လွန်ခဲ့သော နှစ်အနည်းငယ် ဝန်းကျင်ထဲက Apple က Smart watch ထုတ်မယ် ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ပြီး ဟိုနေ့ထွက်မယ် ဒီနေ့ထွက်မယ်နဲ့ ကောလဟာလ သတင်းတွေ ရေပန်းစား ပျံ့နှံ့ခဲ့ပါတယ်။
အခုတော့ ဒီသတင်းတွေ အားလုံး ရပ်တန့်ဖို့ အချိန်ကျလာပါပြီ...
Apple က ထုတ်လုပ်မယ့် 'iWatch' (လက်ပတ်နာရီ) ကို iOS 8 နဲ့အတူ လာမယ့် အောက်တိုဘာလမှာ Apple Retail Store တွေမှာ တွေ့ရတော့မှာ ဖြစ်ကြောင်း ဂျပန် စီးပွားရေး သတင်းစာတစ်စောင် ဖြစ်တဲ့ "Nikkei" က သတင်း ထုတ်ဝေထားပါတယ်။
Apple က နောက်ဆုံးအဆင့် အချောသတ်နေတဲ့ iWatch ကို OLED touchscreen, Curve shape ပုံသဏ္ဍန်ရှိပြီး iOS 8 နဲ့အတူ မြင်တွေ့ရမှာဖြစ်ပါတယ်။
iWatch မှာ ကျန်းမာရေးဆိုင်ရာ Fitness & Health tracking system ပါရှိပြီး Biometric sensor ကတစ်ဆင့် သက်ဆိုင်ရာ Application ကို အသုံးပြုပြီး ကိုယ့်ရဲ့ ခန္တာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ calorie consumption, sleep activity, blood oxygen level အစရှိသော အချက်အလက်များကို သိရှိနိုင်မှာ ဖြစ်ပါတယ်။
တစ်လကို iWatch အလုံးရေ ၃သန်း မှ ၅သန်း ထိ ထုတ်လုပ်နိုင်ဖို့ Apple က စီစဉ်ထားခဲ့ပေမယ့် ယခုလမှ စတင်ကာ စက်တင်ဘာလတွင် ထွက်ရှိလာမယ့် iPhone 6 အမျိုးအစား နှစ်ခုစလုံးနှင့်အတူ iWatch ထုတ်လုပ်မှုကိုလည်း အရှိန်မြှင့်တင် လိုက်ပါတယ်။
iWatch ကို အရွယ်စား နှစ်မျိုး (1.3inch) နဲ့ (1.5 / 1.7inch) အဖြစ် ထွက်ရှိလာလိမ့်မယ်လို့ ထင်ကြေးပေးထားကြပါတယ်..
ခန့်မှန်ချက်များရဲ့ အဖြေကိုတော့ အောက်တိုဘာလ iWatch တစ်ကယ် ထွက်လာတဲ့အခါမှာ သိရှိနိုင်ပါလိမ့်မည်။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
မိုးသိကြား ဘလော့ခ်အား Side bar တွင် "Donate" လုပ်ခြင်းဖြင့် မေတ္တာတုံပြန်နိုင်ပါသည်...
မိုးသိကြား
0 comments :
Post a Comment