတာမျိုးဆိုတော့ ပြဿနာရှိနိုင်ပါလိမ့်မယ်... ထုံးစံအရဆိုရင် baseband မပြောင်းအောင် ချုပ်ပြီး တက်လိုတဲ့ iOS ကို custom firmware ဖြစ်အောင် ဆောက်ရပါမယ် ပြီးမှ iTunes နဲ့  custom restore လုပ်ရတာပါ။

      Delete
    2. ကျေုးဇူးပါ bro.ကျန်တော့် 3GS က ပြန်ပြီး သုံးလို့မရတော့ဘူးပေ့နော်။

      Delete
  2. where you go Brother................?

    ReplyDelete
    Replies
    1. မြန်မာပြည် ခဏပြန်သွားတာပါ...

      Delete
  3. ကိုမိုး သက်တော်ရာကျော်ရှည်ပါစေ ကျန်မာချမ်းသာချင်းနဲ့ပြည်ပါစေ

    ReplyDelete
  4. ကိုမိုးကိုမမြင်ဘူးပေမဲ့ အထူးကျေးဇူးတင်တယ်

    ReplyDelete
  5. အကိုရေ
    ios 6.1.2 ကို jailbreak လုပ်လို့ ရပြီလား သိချင်လိုပါ။ iPhone 5 နဲ့  ipad 3 အတွက်ပါ။

    ReplyDelete
  6. ကျနော့် iPad Mini မှာ Jailbreak လုပ်ပြီးပြီ။ ဒါပေမယ့် Cydia Icon ပျောက်နေတရယ်။ အဲ့ဒါဘယ်လိုလုပ်ရမလဲ။ Jailbreak လဲခဏခဏလုပ်ပြီးပြီ မရဘူး။ အကြံပေးကြပါအုံး။

    ReplyDelete
    Replies
    1. http://www.moethagyarr.info/2014/01/cydia.html နဲ့ ကြိုးစားကြည့်ပါဦး..

      Delete