Tuesday, April 9, 2013

Tweak များကြောင့် iOS Crash ဖြစ်ခြင်းမှ ကယ်တင်ရန်

iDevice များကို Jailbreak လုပ်ပြီး သုံးစွဲကြသူ အများစုဟာ တစ်ဦးနှင့်တစ်ဦး ရည်ရွယ်ချက် တူညီချင်မှသာ တူညီကြပါလိမ့်မယ် မည်သို့ ပင် မတူညီသော်ငြားလည်း "Tweaks" တွေကိုတော့ သွင်းယူကြရတာပါပဲ။ များများသွင်းတာနှင့် နည်းနည်းသွင်းတာသာ ကွာခြားသွားတတ်ပါတယ်။

ကျွန်တော်ဆိုရင် "Tewak" တွေ အများကြီးသွင်းထားတာ မနှစ်သက်ပါဘူး ဘာကြောင့်လဲ ဆိုတော့ iOS 5.1.1 တုန်းက ခံလိုက်ရလို့ ပါ။
Tweak နှစ်ခု crash ဖြစ်ပြီး iOS ပြန်တက်မလာတော့ပါဘူး၊ Restore လဲ လုပ်လိုက်ရော iOS 6 ဖြစ်သွားပါတယ်။ SHSH blobs လဲ save မလုပ်ထားမိတော့ ဆင်းလို့ လဲမရ၊ Jailbreak မရပဲ အကြာကြီး ဂိန်သွားပါတယ်။

အဲသလို ဂန့် သွားတာဟာ ယခုနည်းလမ်းကို မသိသေးလိုက်လို့  ဖြစ်ပါတယ်။ အမှိုက်ကစ ပြဿာဒ်မီးလောင်သွားတဲ့ အတွက် တော်တော်လေး နောင်ကျဉ်သွားခဲ့ပါတယ်။
Tweak များကို အလွန်ကလိ တတ်တဲ့ မိတ်ဆွေများလည်း ကျွန်တော့်လို မဖြစ်စေလိုသော ရည်ရွယ်ချက်နှင့် တင်ပြလိုက်ရပါတယ်။ သိရှိထားသူများ သီးခံပေးကြပါ။

Cydia ကို တည်ထောင်သူ "Saurik" က သူရဲ့  Cydia ကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ထဲက Update လုပ်ထားပေးခဲ့ပါတယ် အဲဒီ အထဲမှာပါတဲ့ "Mobile Substrate" ဟာ System crash ဖြစ်သွားတဲ့ အခါမှာ "safe mode" နဲ့  ပြန်လည်နိုးထနိုင်စေဖို့  ရည်ရွယ်ထားပါတယ်။


iPhone, iPad, iPadTouch များ အားလုံးတွင် အသုံးပြုနိုင်ကြပါတယ်။ ယခုဆိုရင် Mobile Substrate version 0.9.4001 ကိုရောက်နေပြီး iOS 6.x နှင့်လည်း အဆင်ပြေပြေ အလုပ်လုပ်နိုင်ပါတယ်။


"Mobile Substrate" အသုံးပြုနည်း

tweaks အချို့ ကြောင့် Crash ဖြစ်သွားပြီ ဆိုကြပါစို့ 

  • Device ရဲ့  Power button ကို နှိပ်ပြီး "Apple Logo" ပေါ်လာသည်နှင့် တစ်ပြိုင်နက် "Volume UP" button ကို ဆက်တိုက်ဖိထားပါ။ (ခပ်ကြာကြာ ဖိထားပြီးမှ လွှတ်လိုက်ပါ)

  • "Passcode" ဖြည်ပြီး Home screen ရောက်သွားတဲ့ အခါမှာ မည်သည့် "tweaks" မျှ အလုပ်မလုပ်ပဲ Apple original အတိုင်း ပုံမှန်ဖြစ်နေပါမည်။
    tweak အလုပ် လုပ်မလုပ် လွယ်လွယ်စမ်းလိုပါက "keyboard" လက်ကွက်ကို မြန်မာစာပြောင်း၍ ရိုက်ကြည့်ပါ မြန်မာစာတွေ မြင်ရပေမယ့် ရိုက်လိုက်တဲ့အခါ မပေါ်တော့ကြောင်း တွေ့ ရမည်။

  • ဤအခြေနေတွင် "Cydia" ထဲဝင်၍ Crash ဖြစ်မယ်ဟု ယူဆရသော tweaks များကို ဖျက်ပစ်နိုင်ပါပြီ။

  • ထို့ နောက် Reboot လုပ်ပါ။


ယခုနည်းလမ်းလေးကို အသုံးပြုနိုင်ဖို့  "Cydia" ကို UPDATE လုပ်ရန်သာ လိုအပ်ပါသည်....

Video Tutorial






Credit to : iDB


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

17 comments :

  1. this post is very useful to me, but i do it then cydia icon is disappear from springboard, what can i do now? please help.

    ReplyDelete
    Replies
    1. Reboot your iPhone. Using this method for troubleshoot when iDevice stuck. Safe mode will not show and works Cydia and tweaks.

      Delete
  2. အဆင်မပြေဘူးဗျာ...
    ဖုန်းက လုံးဝ ပြန်မပွင့်တော့တာ.... update လုပ်ဖို့ ကလဲ Jailbreak ပျက်သွားမှာဆိုးတယ်..
    ပြန်လည် jailbreak လုပ်လို့ မရတော့ မလုပ်ရဲ ဘူး..
    ပန်းသီပုံပေါ်လာတာနဲ့  volum + ကိုဖိနှိပ်ထားတာပဲ... ဒါပေမယ့် တတ်မလာဘူးဗျာ..
    ငိုပါငိုချင်သွားပီး.. :'(

    ReplyDelete
    Replies
    1. Volume + ကို ကြာကြာဖိပြီး ပြန်လွှတ်ရပါတယ် ပြန်လွှတ်မှ တက်တာပါ။

      Delete
  3. ဟုတ်ပါတယ်အကိုရေကျွန်တော်လဲ 5.1.1 တုံးကjailbreakလုပ်ထားတာ သုံးတာလဲအဆင်ပြေတယ် အဲတာအခုယောင်ပြီuးpdateလုပ်လိုက်တာ 6.1.3 ဖြစ်သွားပြီး ဂန့်နေလို့ကယ်ကြပါအုံးဗျာ..ဗမာစာလဲဖတ်မရနဲ့စိတ်ညစ်ပါတယ်..

    ReplyDelete
  4. downgrade ပြန်လုပ်လိုက်ပေါ့...
    redsn0w နဲ့လုပ်ပါ (shsh မလိုပါဘူး.. JB လုပ်ခဲ့ဖူးတဲ့ ဘယ် firmware မဆိုပြန်ဆင်းလို့ရပါတယ်.. cydia က shsh ကို autosave လုပ်ပေးပါတယ်)
    ကျွန်တော်ကတော့ 6.1 အထိစမ်းဖူးပါတယ်. ရလည်းရပါတယ်..
    6.1.3 ကိုတော့ မစမ်းဖူးဘူး

    ReplyDelete
    Replies
    1. တူ တူ ပါ ပဲ ဗျာ
      ဆင်း လို့ ရ ပါ တယ် 6.1.3ကနေ

      Delete
    2. shsh ko ma save bal .6.1.3 ka nay 6.1.2 ko bal lo downgrade lote lal pyaw pya pay par lar byar.ta myo ma htin par nae myanmar font ma shi loz par

      Delete
    3. This comment has been removed by the author.

      Delete
    4. This comment has been removed by the author.

      Delete
  5. can not passcode slide and can't open cydia how to do plz help me

    ReplyDelete
  6. ခုလိုမျိုး postလေးတွေ လိုက်ရှာ နေတာ .ကိုမိုးသိကြား ဆီ ကပဲ တွေ့တယ်..ကျွန်တော် အတွက် အရမ်း အကျိုးဖြစ် စေပါတယ်..ဒီ post လေးကို
    အရမ်းကြိုက်တယ်..အထူးပဲ ကျေးဇူးတင်တယ်..ကျွန်တော် က APPLE ခေ၇ဇီပါ..သူနဲ့ ပတ်သက်တာ အကုန်ကြိုက်တယ်..

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ်

      Delete
    2. ifunbox နဲ့သွင်းထားတဲ့ tweak နဲ့ source တွေကို ဘယ်လိုဖျက်ရမလဲခင်ဗျာ edit source လုပ်ပြီးဖျက်လို့မရလိုပါ tweak တွေကိုလဲဖျက်လို့မရပါ ခုsafe mode ထဲကထွက်လို့မရပါ mobile substrate ကို remove လုပ်မှပဲ safe mode ကထွက်လို့ရပါတယ်

      Delete
    3. This comment has been removed by the author.

      Delete
  7. ကိုမိုးသိကြားရေ အကိုအပေါ်မှာပြောခဲ့သလိုပဲ ကျွန်တော်လဲ iPhone 5(6.1.2) မှာကလိတာများပြီး OS ကျသွားပြီ ။ ပြန်ဖွင့်လိုက်ရင် recovery mode ပဲပေါ်တော့တယ်။ OS ပြန်တင်ရင်လဲ 6.1.4 ပဲရတော့မှာဆိုတော့ jailbreak ကမရပြန်ဘူး ။ download ပြန်ဆင်းဖို့ SHSHs တွေလဲ save မလုပ်လိုက်မိလို့ တိုင်အကြီးကြီးပတ်နေပြီ။ ဘယ်လို downgrade ဆင်းရင်ရနိင်သေးလဲ.နည်းလမ်းလေးများရှိရင်လုပ်ပါအူံးဗျာ။ thanks!

    ReplyDelete
  8. SHSHs ကို save လုပ်တာမသိလို့ပြောကြပါဦးအစ်ကို တို့ရယ် ညီလေးမသိလို့ပါ

    ReplyDelete