Friday, January 10, 2014

Untether Jailbreak for iOS 6.1.3, 6.1.4, 6.1.5

iOS 7 ထွက်လာခဲ့ပေမယ့် အချို့ iDevice များဖြစ်ကြတဲ့ iPhone 3Gs, iPodTouch 4G တို့ဟာ iOS 7 ကို လိုက်တက်မလာနိုင်ကြတော့ပါဘူး၊ ဒါ့အပြင် iOS 6.1.3, 6.1.4, 6.1.5 တို့ကို နှစ်သက်စွာ သုံးစွဲနေကြဆဲ iDevice ပိုင်ရှင်များလည်း ရှိနေပါသေးတယ်...

iOS 6.1.3, 6.1.4, 6.1.5 ပိုင်ရှင်များအတွက် Untethered နည်းနှင့် Jailbreak လုပ်နိုင်မည့် Jailbreak Tool တစ်ခုကို "p0sixspwn" က (Windows, Mac) နှစ်မျိုးစလုံးအတွက် version 1.0.7 ကို ထုတ်ပေးလိုက်ပါပြီ။ "p0sixspwn" ရဲ့ Jailbreak Tool ဟာလည်း "evasi0n" ကဲ့သို့ပင် လွယ်ကူရိုးရှင်းသော "One Click Jailbreak" စနစ်ဖြစ်ပါတယ်..


"p0sixspwn" နှင့် Jailbreak လုပ်နိုင်မည့် iDevice များ

  • iPhone 3Gs
  • iPhone 4
  • iPhone 5
  • iPodTuoch 4G
  • iPodTuoch 5G
  • iPad 2
  • iPad 3
  • iPad 4
  • iPad Mini (1st Gen)

>> Download p0sixspwn (Windows)
>> Download p0sixspwn (Mac)


**လုပ်ငန်းစဉ်**

၁) Download ရယူထားသော zip file ကိုဖြည်ပြီး "p0sixspwn-v1.0.7-***.exe" file ကို Desktop ပေါ်သို့ ပြောင်းတင်ပြီးမှ Run ပါ။

၂) မိမိ၏ iDevice တွင် Passcode ခံထားပါက Passcode ပြန်ဖြုတ်ထားပေးပါ။

၃) iOS 6.1.3,4,5 တင်ထားသော iDevice ကို PC နှင့် ချိပ်ဆက်၍ "Jailbreak" ကို နှိပ်ပါ။


၎) Screen တွင် ဆက်လက် ဖော်ပြသည့် ညွှန်ကြားချက်များအတိုင်း တစ်ဆင့်ခြင်း လုပ်ဆောင်သွားပါ။

iOS 6.1.3,4,5 သွင်းထားသော iDevice မရှိတော့၍ ကိုယ်တိုင် မစမ်းသပ်ပေးနိုင်သော်လည်း ၁၀၀% အောင်မြင်စွာ Jailbreak လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်...
iOS 6+ iDevice များ ကံကောင်းနိုင်ကြပါစေ....


Credit to : p0sixspwn


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

11 comments :

  1. ကျွန်​​တော့ Iphone 5 Joe 7.0.4 မှာ location မှန်​ဘူးဖြစ်​​နေတယ်​ ဘယ်​လိုလုပ်​ရမလဲ ကူညီ​ဖြေကြား​ပေးပါဦး​နော်

    ReplyDelete
    Replies
    1. you go to itune and Restore ok but language english location myanmar

      Delete
  2. အကို ကျွန်တော့iPhone 4 iOS 7.0.4 ကို evasion 7 နဲ့jailbreak ခလုတ်ကိုနှိပ်ရင် error .failed လို့ပြနေတယ်

    ReplyDelete
  3. Window 7 နဲ့ evasion 7 မှာအဲဒီလိုerror.failed လို့ပြနေပါတယ်
    အဲဒါကျေးဇူးပြုပြီးဖြေပေပါနော်
    PC ပြောင်းလဲအဲဒီလိုပဲပြနေပါတယ်jailbreak button ကိုနှိပ်လိုက်ရင်တခါတည်းerror ပြပြီး exit ရောက်သွားတယ်

    ReplyDelete
  4. အစ်ကိုကျွန်တော်ထင်တာကတော့ အစ်ကိုကွန်ပြူတာမှာအင်တာနက်မချိတ်ထားလို့လားမသိဘူးခင်ဗျ။ jailbreak လုပ်မယ်ဆိုရင်အင်တာနက်လိုပါတယ်ခင်ဗျာ။

    ReplyDelete
  5. အင်တာနက်ချိတ်ထားပါတယ်အကို ဒေါင်းပြီးတော့တစ်ခါးတည်းဂျေးဘရိတ်လုပ်ပါတယ်အဲဒါError ပြနေတယ်

    ReplyDelete
  6. အင်တာနက်ကွန်နက်ရှင်မကောင်းလို့ဖြစ်နိုင်ပါသလားနားလည်သူများဖြေကြားပေးပါနော် ဖြေပေးတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete
    Replies
    1. ဟုတ်ပဲတယ် . ဖြစ်နေပါတယ် ဒီနေ့မှာ ဖြစ်နေတာဆိုရင် . နောက်နေ့မှာ ထပ်လုပ်ကြည့်ပါဦး .
      အနော်ထင်တာကတော့ evasion server မှာဖြစ်နေတာလို့ထင်ရပါတယ် .

      Delete
    2. redsnow 9.15b3 နဲ့အစဉ်ပြေပါတယ်... tethering jailbreak ရပါတယ်... လိုအပ်တာတွေကတော့ redsnow0.9.15b3 ရယ်၊ version 6.0.ipsw ရယ် ပဲလိုပါတယ်... အဲဒါတွေရှိရင်တော့ရပါတယ်ခင်ဗျာ... အဲဒါတွေရှိပီးလုပ်ရတာအစဉ်မပြေတဲ့သူများရှိခဲ့ရင်ပြောပါကျွန်တော်တက်နိုင်သလောက်ကူညီပါ့မယ်...:)

      Delete
    3. မဟုတ်ပါဘူး iTunes ကို Version အနိမ့်ပြန်တင်ပေးရမှာပါ အကိုရေ

      Delete
  7. cannot jailbreak for iphone 4S?

    ReplyDelete