Thursday, December 19, 2013

Jailbreak လုပ်ရန်မလိုပဲ HDmovies App ထည့်သွင်းနည်း

HDmovies လေးကို မှတ်မိကြပါလိမ့်ဦးမယ် ထင်ပါတယ်။ နိုင်ငံတစ်ကာမှ ရုပ်ရှင်ဇာတ်ကား အသစ်များကို HD quality နှင့် တိုက်ရိုက်ကြည့်ရှုနိုင်မယ့် Application တစ်ခုဖြစ်ပြီး App Store မှာ ဝယ်ယူလို့ မရနိုင်ပါဘူး။ Jailbroken iDevice များတွင်သာ ထည့်သွင်း အသုံးပြုနိုင်ခဲ့ပါတယ်...

ယခုတော့ HDmovies ကို Non Jailbrake iDevice များတွင်ပါ ထည့်သွင်းနိုင်ဖို့ Idea တစ်ခုကို စဉ်းစားမိရာက ကျွန်တော့်ရဲ့ iOS 7.0.3 iPad မှာ အောင်မြင်စွာ စမ်းသပ်သွင်းယူနိုင်ခဲ့ပါပြီ..

>> HDmovies အကြောင်း ဖတ်ရှုရန် (Jailbreak နည်းလမ်း)

Non Jailbreak iDevice များအတွက် HDmovies App ကို သွင်းယူရန် အဆင့်များ အနည်းငယ်များပါသည်။ ဖြည်းဖြည်းခြင်း လိုက်ပါ လုပ်ဆောင်ကြပါ။

လုပ်ငန်းစဉ် (၁)

**AppStoreVn တွင် Sign Up လုပ်ရန်**
မှတ်ချက်။ ။ HDmovies App ကို ရယူရန် အတွက် Registered User ဖြစ်ရန်လိုပါသည် ထို့ကြောင့် မဖြစ်မနေ Sign Up လုပ်ပါ။

PC (သို့) iDevice မှ နေ၍ >> ဤနေရာကို << နှိပ်ပြီး Sign Up လုပ်ပါ.. အောက်ပါပုံတွင် အရောင်နှင့် ဖော်ပြထားသော နေရာကိုနှိပ်ပါ။


Sign Up လုပ်ရန် လိုအပ်သော အချက်အလက်များကို ဖြည့်စွက်ပါ။




လုပ်ငန်းစဉ် (၂)

AppStoreVn(v3.2) ipa ကို Download လုပ်ပြီး Desktop တွင် Save လုပ်ပါ။

>> Download AppStoreVn(v3.2)


လုပ်ငန်းစဉ် (၃)

ယခုအဆင့်သည် အလွန်အရေးကြီးပါသည်။

မိမိ၏ iPad, iPhone တွင် Settings -> General ->Date & Time တွင် ရက်စွဲကို "Oct 10, 2012" ဖြစ်အောင် ပြောင်းပေးထားပါ။




လုပ်ငန်းစဉ် (၄)

iFunBox အသုံးပြုပြီး Application သွင်းယူခြင်း

>> Download iFunBox

၁) iFunBox (Classic) ကို ဖွင့်ပြီး iPhone, iPad ကို PC နှင့် ချိပ်ဆက်လိုက်ပါ။ (iTunes တက်လာရင် ပိတ်လိုက်ပါ)
၂) မိမိ iDevice အောက်က "User Applications" သို့ သွားပါ။
၃) ထိုနောက် "Install App" ကိုနှိပ်ပြီး Desktop တွင် Save လုပ်ခဲ့သော "AppStoreVn(v3.2).ipa" ကို ရွေးပေးလိုက်ပါ။


၎) Install လုပ်နေပါပြီ ပြီးအောင် စောင့်ပါ။ နောက်ဆုံးတွင် အောက်ပါအတိုင်း "Succeeded" message တက်လာပါမည်။


အကယ်၍ Fail ဖြစ်ခဲ့ပါက iDevice ၏ ရက်စွဲကို ပြန်စစ်ပါ။ နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်ပါ။ (မုချသွင်းလို့ရပါသည်)


လုပ်ငန်းစဉ် (၅)

**HDmovies App ကို သွင်းပါမည်**
  • အခုဆိုရင် iDevice ၏ Home screen မှာ "AppStoreVn" ကို တွေ့ရပါလိမ့်မည်။


  • AppStoreVn ကိုဖွင့်လိုက်ပြီး "Bo qua" ဆိုတာကို နှိပ်ပါ။
  • AppStoreVn ၏ "Home" ကိုသွားပါ၊ အပေါ်ညာဖက်ထောင့်ရှိ Search တွင် "HDmovies" ဟု ရိုက်ရှာလိုက်ပါ။ အောက်ပါ အတိုင်းတွေ့ရပါမည်။


  • "Free" button ကို နှိပ်ပြီး အောက်ပါပုံတွင်ပြထားသော နေရာကို "Tai ve" ကို နှိပ်ပါ။ "Ok" နှိပ်လိုက်ပါ။


  • Sign In ဝင်ခိုင်းနေပါပြီ။ လုပ်ငန်းစဉ် (၁) တွင် ပြုလုပ်ခဲ့သော ID,Password သုံးပြီး ဝင်ပါ။


  • Download လုပ်နေပါပြီ၊ "Manage" ထဲမှာ တွေ့နိုင်ပါတယ်။
  • Download ပြီးသွားရင်တော့ Install လုပ်ဖို့ပြလာပါမည်။
  • Install လုပ်ပါ။


အခုဆိုရင် မိမိ iDevice ရဲ့ Home screen မှာ HDmovies App လေးရောက်နေပါပြီ....


ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုရာတွင် ကြန့်ကြာမှုများရှိနေပါက connection နှင့်သာ သက်ဆိုင်ပါလိမ့်မည်။


မှတ်ချက်။ ။ Time & Date setting ကို ပုံမှန် ပြန်လည်ပြောင်းထားနိုင်ပါပြီ



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား

21 comments :

  1. အဆင့် ၄ မှာ တစ်နေပါတယ် ifun box ကိုဘယ်လိုဒေါင်းရမလဲဆိုတာ အသေးစိတ် ပြောပြပေးပါအုံး ကိုမိုးသကြား

    ReplyDelete
    Replies
    1. ကျွန်တော် Download link ကြီးတစ်ခုလုံး ချပေးထားတယ်လေ...

      Delete
  2. sign in ၀င်ခိုင်းတဲ့နေရာမှာ ၀င်လို့မရဘူးဖြစ်နေတယ်အကို အဆင်ပြေရင် ပြန်ရှင်းပြပေးပါအုးံနော် အမြဲအားပေးနေတယ်အကို

    ReplyDelete
    Replies
    1. သူတို့ ပို့တဲ့ activation mail ကို activate လုပ်ဖို့ လိုမလိုတော့ မသိဘူး။ ကျွန်တော်ကတော့ sign in မဝင်ခင် activate လုပ်လိုက်တယ်။ junk mail တို့ဘာတို့မှာ ဝင်နေတတ်ပါတယ်။ sign in ဝင်တော့ username မှာ ကိုယ်ဖြည့်ခဲ့တဲ့ မေးလိပ်စာရယ် အောက်မှာက ပတ်စ်ဝက်ရယ်ဖြည့်ပြီး ဝင်ရပါတယ်။ အဲ ပတ်ဝက် မှန်ရဲ့သားနဲ့ ဝင်လို့မရရင် forgot password ကိုနှိပ်ပြီးး အီးမေးလိပ်စာပြန်ထည့် သူတို့ပို့တဲ့ reset password email ကနေ reset ပြန်လုပ် ပြီး ပြန်ဝင်ကြည့်။ ကျွန်တော်ကတော့ အဲလိုနဲ့ ရသွားတယ်။ အဲတစ်ခါ ဝင်ပြီး ရပြီဆိုပါစို့။ sign out လုပ်ပြီးနောက်တစ်ခါ ပြန်ဝင်ကြည့်။ ကျွန်တော်ကတော့ တစ်ရက်ခြားပြီး လုပ်တာ ဝင်မရဘူးဗျာ။ အဲဒါနဲ့ reset passwd လုပ်ရပြန်ရော။ အဲ pswd reset လုပ်တာက browser ထဲကနေလုပ်ရတာနော်။ ကွန်ပျူတာမှာ chrome နဲ့သုံးရင်တော့ အဆင်ပြေတာပေါ့။ အင်္ဂလိပ်ဘာသာပြောင်းလို့ရတယ်။
      ဒီ market app ကိုသွင်းလို့ရသွားတဲ့အတွက်ကို ကျန်တဲ့ paid app တွေပါ ဖရီး ယူလို့ရသွားပြီ ခင်ဗျာ။ ကိုမိုးသိကြား ကျေးဇူးကြောင့် အစွယ်မပါတဲ့ Non Jailbreak Device တွေ ခုတော့ အစွယ်ငုတ်တိုလေးတစ်ချောင်းပေါက်ပြီပေါ့။ ခရစ်စမတ်လက်ဆောင်အတွက် ကျေးဇူးအထူးဗျို့။

      Delete
    2. အားလုံးအဆင်ပြေပြီးသွားတော့မှ ဖုန်းကို restart ပြန်လုပ်လိုက်ရင် အဆင်မပြေ ပြန်ဖြစ်တတ်ပါတယ်

      Delete
  3. အစ်ကို ရေ တစ်ခုလောက် ကူညီပါအုံး ။ အိမ်က ကလေးက ဘာကို ကလိလိုက်တယ် မသိဘူး ကျွန်တော့် ipad က ပိတ်လို့လည်း
    မရ မျက်နှာပြင်ကလည်း slide ကိုလည်း လုပ်လို့မရနဲ့ တန်းလန်းကြီးနဲ့ရပ်နေတယ် အစ်ကို ဘယ်လိုလုပ်ရင် အဆင်ပြေမယ်ဆိုတာကို
    တစ်ချက်လောက် ကူညီပြီးတော့ ဖြေပေးပါအုန်းဗျာ ။ ကလေးဆော့နေတာတော့ ကျွန်တော့ ရှေ့မှာ ဆော့နေတာဗျ hard ware ကတော့ ဘာမှမဖြစ်ဘူးအစ်ကို ။ မျက်နှာပြင်ကို လော့ချသလိုကြီး ဖြစ်နေတယ် ပိတ်လို့မရ ဘာမှလည်း လုပ်လို့မရဖြစ်နေတယ် အစ်ကို
    ကူညီပါအုံ.း ကျေးဇူးတင်လျှက်

    ReplyDelete
  4. အကိုရေ iOS7 အတွက် jailbreak ရနေပီ

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. Hdmovies install လုပ်လို့မရဘူး

    ReplyDelete
  7. Ako can't install. tell me to install app sync on cydia but it is not working. may be is it due to jailbreak?

    ReplyDelete
  8. brother , when i open appstorevn , loading very long time and never pop up application. pls assist .

    ReplyDelete
  9. cannot install applications bcoz certificate for local host is not valid. pls assist .

    ReplyDelete
    Replies
    1. Did you change Date before Install? And App version must be 3.2. This article worked eight months ago with iOS 7.0.3. iOS version may concern.

      Delete
  10. yes . brother. i already changed date and confirmed version 3.2. but my ios version is 7.1 . so cannot work on ios 7.1? anyway thanks bro.

    ReplyDelete
    Replies
    1. I haven't tested yet,bro. If I found a new way I will share it.

      Delete
  11. iPad Mini iOS 8.1 မှာရပါသလား။ ကျေးဇူးပြုပြီး စာပြန်ပေးပါ။

    ReplyDelete