Sunday, February 23, 2014

iOS 7 to 7.0.6 Untethered Jailbreak for All

21/02/2014 : iOS 7.0.6 ကို Apple က Update လုပ်ပေးလိုက်ပြန်ပါပြီ...
တစ်ချိန်ထဲမှာပဲ Evasi0n အဖွဲ့ကလည်း iOS 7.0.6 ကို Jailbreak လုပ်နိုင်မယ့် evasi0n v1.0.6 ကို (Win,Mac) နှစ်မျိုးစလုံးအတွက် update ထုတ်ပေးလိုက်ပါတယ်..

06/02/2014 : iOS 7 ထွက်ခဲ့သော အချိန်ကတည်းက ယခု iOS 7.0.5 ရောက်လာသည်ထိ လပေါင်းများစွာ စောင့်စားခဲ့ရသော iOS 7+ အတွက် Untethered Jailbreak ကို evasi0n အဖွဲ့မှ ထပ်မံ၍ version 1.0.5 ကို ထုတ်ပေးလိုက်ပါပြီ။

evasi0n ရဲ့ Jailbreak Tool က iOS 6+ တုန်းကလိုပဲ ကလစ်တစ်ချက်နှိပ်ရုံနဲ့ ပြီးစီးသွားနိုင်မယ့် အလွယ်ဆုံးသော Jailbreak နည်းလမ်းဖြစ်ပါတယ်။ ယခု evasi0n Jailbreak Tool နှင့် iOS 7 ကစလို့ iOS 7.0.5 တွင်သာမက Apple က Developer များအတွက် စမ်းသပ်နိုင်ရန် ထုတ်ပေးထားသော iOS 7.1 Beta 1,2 versions များကိုလည်း Untethered နည်းနဲ့ Jailbreak လုပ်ပေးနိုင်ပါပြီ...


  • evasi0n သည် iOS 7 နှင့်အထက် သွင်းထားသော iPhone, iPod touch, iPad and iPad mini များ အားလုံးတို့အတွက် ကောင်းစွာ အလုပ်လုပ်နိုင်ပါလိမ့်မည်။
  • evasi0n ကို အသုံးပြုရန် Windows အတွက် (XP အနိမ့်ဆုံး) နှင့် Mac အတွက် (OSX 10.5/10.6/10.7/10.8) ရှိရန် လိုအပ်ပါသည်။

>> Download evasi0n v1.0.6 (Mac)
>> Download evasi0n v1.0.6 (Windows)
>> Download evasi0n v1.0.5 (Mac)
>> Download evasi0n v1.0.5 (Windows)
>> Evasi0n နှင့် Jailbreak ပြုလုပ်နည်း

** Jailbreak ပြုလုပ်ပြီသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း လုပ်ဆောင်ရန် **

ယခုဆိုလျှင် Cydia ကလည်း iOS 7+ အတွက် အဆင်သင့်ဖြစ်နေပါပြီ၊ iOS 7+ မှာ Cydia က "Mobile Substrate" ကို "Cydia Substrate" အဖြစ် ပြောင်းလဲခေါ်ဝေါ် သုံးစွဲထားပါတယ်။ Tweaks တော်တော်များများက iOS 7+ အတွက် Update လုပ်လာကြပေမယ့် အချို့ Tweaks များကတော့ ကောင်းကောင်း အလုပ်မလုပ်နိုင်သေးပါဘူး။ဒါကြောင့် Tweaks များကို သတိပြု၍ သွင်းယူကြပါ။

>> Must INSTALL!! After iOS 7+ Jailbreak

>> ၂၀၁၄ ခုနှစ် iOS 7+ အတွက် အကောင်းဆုံး Cydia Sources များ

တစ်ဆက်ထဲမှာပဲ မြန်မာစာ နှင့် ကီးဘုတ်ကိုလည်း အဆင်ပြေပြေ သွင်းယူသုံးစွဲနိုင်ပါပြီ...

>> iOS 7+ အတွက် မြန်မာစာ နှင့် မြန်မာကီးဘုတ် မှန်ကန်စွာ သွင်းယူနည်း

Cydia အတွက် Error များ၊ Application Crash များဖြစ်ပေါ်ခဲ့ပါက အောက်ပါလင့်ခ်များတွင် ဖတ်ရှု၍ ဖြေရှင်းနိုင်ပါသည်...

>> Cydia Errors များနှင့် ဖြေရှင်းနည်း
>> Tweaks များကြောင့် Apps Crash ဖြစ်ခြင်းကို ဖြေရှင်းနည်း
>> Cydia အား အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း


Credit to : evasi0n


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား

36 comments :

  1. Jailbreak ပြုလုပ်ပြီသည်နှင့် တစ်ပြိုင်နက် SHSH Blobs ကို ချက်ချင်း SAVE လုပ်ပါ ဆိုတာကို ဘယ်လိုလုပ်ရမလဲပြောပြပေးပါလား အစ်ကို

    ReplyDelete
  2. ဟုတ်ပါတယ်ဘယ်လိုလုပ်ရမလဲ SHSH Blobs Saveကိုလုပ်ဆောင်ချက်လေးပြောပြပေးပါ

    ReplyDelete
    Replies
    1. Side bar တွင်တင်ထားသော "Easy iDevice Guide" ကို download ယူပြီး ဖတ်ကြည့်ပါ။ သိလိုသော အကြောင်းအရာများနှင့် သိသင့်သော အကြောင်းအရာများ ပါဝင်ပါတယ်။

      Delete
  3. jailbreak လုပ်ပီးတော့ reboot က ပြန်တက်မလာတော့ဘဲ apple logo ကြီးနဲ့ တစ်နေပါတယ် တက်မလာတော့ပါဘူး ကူညီပါဦးခင်ဗျာ ဆိုင်ပို့ရင်လည်း ပိုက်ဆံက တော်တော်ကုန်တော့မှာပါ

    ReplyDelete
    Replies
    1. Enter DFU mode, connect with iTunes and Restore as a new device.

      Delete
  4. Yes Ok I can see . I go to iTunes and shift Restore

    ReplyDelete
  5. Jailbreak ကတော့အောင်မြင်သွားပြီအကို ၊ Appsync ios 7 လဲ သွင်းပြီးပြီ၊ ဒါပေမယ့် crack app တွေသွင်းရင် fail ပဲပြတယ် ၊ နောက်ပြီးတော့ iTools and iFanbox မှာ device ကို Jail လို့ပဲပြနေတုန်းပဲ အကို ၊ ကျွန်တော်လဲ နားမလည်တော့ဘူး၊

    ReplyDelete
  6. မြန်မာကီးဘုတ်မရဘူး ဖြစ်နေတယ် အစ်ကို

    ReplyDelete
  7. window 7 မှာ run လို့ မရဘူး

    ReplyDelete
  8. apple logo be tat lar tal..can't connect with i tunes..help me pls :(

    ReplyDelete
  9. jailbreak မလုပ်ဘဲ မြန်မာ keyboard သုံးရတဲ့နည်း လေးရှိရင် သိလိုပါတယ်ခင်ဗျာ...app store ကနေ mmkeyboard ကို ၀ယ်သုံးတော့လည်းအဆင်မပြေပါဘူး..တခြားနည်းလမ်းလေးရှိရင် ပြောပြပါဦးခင်ဗျာ Write Myanmar နဲ့ copy & paste လုပ်ရတာမျိုးလည်း သိပ်မကြိုက်လို့ပါ

    ReplyDelete
  10. apple logo hmar pal yat nay tal ..i tune nalt lal connect lote lo ma ya bu ..

    ReplyDelete

  11. jailbreak လုပ်ပီးတော့ reboot က ပြန်တက်မလာတော့ဘဲ apple logo ကြီးနဲ့ တစ်နေပါတယ် တက်မလာတော့ပါဘူး ကူညီပါဦးခင်ဗျာ ဆိုင်ပို့ရင်လည်း ပိုက်ဆံက တော်တော်ကုန်တော့မှာပါ DFU MODE ဆိုတာ ဘယ်လို့လုပ်ရတာလည်း မသိလို့ပါ

    ReplyDelete
    Replies
    1. > www.mediafire.com/view/adni2r4dc9g3338/Advance%20Safe%20Mode.pdf <


      - Power Button + Volume Down + Home ကိုစုံဖိထားပါကလည်း power ပိတ်လို့ရပါတယ်
      - Power ပြန်ဖွင့်ပါ
      - Apple Logo ပေါ်လာပြီဆိုတာနဲ့ Volume Up ကိုချက်ချင်းဖိထားပါ
      - Lock Screen စပြီးအလုပ်လုပ်ရင်တော့ Volume Up ကို လွှတ်လိုက်လို့ရပါပြီ
      - Jailbreak မလုပ်ခင်က ရှိတဲ့ Normal Mode ကိုရောက်သွားတာဖြစ်ပါတယ်
      - အခုတော့ Firmware ကို ပြန်တတ်မလာအောင်ဒုက္ခပေးတဲ့ Error ကို ခဏတာ အနိုင်တိုက်လို့ပြီးပါပြီ
      - အခု ပြန်တတ်မလာတော့တဲ့ Firmware ကို ပြန်ကယ်တင်ဖို့ ဒုတိယအကြိမ်အခွင့်အရေးရနေပါပြီ

      Full tutorial :

      (PDF) : > www.mediafire.com/view/adni2r4dc9g3338/Advance%20Safe%20Mode.pdf

      (Facebook) : > https://www.facebook.com/photo.php?fbid=1437196489850021&set=a.1414410408795296.1073741829.1413220858914251&type=1&relevant_count=1


      Find in facebook page > > > > > www.facebook.com/royal.technique.mm

      Delete
  12. ကျေးဇူးကိုမိုး

    ReplyDelete
  13. mediafire ka download so ta bar mhar PREPARING DOWNLOAD so tar pal pya nay tal bro. ba na khar lote lote ae d lo myo gyi pal phit nay tal. other link ma shi bu lar hin

    ReplyDelete
  14. ကျွန်တော် iphone 4s ios 7.0.4 တလုံးကို jailbreak ဖောက်တာ evasion software က နောက်ဆုံးအဆင့် ရောက်သွားရင် ပြန်ထွက်သွားတယ် ဖုန်းမှာတော့ ကျန်နေခဲ့တယ်
    jailbreak လဲ မဖြစ်ဘူး တချက်လောက် ကူညီပါအုံး
    computer မှာဘာလိုလဲမသိဘူး
    window 7 ပါ

    ReplyDelete
    Replies
    1. Home Screen မှာ Evasi0n icon ကိုတွေ့ရင် နှိပ်ပေးရမှာပါ၊ အဲဒီတော့မှ Cydia ကိုဆက်သွင်းသွားပါလိမ့်မယ် အဲဒီအခါကျမှ Jailbreak complete ဖြစ်သွားပါလိမ့်မယ်..

      Delete
    2. Evasi0n icon ကို နှိပ်ပါတယ် screen အဖြူရောင်ပဲပေါ်လာတယ် ဘာမှထပ်ပေါ်မလာတော့ဘူး Jailbreak က ပထမ ၃လုံးက ရတယ် နောက်ထပ် ၂လုံးကအဲ့လို ဖြစ်နေတယ် တချက်လောက်ကူပါအုံး

      Delete
    3. အစ်ကို့ တို့ ရေ ညီဖုန်းက 5c 7.0.5ပါ။ Cydia တက်မလာဘူးဖြစ်နေပါတယ်။Evasi0n မှာတင်ရပ်နေတယ်။ကူညီပါအုန်း

      Delete
    4. ဟုတ်ပါတယ် အဆင့်တွေအကုန်ပြီးပေမယ့် evasion7 icon ကို နှိပ်ရင် အဖြူရောင် screen ပဲ တက်လာပါတယ် ဘာ error များရှိလဲမသိဘူး ကူညီပေးပါအုန်း

      Delete
  15. အကို မိုးရေ ကျွန်တော်တခုလောက်မေးချင်တယ်အကို ios 7++ ကစလို့  apple id, icloud id, find my iphone တွေကို firmware version မြှင့် ချင်ရင် sign out အရင်လုပ်ကမှာလား ပီးမှ delete လုပ်ကမှာလား အဲတာတွေကို လုပ်ပုံလေးတွေ နည်းနည်းပြောပြပေးပါလားအကို ကျွန်တော်တို့ က ခုမှ iosကို စသုံးမှာမို လို့ပါ

    ReplyDelete
    Replies
    1. iOS 7+ ကို အသစ်စက်စက် ခုမှ Update လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ Apple ID နဲ့ Activate လုပ်ရပါတယ်.. အကယ်၍ နောက်တစ်ယောက်ကို အဲဒီဖုန်းကို ရောင်းမယ်ဆိုရင် ကိုယ့်ရဲ့ Apple ID ကို ဖျက်ပေးရပါတယ်၊ မဟုတ်ရင် နောက်လူ ဒုက္ခတွေ့ပါလိမ့်မယ်.. ဘယ်လိုဖျက်ပစ်ရမယ်ဆိုတာ.. http://www.moethagyar.info/2014/01/ios-7-idevice.html မှာ ဖတ်ပါ။

      Delete
  16. ios 7.0.6 တင်ပြီးတော့မှ JB လုပ်ချင်လို့ ဗျို့ ။ evision7-win-1.0.6 rar file ကို zappy share မှာဘယ်လိုမှရှာလို့မရလို့ ။ ရရင်တင်ပေးပါလား JB လုပ်ချင်လို့ပါ




    ReplyDelete
  17. configuring system 2/2 ..... mar pal yet nay tal bar ma sat ma lote tot buu bar loh lal ako....pls reply me

    ReplyDelete
  18. hi , i don,t know why
    my ipad 3 cannot get cydia icon
    please reply me it can or not ipad 3

    ReplyDelete
    Replies
    1. Did u already read http://www.moethagyar.info/2014/01/cydia.html

      Delete
  19. link click tine error 404 not found pae pya nay pr tal shin

    ReplyDelete
    Replies
    1. moethagyar မှာ moethagyarr လို့ ပြင်ရေးပြီး ဖွင့်ပါ။

      Delete
  20. အကို iphone4s မှာ power လည်းမပွင့်ဘူး apple logoလည်း မပေါ်ဘူး အားသွင်းကြိုးနဲ့ သွင်းလည်း ဘာမှတက်မလာဘူး အကို နည်းလမ်းရှိရင် ကူညီပါအုံး DFU mode လည်းဝင်မရဘူး

    ReplyDelete
    Replies
    1. ဖြစ်နိုင်တာက iPhone ရဲ့ Charging port မကောင်းတဲ့ အတွက် ဘက်ထရီ မရှိတော့တာ ဖြစ်နိုင်ပါတယ်၊ ဆိုင်မှာ စစ်ဆေးကြည့်ပါ။

      Delete