မေး ။ NTU မှာကျောင်းတက်ချင်တဲ့သူရှိလို့မေးအုံးမယ်နော်
အဲ့ကျောင်းကိုလျှောက်ချင်လို့
ဒါပေမယ့် ရန်ကုန်ကဆရာတစ်ဦးကိုမေးကြည့်တာ အဲ့ကျောင်းရဖို့ကမလွယ်ဘူးတဲ့
entrance test ၀င်ဖြေလည်းမရနိုင်ဘူးတဲ့
ကုန်တာမှန်သမျှအလကားပဲဆိုရင်တော့ထိုင်နေအကောင်းသားဆိုသလိုပေါ့ဗျာ
ကျနော်သိသမျှပေါ့နော်
အခု april မှာentrance test ရှိတယ် june 2009 intake ပေါ့
အဲ့တာတက်ချင်တာ အဲ့ကျောင်းရရင် မိုက်မယ်ဆိုတာပဲ loan ချည်းလို့ရတယ်
ကျူရှင်ခနဲ၂ပဲပေးရတော့မယ်တဲ့ ကျူရှင်ခအများကြီးလည်းမတတ်နိုင်ဘူးဗျာ
တက်ချင်တဲ့ဘာသာက civil enginnering ဖြစ်၂ပေါ့ဗျာ အဓိကက entrance test ပါဗျာ
အဲ့တာအောင်မှဆက်လုပ်ရမှာ ဒါပေမယ့် ကျနော်သိချင်တာက အဲ့ဒီကျောင်းကို မြန်မာကလျှောက်တဲ့ကျောင်းသား၊ကျောင်းသူက ၀င်ခွင့်ရနိုင်ပါ့မလား
I.S က ၆.၅ ရတယ် under grad တော့ဝင်မယ် ဒါပေမယ့် အင်ဂျင်နီယာဘက်ဂရောင်းမရှိပါ
သို့သော် entrance test ၀င်ရင်တက်လို့ရသလား
အဲ့တာလေး ကျနော့ကို နဲနဲဖြေကြားပေးပါအုံး...
ဖြေ ။ မလျှောက်ရသေးပဲနဲ့ ကြိုပြီး စိတ်ဓါတ်မကျပါနဲ့..
ကျွန်တော် NTU ကပါ..
ကျောင်းမှာ မြန်မာပြည်ကလာတဲ့ မြန်မာတွေ အများကြီးပါ..
Master (PostGrad) တက်မဲ့သူ ဆိုရင်တော့
Degree ရှိဖို့က အဓိကပါ..
Experience ၂ နှစ်ရှိမယ်၊ IELTS Band 7 အထက်ရမယ် ဆိုရင်တော့ ပိုကောင်းပါတယ်..
Interview မှာ သေသေချာချာ ဖြေနိုင်ဖို့က အရေးကြီးပါတယ်..
Degree (UnderGrad) တက်မဲ့သူ ဆိုရင်တော့
၁၀ တန်း English, Maths, Science အမှတ်ကောင်းရပါမယ်..
ှSAT I လိုပါတယ်.. SAT II ပါရှိရင် ပိုကောင်းပါတယ်..
IELTS နဲ့ တင်မယ် ဆိုရင်တော့ Band 6.5 or 7 လောက် ရထားသင့်ပါတယ်..
မေး ။ ကျေးဇူးတင်ပါတယ်ဗျာ..
အိုင်အက်စ်က 6.5 ပါ
အန်ဒါဂရတ်တက်မှာပါ
အန်းထရန့်အိပ်ဇမ်းကို အေပရယ်မှာဖြေမှာ
အဲ့တာ ရရင်တောင်တက်လို့ရပါ့မလား
နဲ၂လောက်အကျယ်လေးပြောပြပေးပါလား
ကျေးဇူးတင်ပါတယ်...
ဖြေ ။ Undergrad Study က ကျွန်တော်လည်း အရမ်း Detail ကြီးတော့ မသိပါ..
သိသလောက်ကတော့ Entrance Test က English and Maths ပါ..
ဒါပေမယ့် ၁၀တန်း Maths အမှတ်ကောင်းရင် Englsih ပဲ ဖြေရပါတယ်..
English ကတော့ IELTS style ပါပဲ.. Essay and Interview က အရေးကြီးပါတယ်..
Essay ကတော့ Course related လာတာ များပါတယ်..
ဒီ Course ကို ဘာလို့ တက်ချင်လဲ.. ပြီးရင် ဘာတွေ လုပ်မလဲ ဆိုတာမျိုးတွေပါ..
Interview မှာ သူတို့နဲ့ ယှဉ်ပြီး Interactive ဘယ်လောက်ပြောနိုင်လဲ ဆိုတာ ကြည့်ပါတယ်..
ွGraduate Studies မှာတော့ Shortlisted ဖြစ်သွားပြီ ဆိုရင် Essay and Interview ပဲ ဖြေရပါတယ်..
ကျွန်တော်ဖြေတုန်းကတော့ Essay က
ဒီ Course က ကျွန်တော်နဲ့ ဘာကြောင့် ဘယ်လို သင့်လျော်တယ်ဆိုတာရယ်..
ကျွန်တော် ဒီ Course ပြီးရင် ဒီ Field မှာ ဘာတွေ Contribute လုပ်မယ် ဆိုတာတွေ ရေးရပါတယ်..
Interview က Interactive အဓိကပါ.. Presentation တွေ၊ Lecture ပေးတာတွေ လုပ်နိုင် မလုပ်နိုင် သိချင်လို့ပါ..
( Course တက်နေတုန်းမှာ တကယ်လည်း Undergrad တွေကို ၄၅ မိနစ် Lecture သွားပေးခဲ့ရဘူးပါတယ်..)
စကားတော့ ပြောနိုင်ရပါမယ်.. ရပ်နေလို့ ကြောင်နေလို့ မရပါဘူး..
ကျွန်တော်နဲ့ Interviewer နဲ့ စကားထိုင်ပြောတာ ၁ နာရီကျော် ကြာပါတယ်..
Applcation စတင်တင်ခြင်းမှာ ကိုယ့်မှာရှိတဲ့ ဘွဲ့လက်မှတ်တွေ၊ Certificate တွေ ကို
နိုတြီ လုပ်စရာ လိုရင် သေချာလုပ်ပြီး Copy ကောင်းကောင်းနဲ့ တင်ပေးပါ..
အိမ်ထောင်စုစာရင်းတို့၊ မွေးစာရင်းတို့လည်း လိုပါတယ်..
Work Experience ရှိတယ်ဆိုရင် လုပ်ခဲ့တဲ့ Company က ထောက်ခံချက် တောင်းပြီး တင်ပေးပါ..
( အမှန်အကန် ဖြစ်ဖို့တော့ လိုပါတယ်.. ကျောင်းက ရန်ကုန်ကို ဖုန်းဆက်ပြီး မေးတတ်ပါတယ်..)
နောက်တစ်ခု.. ဖုန်းရော Email ရော သေချာ ထည့်ပေးပါ.. ဘန်းကျော်က Email တွေက သိတဲ့ အတိုင်း..
HADES တုန်းက အဖြစ်ဆိုးပုံများ.. Application တင်ပြီး သင်္ကြန်မှာ ရန်ကုန်ခဏ ပြန်ကဲမိပါတယ်..
အိမ်ဖုန်းကလည်းပျက်.. Email ကလည်း Delay ဖြစ်ပုံများ ၂၂ ဧပြီ Interview လာပါဆိုတဲ့ Email ကို
၂၄ ဧပြီမှ ရတယ်.. ကောင်းရော..
အမြန်ပြန်လာပြီး School မှာ အကျိုးအကြောင်း ရှင်းပြလို့ရလို့ တော်သေးတာပေါ့..
မေး ။ ကျေးဇူးပါ....
တစ်ဆင့်ပြန်လည်ဖော်ပြသည်
မိုးသိကြား
Saturday, October 4, 2008
ပညာရေး အမေးအဖြေ..
Facebook Comments
Subscribe to:
Post Comments
(
Atom
)
0 comments :
Post a Comment