iOS 7 ရဲ့  feature အသစ်တစ်ခုဖြစ်သော iTunes Radio ကို iDevice ရဲ့  native App တစ်ခုဖြစ်တဲ့ (Music) အောက်မှာ ပါဝင်လာတာကို တွေ့ မြင်နိုင်ပါပြီ...
iTunes Radio ကို 24/7 ပါတ်လုံး အခမဲ့ နားဆင်နိုင်ပြီး stations များစွာလဲ ပါရှိပြီး မိမိ စိတ်ကြိုက် music အမျိုးအစားကို station တစ်ခုအဖြစ် ရွေးချယ် create လုပ်နိုင်ပါသေးတယ်။
မိမိနှစ်သက်သော သီချင်းကို ဝယ်ယူလိုပါကလည်း အပိုင်ဝယ်ယူ သိမ်းဆည်းနိုင်ပါတယ်။
သီချင်းနားထောင်နေစဉ် "Next" button နှင့် ကျော်၍ နားဆင်နိုင်ပါတယ် သို့ ပေမယ့် Free user များကို သီချင်း ၆ပုဒ်ထိသာ အများဆုံး ကျော်ခွင့်ပြုထားပါတယ်။
iTunes Match ရှိသူများ အနေနှင့် ကတော့ iTunes Store မှာရှိတဲ့ သီချင်းပုဒ်ရေပေါင်း ၂၆သန်းကျော်ကို စိတ်ကြိုက် နှစ်သက်သလို arrange လုပ်ပြီး နားဆင်နိုင်ပါတယ်။
iTunes Match အတွက် လစဉ်ကြေးကတော့ $24.99 ကျသင့်မှာ ဖြစ်ပါတယ်။
>> iTunes Match အသေးစိတ်ဖတ်ရန်
iOS 7 ကို Update ပြုလုပ်ထားပြီးသော်လည်း iTunes Radio service ကို ယခု လောလောဆယ်တွင် USA တစ်နိုင်ငံထဲတွင်သာ ရရှိနိုင်ပါသေးတယ်။
USA မှာ မဟုတ်တဲ့ မိတ်ဆွေများအတွက် iTunes Radio ကို နားဆင်ချင်တယ်ဆိုရင်တော့ အလွယ်ဆုံးနည်းလမ်းလေးကို ပြောပြလိုက်ပါရစေ...
ရိုးရိုးလေးပါပဲ မိမိရဲ့  Apple ID ကို USA ID ဖြစ်အောင် ပြောင်းလိုက်တာနဲ့  iTunes Radio ကို နားဆင်နိုင်သွားပါလိမ့်မယ်...
>> USA Apple ID ကို ဘယ်လိုပြောင်းမလဲ....?
>> Apple ID အသစ်ဖွင့်လိုသူများ
Video
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် မိုးသိကြား
0 comments :
Post a Comment