Saturday, May 10, 2014

Camera အဆင့်မြှင့်ရန် Nokia မှ ပညာရှင် Apple ငှားရမ်း

Nokia Lumia ရဲ့ ဓါတ်ပုံပိုင်းဆိုင်ရာမှ အကြီးအကဲတစ်ဦးဖြစ်သူ "Ari Partinen" ကို Apple မှ အလုပ်ခန့်အပ် ငှားရမ်းလိုက်ပြီ ဖြစ်ပါတယ်။

ဒီအကြောင်းကို "Partinen" ကိုယ်တိုင်က လာမယ့် ဂျွန်လမှာ Apple နဲ့ စတင်လက်တွဲဖို့ သေချာသွားပြီ ဖြစ်ကြောင်းနဲ့ 'Cupertino' မှာ သူ့အနေနဲ့ အခန်းကဏ္ဍသစ် စတင်တော့မှာ ဖြစ်ကြောင်း သူ့ရဲ့ Twitter မှာ ဖော်ပြထားပါတယ်..


Nokia မှာ သူတာဝန်ယူခဲ့ရတဲ့ အပိုင်းကတော့ ဓါတ်ပုံ ရိုက်ယူလိုက်တဲ့ Image quality ကို ပိုမိုသာလွန် ကောင်းမွန်ပြီး ကင်မရာရဲ့ အစိတ်အပိုင်းနှင့် ဟန်ချက်ညီညီ တွဲဖက်လုပ်ဆောင်နိုင်အောင် စွမ်းဆောင် ပေးရခြင်းဖြစ်ပါတယ်။ တစ်ပြိုင်တည်းမှာပဲ ကင်မရာ အစိတ်အပိုင်းထုတ်လုပ်မှု၊ ကမ္ဘာ့ စံနှုန်းမီအောင် အရည်အသွေး ထိန်ချုပ်ခြင်းတို့ကိုပါ တာဝန်ယူထားရပါတယ်။

"Partinen" ဟာ Nokia ရဲ့ '808 PureView', 'Nokia N8' device တွေအတွက် အလုပ်လုပ်ပေးခဲ့ရပြီး ထို ရလာဒ်ကောင်းများက ဓါတ်ပုံပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုကို အသိမှတ်ပြုခံခဲ့ရခြင်း ဖြစ်ပါတယ်။

Nokia 808 PureView ရဲ့ ကင်မရာဟာ 41MP(MegaPixel) sensor စွမ်းဆောင်ရည် ရှိပါတယ်။


Apple က နောက်ထပ် မျိုးဆက်သစ် iPhone ကင်မရာအတွက် optical image stabilization နဲ့ အခြား အဆင့်မြှင့် လုပ်ဆောင်မှုတွေ ပြုလုပ်ရန် 'Partinen' ကို ငှားရမ်းလိုက်တာ ဖြစ်ပါတယ်။

Nokia က လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစတင်လို့ သူ့ဖုန်းရဲ့ ကင်မရာနဲ့ ပက်သက်ပြီး အကြီးအကျယ် အားသွန်ခွန်စိုက် အာရုံစိုက်ခဲ့တဲ့ အတွက် အခုဆိုရင် Nokia Lumia1520 မော်ဒယ်ရဲ့ ကင်မရာ အရည်အသွေးဟာ 20MP PureView ဖြစ်လို့နေပါပြီ...

ဒါကြောင့်မို့ နောက်ထပ် iPhone မျိုးဆက်သစ်များမှာ ကင်မရာရဲ့ အရည်အသွေး အများကြီး ပိုမို ကောင်းမွန်လာလိမ့်မယ်လို့ တစ်ထစ်ချ ယုံကြည်မိပါတယ်..




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား Side bar တွင် "Donate" လုပ်ခြင်းဖြင့် မေတ္တာတုံပြန်နိုင်ပါသည်...

မိုးသိကြား

Facebook Comments

0 comments :

Post a Comment