Sunday, June 22, 2014

iPhone 6 အကြောင်း စုစည်းမိသမျှ

iPhone နဲ့ ပက်သက်ပြီး ခန့်မှန်းထားတဲ့ သတင်းများအရ ဆိုရရင် iPhone 6 ထွက်လာဖို့ အချိန်ဟာ သုံးလလောက်ပဲ လိုပါတော့တယ်။
ဒါကြောင့်မို့ iPhone 6 နဲ့ ပက်သက်ပြီး ကြားသိခဲ့ရသမျှ ခန့်မှန်း သတင်းများကို ပြန်လည် စုစည်း၍ ဖော်ပြလိုက်ပါတယ်..


Phablet (phone + Tablet) ပေါင်းစည်းခြင်း သဏ္ဍန်

iPhone 6 ရဲ့ အရွယ်အစားဟာ လက်ရှိ iPhone size ထက် ကြီးလာမှာလားဆိုတာကို ဇဝေဇဝါ ဖြစ်နေဖို့ မလိုတော့ပဲ ဘယ်အရွယ်လောက် ဖြစ်လာမလဲ ဆိုတာကိုပဲ စောင့်ကြည့်ရပါလိမ့်မယ်။
သတင်းများအရ iPhone 6 ကို Size (4.7inch) နှင့် (5.7inch) model နှစ်မျိုး ထုတ်လာမယ်လို့ သိရှိထားပါတယ်။

Android Smartphone တွေ တစ်နေ့တစ်ခြား အရွယ်အစား ကြီးမားလာမှုက iPhone ရဲ့ ဈေးကွက်ကို ထိခိုက်စေနိုင်တာကြောင့် ယခု iPhone ရဲ့ အရွယ်အစား (4inch Display) အပေါ် ငြိုငြင်နေတဲ့ customer များကို ရွေးချယ်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

2013 ခုနှစ် အစောပိုင်းတုန်းက iPhone 5s နဲ့ iPhone 6 (5-inch Display) တို့ အတူတူ ထွက်လာမယ်လို့ ခန့်မှန်း သတင်းထွက်ခဲ့ပေမယ့် အဲဒီခန့်မှန်းချက် မှားယွင်းခဲ့ပါတယ်။
2013 စက်တင်ဘာလောက်မှာတော့ Apple က screen size ကို 4.8-inch ကနေ 6-inch လောက်ထိ ချဲ့ဖို့ သုတေသန လုပ်နေတယ်လို့ Wall Street ဂျာနယ်က ဖော်ပြခဲ့ပါတယ်။
ယခုနှစ် အစောပိုင်းမှာတော့ screen size ကြီးလာဖို့ အတည်ဖြစ်ကြောင်း သတင်းနဲ့အတူ ထုတ်လုပ်မှုပိုင်း ပြဿနာအချို့ကြောင့် iPhone 6 model နှစ်ခုမှာ screen size ပိုကြီးတဲ့ iPhone 6 model က အနည်းငယ် နောက်ကျပြီးမှ ထွက်လာလိမ့်မယ် ဆိုတဲ့ သတင်းများ ထွက်လာပါတယ်။


ပိုမိုပါးလွှာခြင်း

ထွက်ခဲ့ပြီးတဲ့ iPhone model တော်တော်များများမှာ Apple က အပြင်ပိုင်းထက် အတွင်းပိုင်း မြှင့်တင်မှုများကိုသာ ပိုမို အားစိုက် လုပ်ဆောင်ခဲ့ပါတယ်။
iPad Air ရဲ့ အောင်မြင်မှုကို မူတည်ပြီး "iPhone Air" concept ကို ဖန်တီးကာ ပိုမိုပါးလွှာတဲ့ iPhone ကို Apple က ထုတ်ချင်နေပါတယ်။ ဒီဆန္ဒကို ယခု iPhone 6 မှာ အကောင်အထည် ဖော်နိုင်ပါပြီ..

iPhone 6 ရဲ့ အထူဟာ 7mm သာရှိပြီး iPad Air ထက် 0.5mm ပိုပါးပြီး၊ iPhone 5s ထက် 0.6mm ပိုမို ပါးလွှာပါတယ်။ Screen size ပိုကြီးတဲ့ iPhone 6 မှာ 'On/Off' button ကို နေရာ ပြောင်းထားပြီး Volume button နှစ်ခုကို တစ်သားထဲ တွဲလျှက် ပေါင်းစည်းလိုက်ပါတယ်။


လက်လက်ထနေမယ့် Apple Logo

iPhone 6 ကိုယ်ထည်ရဲ့ နောက်ကျောဖက်မှာ ပါရှိမယ့် Apple logo ဟာ Mac computer ရဲ့ အဖုံးပေါ်က Apple logo လေးကဲ့သို့ ဝင်းဝင်းပပ ဖြစ်လာဖို့ ရှိပါတယ်။
ဖော်ပြပါပုံမှာ မြင်တွေ့ရတဲ့အတိုင်း iPhone 6 back panel ကို ပန်းသီးပုံ အတိုင်း ထွင်းဖေါက် ထားပါတယ် ဒါ့အပြင် Antenna breaks လို့ ယူဆရတဲ့ အရာအချို့ကိုလည်း iPhone 6 ရဲ့ back panel မှာ တွေ့ရပါတယ်။


အကြမ်းခံ စဖိုင်းယားမှန်

အစင်းရာ အခြစ်ရာ လုံးဝ မထင်စေနိုင်တဲ့ စဖိုင်းယားမှန်နဲ့ ပြုလုပ်မယ့် Touch screen ကတော့ iPhone 6 မှာ အခမ်းနားဆုံး အစိတ်အပိုင်း တစ်ခုဖြစ်လာပါလိမ့်မယ်။

2013 ခုနှစ်ကုန်ပိုင်းလောက်က Arizona မှာ Sapphire glass ထုတ်လုပ်ဖို့ စက်ရုံ ဖွင့်လှစ်နေပြီး တစ်နှစ် တစ်နှစ်မှာ iPhone display သန်း(၁၀၀) ကနေ သန်း(၂၀၀) ကြား ထုတ်လုပ်နိုင်ဖို့ လုပ်သား (၇၀၀) ကိုလည်း ခန့်အပ်နေပါတယ်လို့ Apple က ကြေငြာထားခဲ့တာ ရှိပါတယ်။

ပြီးခဲ့တဲ့ April လမှာ Arizona က ရလာတဲ့ သတင်းကတော့ Sapphire glass တွေကို April အကုန်ကစလို့ တရုပ်နိုင်ငံကို iPhone cover တွေထုတ်လုပ်နိုင်ဖို့ တင်ပို့နေပြီလို့ ဖော်ပြခဲ့ပါတယ်။


ဘောင်အပြည့် ဖြစ်နိုင်မလား...?

အစောပိုင်း သတင်းများအရ iPhone 6 ရဲ့ display screen ဟာ ဟိုဖက်ထိပ် ဒီဖက်ထိပ် အပြည့်နဲ့ ဘောင်ပျောက် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ phone ရဲ့ ကိုယ်ထည်ကို မချဲ့ပဲ display ကို ကြီးအောင် ပြုလုပ်ဖို့ဆိုရင်တော့ ဘောင်အပြည့် ထားပေးရမှာဖြစ်ပါတယ်။

မည်သို့ဖြစ်ပါစေ iPhone 6 ရဲ့ ဘောင်နှုတ်ခမ်းသားဟာ လက်ရှိ iPhone များထက်ပိုမို ကျဉ်းမြောင်းလာမယ် ဆိုတာကိုတော့ နောက်ဆုံးရ leak photo ကို ကြည့်ရင် သိနိုင်ပါတယ်။
အဆိုပါ ဓါတ်ပုံကို ကြည့်ရင် Touch ID Home button နဲ့ screen ဟာလည်း အလွန် နီးကပ်နေတာကို မြင်ကြရမှာပါ။


Button အပြောင်းအလဲများ

iPhone 6 (အကြီး) မှာ အခြားဖုန်းများနဲ့ မတူတာ တစ်ခုကတော့ အဖွင့် အပိတ် (On/Off switch) ကို အပေါ်ဖက်ကနေ ဘေးဖက်သို့ အသုံးပြုရ လွယ်ကူစေရန် ပြောင်းထားလိုက်ပြီး Volume button နှစ်ခုကိုလည်း တစ်သားထဲ ဖြစ်အောင် ပြုပြင်လိုက်တာကို ဖ်ာပြပါပုံအရ တွေ့နိုင်ပါတယ်။


ကိုယ်ထည် လုံးဝန်းလာမှာလား..?

iPhone 6 ရဲ့ ပုံသဏ္ဍန်ကို လက်ထဲမှာ ကိုင်တွယ်ရတာ ပိုမိုလွယ်ကူမြဲမြံတဲ့ iPodTouch ကဲ့သို့ လုံးလုံးပြည့်ပြည့်လေး ဖြစ်လာဖို့ကို တော်တော်များများက မျှော်လင့်ထားကြပါတယ်..


အဆင့်မြင့် ကင်မရာ

iPhone 6 မှာ ပါဝင်လာမယ့် နောက်ထပ် ထူးခြားမူ တစ်ခုကတော့ အဆင့်မြှင့်တင်ထားတဲ့ ကင်မရာပဲဖြစ်ပါတယ်။ Apple ဟာ Nokia ရဲ့ 'PureView' ကိုဦးဆောင်တဲ့ camera engineer " Ari Partinen" ကိုလည်း စည်းရုံးနိုင်ခဲ့တဲ့အပြင်၊ ပုံရိပ်တွေကို ငြိမ်အောင် စွမ်းဆောင်တဲ့နေရာမှာ Optical အစား electronic image-stabilization system နည်းပညာကိုလည်း လက်ရှိမှာ ပိုင်ဆိုင်ထားပါပြီ။

ဒါကြောင့် iPhone 6 ရဲ့ ကင်မရာဟာ Pixels 1.75 ပါရှိမယ်လို့ မျှော်လင့်ထားပါတယ်၊ လက်ရှိ iPhone 5s ရဲ့ ကင်မရာကတော့ pixels 1.5um ရှိနေပါတယ်။


အထက်ဖော်ပြပါ အချက်အလက်များထဲက မည်သည့် အချက်တွေက အမှန်တစ်ကယ် ဖြစ်လာလိမ့်မလဲ ဆိုတာကိုတော့ iPhone 6 ထွက်လာတဲ့အခါမှသာ အဖြေညှိနိုင်ပါတော့မယ်..





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား Side bar တွင် "Donate" လုပ်ခြင်းဖြင့် မေတ္တာတုံပြန်နိုင်ပါသည်...

မိုးသိကြား

Facebook Comments

0 comments :

Post a Comment