Tuesday, December 31, 2013

iOS 7+ အတွက် မြန်မာစာ နှင့် မြန်မာကီးဘုတ် မှန်ကန်စွာ သွင်းယူနည်း

iOS 7 အတွက် Jailbreak ထွက်ပြီးခဲ့သော်လည်း မြန်မာစာနှင့် လက်ကွက်ကို ချက်ခြင်း သွင်းမရခဲ့လို့ Jailbreak ရဲ့ အနှစ်အရသာကို အပြည့်အဝ မခံစားခဲ့ကြရသလို ဖြစ်ခဲ့ပါတယ်။
မြန်မာစာနှင့် လက်ကွက်ကို လိုချင်ဇောဖြင့် Font နှင့် Keyboard အဟောင်းတွေကို သွင်းမိတဲ့အတွက် iOS "Crash" ဖြစ်ပြီး Restore အခါခါ ပြန်လုပ်ခဲ့ကြရသူတွေလည်း မနည်းပါဘူး။

ယခုတော့ အဆိုပါ အခက်အခဲများကို ပြေလည်စေနိုင်ဖို့ အတွက် မြန်မာ Developers များက ဝိုင်းဝန်း၍ iOS 7+ နှင့် အဆင်ပြေစေမယ့် မြန်မာစာနှင့် လက်ကွက်ကို ထုတ်ဝေပေးလိုက်ပါပြီ...


iOS 7+ အတွက် မြန်မာစာနှင့် လက်ကွက်ကို Developer များဖြစ်ကြသော ကိုသန့်သက်ခင်ဇော်၊ ကိုစေတန် နှင့် ကိုမိုးစက်တို့က သီးခြားစီ develope လုပ်ပေးထားကြပါတယ်။
ဒီအတွက် သုံးစွဲသူများအနေနှင့် ဘာကို Install လုပ်ရမှန်းမသိပဲ အနည်းငယ် ရှုပ်ထွေးစေနိုင်ပါတယ်။ အကယ်၍ မှားယွင်းစွာ Install လုပ်မိပါက iOS Crash ဖြစ်ခြင်း၊ Boot Looping ဖြစ်ပြီး Apple Logo ကနေ မတက်လာတော့တဲ့ အခြေအနေများ ဖြစ်တတ်ပါတယ်။

လိုအပ်ချက်များ
  • iDevice သည် iOS 7+ Jailbreak ဖြစ်ထားရန်
  • Cydia ကို version Update လုပ်ထားရန်


မှတ်ချက်
  • အစကနဦး iOS 7 အတွက် ဖောင့်မရသေးခင်က ဖောင့်အဟောင်း "Zawgyi Font iOS" ကို သွင်းထားမိခဲ့ပါက အရင်ဆုံး "Remove" လုပ်ပါ။
  • "ZawgyiOne-Font" profile ကို install လုပ်ထားခြင်းက ပြဿနာမရှိပါ။ (မကြိုက်လျှင် Remove လုပ်နိုင်ပါသည်)

iDevice များတွင် မြန်မာစာနှင့် လက်ကွက် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အောက်ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
မြန်မာစာနှင့် လက်ကွက် အတွက် Source နှစ်ခုကို သွင်းယူရမှာဖြစ်ပါတယ်။



လုပ်ငန်းစဉ်

မြန်မာစာ အတွက် Install Source (1)

  • Cydia -> Sources -> Edit -> Add တွင် " http://cydia.macforus.com " ကို သွင်းယူပါ။
  • Sources ထဲက "Mac For US repo" ရှိ "Zawgyi iOS 7 Font" ကို Install လုပ်ပါ။



မြန်မာလက်ကွက် အတွက် Install Source (2)

  • Cydia -> Sources -> Edit -> Add တွင် " http://ttkz.me/apt/ " ကို သွင်းယူပါ။
  • Sources ထဲက "ttkz.me" ရှိ "ttKeyboard for iOS7 (Beta)" ကို Install လုပ်ပါ။


  • Restart Springboard


Myanmar Keyboard ကို သွင်းပြီးသွားသောအခါ Settings -> General -> Keyboard -> Keyboards မှာ "Burmese" လို့ အလိုလို ရောက်လာပါမည်။ (ကီးဘုတ်ရပါပြီ)



မှတ်ချက်။ ။ အခြားသော Keyboard နှင့် Font များကို မသွင်းမိအောင် သတိပြုပါ၊ အထူးသဖြင့် "Zawgyi iOS 4.3 Font" သည် 100% Crash ဖြစ်စေပါသည်။

ဖော်ပြပါ မြန်မာစာနှင့် လက်ကွက် Install လုပ်နည်းသည် ကိုယ်တိုင် စမ်းသပ်စဉ် Crash ဖြစ်၍ Restore အကြိမ်ကြိမ် ပြန်လုပ်ပြီးမှ သိရှိထားသောကြောင့် အဆင်ပြေ အချောမွေ့ဆုံး နည်းလမ်း ဖြစ်သည်ဟု သတင်းကောင်းပါးအပ်ပါသည်။

**အထက်ပါအတိုင်း သွင်းယူပြီးနောက် ကီးဘုတ်တွင် ?? များပေါ်နေသူများ**

ကီးဘုတ်တွင် ?? များပေါ်နေခဲ့ပါက "macforus repo" တွင် သွင်းယူထားသော "Zawgyi iOS 7 Font" ကို Remove/Uninstall လုပ်၍ "ttkz.me" ထဲကမှ "Zawgyi iOS 7 Font" ကို သွင်းယူပါ။

**Apple log မှာ တစ်နေခြင်း (Boot Loop) ဖြစ်နေခဲ့သော်**

  • Device ကို PC နှင့် မချိပ်ဆက်ပဲ DFU mode ဝင်ပါ။
  • DFU mode ရောက်သွားပါက iTunes နှင့် ချိပ်ဆက်ပါ၊ Restore လုပ်ရန် ညွှန်ကြားလာပါလိမ့်မည်။


iOS, App များ Crash ဖြစ်ခဲ့သော် iTunes နှင့် ချိပ်ဆက်ပြီး Restore ပြန်လုပ်ပြီးမှ Jailbreak တစ်ခါ ပြန်လုပ်ပါ။



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား

81 comments :

  1. Thank You bro...Thank you....

    ReplyDelete
  2. zawgyi font ios ကို ဖြုတ်လိုက်တာ app ဖွင့်တဲ့အချိန်ပြန်ပြန်ကျနေတယ် ..

    ReplyDelete
    Replies
    1. ဟုတ်တယ်ဗျ zawgyi font ios ဖြုတ်လိုက်တာ Cydia ပြန်ဖွင့်လို့မရတော့ဘူး

      Delete
    2. ဟုတ်တယ် အကို ကျွန်နော်လဲ အဲလိုပဲဖြစ်နေတယ် အကိုသိရင်ကူညီးပါ

      Delete
    3. ကျွန်တော်တော့ ပြန်ရသွားပါပြီ Restore ပြန်လုပ်ပြီး အသစ်ပြန်ပြီး ထည့်လိုက်ပါတယ်

      Delete
    4. အကိုရေ အကိုgmail လေကျွန်တော်ကိုပေးပါလာ

      Delete
    5. firmware restore ကိုပြောတာလာအကို

      Delete
    6. Restore ပြန်လုပ်စရာမလိုပဲ ... ပြန်ပြုပြင်လို့ရပါတယ်ဗျို့ .. Restore ပြန်မလုပ်ရသေးပဲ. cydia ဖွင့်မရတဲ့ error တတ်တဲ့သူများ . ခဏဟိုးထား ...
      ... cydia Installer ကို deb file နဲ့ ပြန်တင်လို့ရပါတယ်ဗျို့ ..
      deb file ကို ifile နဲ့ ပြန်သွင်းရင် over write ဖြစ်ပြီး ပြန်တတ်လာတယ်ဗျ ...
      လိုအပ်တာတွေက ifile နဲ့ cydia installer (deb) file . ရှိရင်ရပြီ ...
      တစ်ခြားသူတွေတော့ ဘာသုံးလဲမသိဝူး . အနော်ကတော့ itools သုံးတယ်ဗျာ ..
      itools မှာတော့ . . . "FileSystem(jailbreaked)" ဆိုတဲ့အောက်မှာ "deb" ဆိုတဲ့ folder လေးတစ်ခုဆောက်လိုက်တယ် .
      ပြီးတော့ download ဆွဲထားတဲ့ "cydia119.deb" file ထဲ့လိုက်တယ် ..
      iDevice ပေါ်မှာတော့ ifile ထဲကိုဝင် . အဲ့ folder လေးကိုရှာ deb file လေးတွေရင် နှိပ် . ပေါ်လာတဲ့ action တွေထဲက Installer လေးကိုနှိပ်လိုက် . Install လုပ်သွားလိမ့်မယ် . Respring ချ . ပြန်တတ်လာရင် cydia ပြန်ဖွင့်လို့ရပြီ .
      (မရသေးရင် reboot ချပြီးစမ်းကြည့်ပါ Respring လား Reboot လား သေချာမမှတ်မိလိုက်လို့)
      cydia119.deb ကတော့ မူရင်းလင့် မူရင်း fileName မမှတ်မိလို့ . အနော်သုံးထားတဲ့ဟာလေး ပြန်တင်ပေးလိုက်ပါတယ် .

      >>> http://www.mediafire.com/download/9ulh7jhmcaud3rk/cydia%20119.deb <<<

      Delete
    7. "FileSystem(jailbreaked)" ကိုမတွေ့တာ အကို

      Delete
    8. Cydia -> Search -> afc2Add ကိုရှာပြီး Install လုပ်ပါ၊ အဆင်ပြေသွားပါလိမ့်မယ်။

      Delete
    9. Cydia ဖွင့်လို့မရဘူးဆိုတော့ . . afc2Add သွင်းရခက်မှာစိုးလို့ ...
      Ifile နဲ့သွင်းလည်း အဆင်ပြေအောင် . "deb" ဖိုင် ပြန်တင်ပေးလိုက်တယ်နော် .
      http://www.mediafire.com/download/nekug1prdnizlio/afc2add.deb
      iDevice ထဲက Browser တစ်ခုခုကနေ download ဆွဲကြည့်ပါ .. Safiri ဖွင့်လို့ရသေးမယ်ထင်တယ် ...
      (Cydia119.deb ကိုလည်း အဲ့လို ဆွဲကြည့်ပါလား .. ifile သုံးလို့ရရင် install သွားလုပ်လို့ရတယ် )

      Delete
    10. Cydia ပြန်ဖွင့်လို့မရတော့တာ zawgyi font ios ကို ဒီတိုင်းထုတ်လိုက်တာကို uninstaller ရှိတယ် အဲ့ဒါကို အရင်သွင်းပြီးမှာ ထုတ်ရတာ Cydia ပြန်ဖွင့်လို့မရရင် Cyber 2 နဲ့ uninstaller deb ကို ထုတ်ပြီး Cydia Auto install folder ထဲ မှာ ifunbox နဲ့ ထည့်လိုက်ရင် ရသွားမယ်။

      Delete
  3. ပါဝါပိတ်လို့ရလား

    ReplyDelete
  4. Note...မှာမမြင်ရသေးလို့ပါ.....

    ReplyDelete
    Replies
    1. Safari ကနေ http://d.pr/f/M8Es+ ဒီလင့်ခ်ကိုသွင်းလိုက်ရင် မြင်ရသွားလိမ့်မယ်

      Delete
  5. zawgyi font ios ဖြုတ်လိုက်တာ Cydia ပြန်ဖွင့်လို့မရတော့ဘူး ကူညီပါဦး ကိုမိုးသိကြားရေ ..

    ReplyDelete
    Replies
    1. Restore ပြန်လုပ်ပြီးမှ Jailbreak တစ်ခါ ပြန်လုပ်ပါ

      Delete
    2. ဟုတ်ကဲ့ အဆင်ပြေသွားပါပြီ ကျေးဇူးတင်ပါတယ် ...

      Delete
  6. ကိုသကြား ရေ iph 4s မှာ ကီဘုတ်သွင်းလိုပါတယ် အစ်ကိုတိုပြောသလို ဒါပေမဲ့ ခေါ်ရိုက်ရင် မြန်မာလိုမပေါ်ဘူး မြန်မာကီဘုတ်က
    အဲဒါဘယ်လို လုပ်လို့ရလဲ ခင်ဗျ ကျေးဇူးတင်ပါတယ်

    ReplyDelete
  7. zawgyi font ios ဖြုတ်လိုက်တာ Cydia ပြန်ဖွင့်လို့မရတော့ဘူး ကူညီပါဦး အကို

    ReplyDelete
    Replies
    1. Restore ပြန်လုပ်ပြီးမှ Jailbreak တစ်ခါ ပြန်လုပ်ပါ

      Delete
  8. Linthu::: before restore your iPhone you should try to reboot your iPhone first.

    ReplyDelete
  9. ကိုမိုးသကြားခင်ဗျားးးးးးး zawgyi font ios ဖြုတ်လိုက်တာ cydia ပြန်မတက်တော့ဘူး restore ပြန်လုပ်ဖို့ အတွက် icloud ပါ့ဝါ့မေ့နေတယ် ခင်ဗျ ဘယ်လိုလုပ်ရမလဲ ညွှန်ပြပေးပါအုံးခင်ဗျားးးးးး ကျေးဇူးပါနော်

    ReplyDelete
  10. အကိုရေ ကျေးဇူးပါ ရသွားပါပြီ ဒီထက်မကအောင်မြင်ပါစေနော်

    ReplyDelete
  11. ကိုမိုးသကြားခင်ဗျားးးးးးး zawgyi font ios ဖြုတ်လိုက်တာ cydia ပြန်မတက်တော့ဘူး restore ပြန်လုပ်ဖို့ အတွက် ICLOUD ပါ့ဝါ့မေ့နေတယ် ခင်ဗျ ဘယ်လိုလုပ်ရမလဲ ညွှန်ပြပေးပါအုံးခင်ဗျားးးးးး ကျေးဇူးပါနော်

    ReplyDelete
    Replies
    1. မရဘူး ခင်ဗျ

      Delete
    2. Restore ပြန်လုပ်ပြီးမှ Jailbreak တစ်ခါ ပြန်လုပ်ပါ

      Delete
    3. Apple ID ကို password reset လုပ်လိုက်ပါ https://iforgot.apple.com/password/verify/appleid
      (iOS 7 မှာ apple id အရမ်းအရေးကြီးပါတယ် မေ့သွားရင်သွား ခင်ဗျားဖုန်းကသုံးလို့ရတော့မှာမဟုတ်ဘူး)

      Delete
    4. activative မဟုတ်ရင် jail လို့မရပါ

      Delete
    5. Power + vol_down + Home = DFU Mode ( not OK ? )
      should OK .

      Delete
  12. အဲဒီ့ ပါ့ဝ့ါ ကို ဖြည်ဖို့ နည်းလမ်းမထွက်သေးပါဘူးခင်ဗျာ။

    ReplyDelete
    Replies
    1. အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ....နောက် version ကိုပဲ မျှော်ရတော့ မှာပေါ့ဗျာ

      Delete
  13. အစ်ကိုရေကူညီပါအုံး
    ကျွန်တော် restore လုပ်ပြီး jailbrake ပြန်လုပ်တာမရဘူးဖြစ်နေတယ်အကို Error ပြနေတယ်အကို
    Failed to retrieve package info from the internet. အဲ့စာကြောင်းပြတယ်အစ်ကို ဘာဖြစ်တာလဲအကို ကျေးဇူးပြုပြီးတော့ကူညီပါနော်အကို

    ReplyDelete
    Replies
    1. အဲဒါconnectionကြောင့်ဖြစ်တာ. ကျနော်လဲဖြစ်ပိးပီ နောက်ဆုံးသငယ်ချင်းရဲ့ ဖုန်းက wifi(LTE) နဲ့  ကွန်ပျူတာကိုရချိတ်ပိး jailbreak လုပ်မှအဆင်ပြေသွားတော့တယ်

      Delete
  14. မြန်မာစာရိုက်လို့ရသွားပါင်္ပြီ လုံးင်္ကြီးတင် စံခတ် ဧက္ခရာရှာမတွေ့သေးဘူး လက်ကွက်နဲ့ကျင့်သားရအောင်လေ့ကျင့်နေပါင်္ပြီ ကိုမိုးသိကြားနှင့် ဒပလိုမာအားလုံးကိုကျေးဇူးအထူးတင်ရှိပါကြောင်း

    ReplyDelete
  15. Cydia version update ဘယ်လိုလုပ်ရမလဲ

    ReplyDelete
  16. iOS 7.1 beta 2 မှာသုံးလို့မရပါဘူး install လုပ်လိုက်ရင်တော့ ပါကီးဘုတ်မှကိုတက်မလာတော့တာ
    ပြီးရင် font profile လည်းမလုပ်မလုပ်ဘူး

    ReplyDelete
  17. cydia မှာ keyboard တွေမပေါ်ဘူးဖြစ်နေတယ်....ဘယ်လိုလုပ်ရမလဲဗျား

    ReplyDelete
  18. http://cydia.macforus.com ထဲက MMkeyboard for IOS 7+ က တော်တော်လေး အဆင်ပြေနေပါပြီ။ အကောင်းဆုံးလို့ ဆိုရမှာပါ။ြ နဲ့ြ ကိုလည်း auto change ပေးသွားပါတယ်။
    zawgyi IOS font 4.3 ကို ဖြုတ်လိုက်တာ cydia ပြန်မတက်နိုင်တော့ဘူး။ စိတ်ညစ်လို့ restore နဲ့ ပြန်လုပ်လိုက်တယ်။ itune ကိုလည်း completely remove လုပ်ပြီးမှ အားလုံး အစကနေ ပြန်စလိုက်တယ်။ အခုတော့အားလုံး OK သွားပါပြီ။ သတင်းအမြန်ဆုံး ပေးနိုင်တဲ့ ကို မိုးသိကြားကို thanks. :)

    ReplyDelete
  19. ကျေးဇူးတင်ပါတယ် ခင်ဗျာ ကျနော် iphone မကိုင်ဘူးပါဗျာ သူငယ်ချင်း တစ်ယောက်က လုပ်ခိုင်းလို့လုပ်လိုက်တာ အဆင်ပြေ
    သွားပါပြီ

    ReplyDelete
  20. အစ်ကိုရေ iphone 4 ios 7.0.4 ကို jailbreak လုပ်တာ ပန်သီး logo လေးကနေဆက်မတက်တော့ဘူး
    ကျေးဇူးပြုပြီးကူညီပေးပါ

    ReplyDelete
    Replies
    1. Firmware restore ပြန်လုပ်မှပဲရတော့မယ်ထင်တယ်ဗျ .
      IOS 7.0.4 ကိုဖြုတ်ချပြီး ပြန်တင်မှရတော့မယ်ထင်တယ် .
      ကျွန်တော်လည်း ပြန်တင်လိုက်ရပါတယ် .

      Delete
    2. အရင် IOS 6 တွေတုန်းက နည်းလေးတစ်ခုတော့ရှိတယ်ဗျ . ကျွန်တော်တော့ မစမ်းလိုက်ရဘူး .
      Power + Volume Down + Home ကို စုံနှိပ်ထားလိုက်ရင် screen ပိတ်သွားရင်လွှတ်လိုက်ပြီးတော့ Power ပြန်မတတ်လာရင် Power နှိပ်ပြီးတော့ ပြန်ဖွင့်လိုက်တာပါ . Force Restart လုပ်တာပါ .
      အရင်တုန်းက IOS 6 မှာတုန်းကတော့ ပြန်ရတယ် . IOS 7 မှာ မစမ်းဖူးသေးလို့ပါ . မသေချာဝူးနော် .

      Delete
  21. http://ttkz.me/apt/ ကနေ ဆွဲလို့မရဘူးဗျ... link ထဲမှာဘာမှပါမလာဘူးဖြစ်နေတယ်...

    ReplyDelete
    Replies
    1. ကျွန်တော် offline ဆွဲထားတဲ့ ttkz ရဲ့ ttkb7 ပါ .
      deb file နဲ့ install လုပ်လို့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ် .
      http://www.mediafire.com/download/855qvsdyvf88jdi/ttkz.ttkb7_0.3.0-0_iphoneos-arm.deb

      Cydia Installer နှင့် install လုပ်မှ အဆင်ပြေမယ်ဆိုရင်တော့
      အောက်က Cydia Source ကို add ပါ .

      http://itiaprepo.com/pmwt

      ttkz.ttkb7 ကိုပဲ ပြန် share လုပ်ပေးထားတာပါ .

      Delete
    2. Source ကို remove လုပ်ပါ .
      Respring လုပ်ပါ .
      Source ကို ပြန် add ပါ .
      error တတ်ပါက error information မှာ source traffic ဖြစ်နေကြောင်း information ကိုဖတ်ပါ .
      traffic ဖြစ်နေတဲ့ source ကိုလည်း remove လုပ်ပါ . http://ttkz.me/apt/ source ကိုအရင်ပြန် add ပါ .

      Delete
  22. မနေ့ညတုန်း ipad ကိုဘာမှမလုပ်ရပဲ သွင်းထားတဲ့ app တွေသူ့အလိုလိုပျောက်သွားတယ် ဒါပေမယ့် space နေရာတော့ကျန်သေးတယ်
    အဲဒါဘယ်လိုဖြစ်ရတာလဲ သိချင်လို့ပါခင်ဗျား....

    ReplyDelete
  23. note မှာ မြန်မာလို မပေါ်လို့ ကူညီပါဦး

    ReplyDelete
    Replies
    1. Safari မှာ http://d.pr/f/M8Es+ ဒီလင့်ခ်ကိုသွင်းလိုက်ရင် မြင်ရသွားလိမ့်မယ်

      Delete
  24. iphone 5s kaw myanmar keyboard ya p lar bya?

    ReplyDelete
  25. မိုးသကြား ကို အရမ်း ချစ်တယ်

    ReplyDelete
  26. iso7 ကို jailbreak မလုပ်ဘဲ ဖောင့်တော့မြင်ရတယ်
    ကီးဘုတ်ကောမရသေးဘူးလားဗျို့

    ReplyDelete
  27. အကိုရေ ညီက မြန်မာဖောင့် လည်း ရတယ်......အား လုံးအဆင် ပြေပါတယ် ဒါပေမဲ့ အမှန်မပေါ်ဘူးးးး ဘယ်လို လုပ်ရမလဲခဗျာ.....

    ReplyDelete
  28. cydia တော့ ရသွားတယ်ဗျာ..။ itool မှာ jailbreak က No လို့ ဘာလို့ပြနေတာလဲခင်ဗျာ....။ 5.1.1 မှာတုန်းက Yes လို့ပြတယ်။ နည်းနည်းလောက်ရှင်းပြပေးပါလားခင်ဗျာ..........။ ကျေးဇူးတင်ပါတယ်ခင်ဗျာ...

    ReplyDelete
    Replies
    1. afc2add . ကို cydia search box ထဲမှာရှာပြီး Install လုပ်ရင် jailbreak : yes ဖြစ်သွားပါလိမ့်မယ်

      Delete
  29. iphone 4s မှာ မြန်မာစာကော၊ Keyboard ကောအားလုံးအဆင်ပြေပါတယ်ခင်ဗျာ........။ ကျေးဇူးအရမ်းတင်ပါတယ် မိုးသိကြား.

    ReplyDelete
  30. kyan dar akon ra tal , destop hmar ????? tway pae paw nay loll bro moethikyar ^_^

    ReplyDelete
  31. ကိုမိုးသကြား ပြောတဲ့ အဆင့်တွေ အကုန်အောင်ပါတယ် ဒါပေမယ့် ဖောင့်သွင်းပြီးတာတောင် ???? အဲလိုတွေပဲ ပေါ်နေတယ် ကီးဘုတ်မှာလည်း အဲ့အတိုင်းပဲ ကူညီကြ ပါအုံး ခင်ဗျ

    ReplyDelete
    Replies
    1. Font ကို reinstall ပြန်လုပ်ပါ။ source တွေကို update လုပ်ကြည့်ပါ။

      Delete
  32. plz ..no font on keyboard after completed all process of install MM KB & Font ... i be looking forward ur reply thanks ( ipad 2 wifi jailed ios 7.0.4)

    ReplyDelete
  33. အခြား မြန်မာဖောင့် မြန်မာကီးဘုတ်များကို သွင်းထားခဲ့ရင် Uninstall အရင်လုပ်ပါ။ Reboot လုပ်ပြီးမှ Font for iOS 7 ကို အရင်သွင်းပါ။ ပြီးမှ ttkz keyboard ကို (ttkz.me/apt) က သွင်းပါ macforus ကနေ မသွင်းပါနဲ့

    ReplyDelete
  34. ကျွန်တော် ကိုမိုး ပြောတဲ့အတိုင်း ရှိသမျှ mm kb & font အားလုံး uninstall လုပ်ပါတယ် profile က zawgyi font ပါမကျန် remove ထပ်လုပ်ပါခဲ့တယ် ... ဒါပေမဲ့ kb မှာ ? တွေသာပေါ်နေတယ် .... apps installion လုပ်တာ okay ပါတယ် tongbu နဲ့ ...... မြန်မာစာ kb & font ...တိုင်လာပတ်နေတယ်ဗျာ .....

    ReplyDelete
    Replies
    1. tongbu က JB လုပ်ထားရင် မလိုတော့ဘူး ထင်ပါတယ် ဖြုတ်လိုက်ပါ..

      Delete
  35. ios7.0.4 ပါ မြန်မာfontကရနေပြီ noteမှာ အဆင်မပြေဘူး
    ပြီးတော့ ဖုန်းခေါ်ရင် contactထဲမှာနာမည်က(ညီပု)ဖုန်းခေါ်ရင် (ညီပ)ဖြစ်သွားတယ် ကူညီကြပါ

    ReplyDelete
  36. my i pad2 wifi ကတော့ macfors ထဲက zawgyi fontနဲ့ မကိုက်ပါ ဖြုတ်လိုက်တယ်
    ttkz.me/apt/ ထဲကကီးဘုတ် အရင်install လုပ် ပြီးမှ အဲ့ဒီ ttkz ထဲက ios7 font
    ကိုinstall လုပ်တာအဆင်ပြေသွားတယ်

    ReplyDelete
  37. ကိုမိုးသိကြား ကျွန်တော် ipad mini မှာ jailbreak လုပ်ပြီးမြန်မာ font သွင်းတာစာရိုက်ရင် ? တွေပဲဖြစ်နေတယ်၊ဘယ်လိုလုပ်ရမလည်းပြောပြပေးပါနော်။

    ReplyDelete
  38. အရင်ကမြန်မာစာအားလုံးအဆင်ပြေပါတယ် အခုစက်ကို restore လုပ်ပြီးပြန်လုပ်လို့မရတော့ဘူး ဘာဖြစ်တာလဲမသိဘူး စက်ကြောင့်လား ဆိုက်ကြောင့်လား သိရင်ကူညီပေးကြပါ.... အားလုံးကိုကျေးဇူးတင်ပါတယ်

    ReplyDelete
  39. iPad mini 3G+WiFi မှာ မြန်မာစာသွင်းတာ မရဘူးဖြစ်နေတယ်ခင်ဗျ.. ကျွန်တော်သွင်းနေတာ တစ်ခါ နှစ်ခါ မကတော့ဘူး.. အခုထိ အဆင်မပြေသေးဘူးခင်ဗျ.. ဘာဖြစ်တယ်မသိ..

    ReplyDelete
  40. Power + Volume Down + Home ကို စုံနှိပ်ထားလိုက်ရင် screen ပိတ်သွားရင်လွှတ်လိုက်ပြီးတော့ Power ပြန်မတတ်လာရင် Power နှိပ်ပြီးတော့ ပြန်ဖွင့်လိုက်တာဘာမှလဲမထူချာလာပါဘူးကူညီပါအုန်ဗျား အခုစက်ကို restore လည်ပြန်လုပ်လို့မရတော့ဘူး
    ကူညီကြပါအုန်ဗျား ဝယ်လာတာမနေ့ကမှပါ

    ReplyDelete
  41. ကျေးဇူးပဲပါအစ်ကို နောက်ဆုံး ၀.၆ ကို ဒီကီးဘုတ်နဲ့ အဆင်ပြေပါတရ်

    ReplyDelete
  42. ဒီ Zawgyi Font & Keyboard သွင်းနည်းလေးက iOS 7.1.2 iPhone 4 မှာလဲ အဆင်ပြေနေပါတယ်။ လောလောဆယ် ဘာ Error မှ မတွေ့သေးပါဘူး။

    ReplyDelete
  43. ချစ်ကိုရေ ကျနော့်ဖုန်း iPhone 5s ဗျ Notes က မြန်မာစာ အလုပ် မလုပ်ဘူးဖြစ်နေတယ် လေးထောင့်လေးတွေပဲပေါနေတယ် ဘယ်လိုဖြစ်တာလဲ ကူညီပါဦးနော်

    ReplyDelete
    Replies
    1. Note အတွက် မြန်မာစာ Fix လုပ်ပေးထားတဲ့ tweak တစ်ခုကို ttkz source ထဲမှာပဲ အသစ်ထပ်ပေးထားပါတယ်.. Install လုပ်ပါ.. Cydia ထဲမှ

      Delete
  44. တော်လိုက်တာ အဆင်ပြေသွားတယ်ဗျာ

    ReplyDelete
  45. Source 2 က ttkz တစ်ခုတည်းနဲ့အဆင်ပြေသွားပါတယ် အရင် cydia.macforus.com ကို add လုပ်တာ error ဖြစ်ပြီးရွာလည်နေတော့တာ ကျေးဇူးကမ္ဘာပါဗျာ

    ReplyDelete