Wednesday, January 22, 2014

iOS 7+ JB အတွက် Evasi0n Error ဖြေရှင်းနည်း

iOS 7+ ကို evasi0n နှင့် Jailbreak လုပ်ကြတဲ့အခါမှာ မကြာခဏ ကြုံတွေ့နေရတဲ့ပြဿနာ တစ်ခုရှိပါတယ်။ အဲဒါကတော့ 'ERROR: Failed to retrieve package info from internet' ဆိုတဲ့ error message တက်လာခြင်းပဲ ဖြစ်ပါတယ်။

Error ဖြစ်ပေါ်ရခြင်း အကြောင်း နှစ်ချက်ရှိနိုင်ပါတယ် (၁) evasi0n server overload ဖြစ်နေခြင်း (၂) မိမိအသုံးပြုနေသော Internet လိုင်းရဲ့ နယ်နိမိတ် အတားအဆီးကြောင့် evasi0n server နှင့် ချိပ်ဆက်၍ မရနိုင်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။ များသောအားဖြင့် ဒုတိယအကြောင်း အရင်းကြောင့် Error ဖြစ်တတ်ပါတယ်...



Evasi0n server overload ဖြစ်ခြင်း အတွက်ကိုမူ ပြန်လည် ကြိုးစားခြင်းဖြင့် ကျော်လွန်သွားနိုင်သော်လည်း internet လိုင်း နယ်နိမိတ် (proxy) အတားအဆီးကို ဖြေရှင်းရန် အတွက်မူကား -
  • Proxy အတားအဆီးမရှိသော (သို့) evasi0n server ကို access လုပ်နိုင်သော internet အခြားလိုင်း တစ်ခု ပြောင်းလဲ သုံးစွဲခြင်း
  • အခြားလိုင်း တစ်ခု သုံးထားသော mobile device မှ "WiFi Hotspot" ထုတ်လွှင့်ပြီး ချိပ်ဆက် အသုံးပြုခြင်း
  • မိမိ၏ internet လိုင်းကို အခြားနည်းလမ်းများ သုံး၍ proxy ကျော်ခြင်း၊ VPN (Virtual Private Network) ခံခြင်း တို့နှင့် ဖြေရှင်းပေးနိုင်ပါလိမ့်မည်။


"မိုးသိကြား" ဘလော့ခ်တွင် အခြားနည်းပညာ ဘလောခ့်များတွင် ကြိုးစားဖော်ပြထားသော ဆောင်းပါးများအား ကူးယူဖော်ပြလေ့ မရှိသော်လည်း အောက်ဖော်ပြပါ ဆောင်းပါးသည် evasi0n Error ကို ဖြေရှင်းရန်အတွက် Proxy ကျော်နည်း၊ VPN ပြုလုပ်နည်းတို့ကို ရေးသားထားပါသောကြောင့် မူရင်းရေးသားသူ "ကိုညီနေမင်း" အား Credit ပေး၍ စပ်ဆက်နေသော ဆောင်းပါးတစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။



မရှင်းလင်းသည်များကို ညီနေမင်း တွင် တိုက်ရိုက် မေးမြန်းနိုင်ပါသည်...


Credit to : ညီနေမင်း


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

1 comment :

  1. VPN နဲ့ လုပ်ရတာ အလွယ် ဆုံးပဲ ကျွန်တော် က တော့်free ပေးတဲ့  HOTSPOT SHIELD ကို တယ် http://download.cnet.com/hotspot-shield/

    ReplyDelete