Monday, February 17, 2014

FLEX 2 အခြေခံ အသုံးပြုနည်း နှင့် Patches များဖန်တီးခြင်း

iOS Apps များကို Programming, Code တို့ကို တတ်မြောက်ထားရန် မလိုအပ်ပဲ စိတ်ကူးရှိသည့်အတိုင်း ပြင်ဆင်ရေးသားခြင်း (Customize) တို့ကို မိမိ၏ iDevice တစ်ခုထဲမှာတင် လုပ်ဆောင်နိုင်မယ့် Flex App လေးနဲ့ တွေ့ထိပေးချင်ပါတယ်...

Cydia ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်မြင့် App တစ်ခုဖြစ်တဲ့ "Flex" က ကိုယ်ပိုင် mini Tweaks (Patches) များကို ဖန်တီးနိုင်ပြီး၊ မိမိဖန်တီးထားသော tweaks များကို Flex ရဲ့ Cloud server မှာ ပြန်လည် မျှဝေပေးနိုင်ပါတယ်...

"Flex" ကို Update လုပ်လာခဲ့ရာတွင် အခုဆိုရင် iOS 7+ အတွက် "Flex 2" အထိရောက်လာခဲ့ပါပြီ...

"Flex" ကို အသုံးပြုပြီး မိမိကိုယ်တိုင် mini tweaks တွေကို မဖန်တီးချင်ဘူး ဆိုရင်တောင်မှ၊ မိမိ device ထဲမှာ install လုပ်ပြီး သုံးနေတဲ့ Apps တွေအတွက် အသင့်ဖန်တီးပြီးသား tweaks တွေကို Free download လုပ်ပြီး သုံးနိုင်ပါသေးတယ်...

ဘယ်လို Tweaks မျိုးတွေဖြစ်မလဲ ဆိုရင်တော့...
အချို့ Game တွေအတွက် Coins တွေ အသင့်ထည့်ပေးထားတာမျိုး၊ Apps တွေမှာဆိုရင် ဥပမာ YouTube က အသက်ကန့်သတ်ချက်တွေကို ကျော်ထားတာမျိုး၊ Facebook ရဲ့ sponsor post တွေကို ဖျောက်ပေးထားတာမျိုး အစရှိသဖြင့် အများကြီး အသင့်သုံးရန် ရှိနေပါတယ်...

Tweaks တွေကိုလည်း တစ်ကူးတစ်က လိုက်ရှာဖို့ မလိုပဲ မိမိ Install လုပ်ပြီးသုံးနေတဲ့ Apps တွေရဲ့ Tweaks တွေကို အလွယ်တစ်ကူ ရယူနိုင်မှာဖြစ်ပါတယ်..

"Flex" ရဲ့ ကောင်းမွန်တဲ့ အချက်က Tweaks များကြောင့် မူရင်း App မှာ ပြဿနာဖြစ် ထိခိုက်တာမျိုး လုံးဝမရှိပဲ tweaks များကို မသုံးချင်တဲ့ အခါမှာ Off ထားခြင်း၊ Delete လုပ်ခြင်းတို့ အန္တရာယ်ကင်းစွာ ပြုလုပ်နိုင်ပါတယ်..

"Flex" အလုပ်လုပ်ပုံကတော့ Application များရဲ့ Library ထဲထိဝင်ရောက်ကာ မိမိပြင်ဆင်လိုသော အပိုင်းကို ရှာဖွေ ပြင်ဆင်ခွင့် ပေးထားခြင်း ဖြစ်ပါတယ်။ ပြင်ဆင်လိုက်တဲ့ patch များကို Mobile/Cydia Substrate က အလုပ်လုပ်ပေးပါတယ်။
မည်သူမဆို စမ်းသပ်လုပ်ဆောင်နိုင်အောင် ရည်ရွယ်ထားလို့ coding ၏ အတွင်းပိုင်း နက်နက်နဲနဲ အထိတော့ ဝင်ရောက်ခွင့် မပြုထားပါဘူး။
Flex 2 ကို Full version အဖြစ် Cydia တွင် $3.99 နှင့် ဝယ်ယူထား မှသာလျှင် Cloud section ကို အသုံးပြုနိုင်ပါမည်။ Free ကိုတော့ အောက်ပါလင်ခ့်မှာ download လုပ်နိုင်ပါတယ်..

>> Flex 2 v1.928.deb
>> How to Install .DEB files





**Flex နဲ့ Patch တစ်ခု ဖန်တီးကြည့်ရအောင်**

နမူနာအဖြစ် YouTube App ကနေ အချို့ video clips များမတွက် အသက်အရွယ် ကန့်ချက်ချက်ကို ဖယ်ထုတ်နိုင်မယ့် "Patch" တစ်ခုကို ကြိုးစားကြည့်ရအောင်..

     - "Flex" ၏ Patches tab ထဲမှ "+" ကိုနှိပ်၍ YouTube App ကို ရွေးချယ်ပါ။
     - "YouTube Patch" ကိုနှိပ်၍ နှစ်သက်ရာ အမည်ပေးပါ။ အမည်ပြောင်းပြီးပါက 'Done' နှိပ်ပါ။


     - ထိုနောက် "Add Units.." နှိပ်ပါ။
     - "YouTube" ကို ဆက်နှိပ်ပါ။


     - Search box တွင် "adult" ဟု keyword နှင့် ရှာပါ။
     - "isAdultContent" ကို ရွေးပြီး Cancel နှင့် ပထမဆုံး နေရာရောက်အောင် ပြန်သွားပါ။



     - "Unit for isAdultContent" ကိုရွေးပြီး Override Value တွင် "FALSE" ဟုရွေးပေးလိုက်ပါ။        Patch တစ်ခု အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါပြီ..


အခုဆိုရင် "Patches" ထဲရှိ "YouTube" App ၏ Patch ကို အမှန်ခြစ်ရွေးပေးလိုက်ပြီး YouTube ကို ပြန်ဖွင့်ပါက အသက်ကန့်သတ်ချက်ကို ကျော်သွားနိုင်ပြီဖြစ်ပါတယ်...

မိမိကိုယ်ပိုင် ဖန်တီးထားသော Patches များကို Cloud section တွင် Register ပြုလုပ်၍ Uplode တင်ပြီး Share နိုင်ပါပြီ...
မိမိတင်လိုက်သော "Patches" များကိုတော့ Approval ကျပြီးမှသာ Cloud တွင် download လုပ်ရန် ပေါ်လာပါလိမ့်မည်..

Video Tutorial ထဲတွင်လည်း "MovieBox" အတွက် ကြော်ငြာများကို ဖယ်ရှားပေးနိုင်မည့် Patch ပြုလုပ်နည်းကို ဖော်ပြပေးထားပါသည်...
Flex 2 နှင့် အသုံးဝင်သော mini Tweaks (Patches) များကို ဖန်တီးနိုင်ကြစေရန် ဆန္ဒပြုလျှက်...




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

3 comments :

  1. အစ်ကိုရေ ipad 4 (4G+Wifi) မှာရော install လုပ်လို့ရပါသလားခင်ဗျာ။ iphone အတွက်ဘဲသီးသန့်သွင်းလို့ရတာလားခင်ဗျာ။

    ReplyDelete
  2. UFC patch လေးရချင်ပါတယ်။။ ကျေးဇူးပါ

    ReplyDelete