Sunday, January 5, 2014

Status Bar ၏ Carrier Logo ကို မိမိစိတ်ကြိုက် ဖန်တီးနည်း

iOS 7+ ကို Jailbreak ထွက်လာပြီးနောက်မှာတော့ iDevice ကို စိတ်ကြိုက် customize (ကလိ) နိုင်မယ့် Tweaks များကို အပြိုင်အဆိုင် ရှာဖွေသွင်းယူ နေကြတာကတော့ လတ်တလောမှာ Hot အဖြစ်ဆုံးဖြစ်နေပါတယ်...

သို့ပေမယ့် Tweaks တိုင်းဟာ iOS 7+ နှင့် Competable မဖြစ်သေးတဲ့ အတွက် Tweaks များသွင်းယူရာမှာ သတိထားပြီးမှ သွင်းယူသင့်ပါတယ်။ အခန့်မသင့်ပါက iOS crash ဖြစ်ပြီး Restore/ReJailbreak လုပ်ရတတ်ပါတယ်။ ဒါကြောင့် iOS 7+ အတွက် ပြင်ဆင်ထားပြီးသော Tweaks များ စာရင်းကို အမြဲ Update ပေးနေပါတယ်..


ယခုတင်ပြမည့် Carrier Logo ကို စိတ်ကြိုက်ဖန်တီးနည်းတွင် "Zeppelin" tweak ကို အသုံးပြုထားပြီး မိမိနှစ်သက်သော Logo များ ဖန်တီးရန် အတွက်မူ Photo/Image Editing လုပ်နိုင်သော (Photoshop/Illustrator) ကဲ့သို့ အစရှိသော software တစ်ခုခုနှင့် ဖန်တီးရမှာ ဖြစ်ပါတယ်။

**Zeppeline သွင်းယူခြင်း**

  • ပထမဦးစွာ Cydia -> Sources -> Edit -> Add တွင် " http://repo.alexzielenski.com/ " ကို ထည့်သွင်းပါ။
  • Search တွင် "Zeppelin Beta for iOS 7" ဟု ရှာပြီး Install လုပ်ပါ။


  • ထို့နောက် Settings -> Zeppelin -> Enable ကို ON ပေးပါ။


  • Theme တွင် စိတ်ကြိုက် ရွေးလို့ရပါပြီ...

**စိတ်ကြိုက် Logo ဖန်တီးခြင်း**

ဤနေရာတွင် လိုအပ်သော Software အသုံးချပြီး Logo ဖန်တီးခြင်း ပညာကိုတော့ ကိုယ်တိုင် သိရှိထားရမှာ ဖြစ်ပါတယ်...
ကျွန်တော့် အနေနှင့် Zeppelin နှင့် အလုပ်လုပ်နိုင်ရန် လိုအပ်ချက်များကိုသာ လမ်းညွှန်သွားမှာဖြစ်ပါတယ်...

>>Logo file အတွက် လိုအပ်ချက်များ<<

  • ပုံတစ်ခုကို Image Size နှစ်မျိုးနှင့် သိမ်းပေးရပါမည်။
  • (120 x 40)pixel နှင့် (60 x 20)pixel ဖြစ်ပြီး 72dpi ထားရှိရပါမည်။
  • Logo file ကို (.png) အမျိုးအစား အဖြစ် Save လုပ်ရပါမည်။

    Save လုပ်ရာတွင် အောက်ပါအမည်များကိုသာ (ပုံသေ) သုံးရပါမည်။
  • black.png
  • black@2x.png
  • etched.png
  • etched@2x.png
  • silver.png
  • silver@2x.png
  • အဖြစ် စုစုပေါင်း (၆) file ဖန်တီးရပါမည်။

  • Image size (120 x 40) အတွက် (.....@2x.png) အဖြစ် Save လုပ်ပါ။
  • Image size (60 x 20) အတွက် (......png) အဖြစ် Save လုပ်ပါ။

>>black, etched, silver စသော file name များ၏ လုပ်ဆောင်ချက်များ<<

  • "black" file သည် status bar အောက်ခံအနက်ရောင် ဖြစ်သည့် အချိန်မှာ အလုပ်ရန် အတွက်ဖြစ်ပါသည်။
  • "etched" file သည် Notification Center တွင် Zeppelin active ဖြစ်နေချိန်တွင် အလုပ်လုပ်ပါလိမ့်မည်။
  • "silver" file သည် status bar အောက်ခံ အဖြူ/ငွေရောင် ဖြစ်နေစဉ်တွင် အလုပ်ရန် အတွက်ဖြစ်ပါသည်။

ထို့ကြောင့် Logo design ဖန်တီးရာတွင် နောက်ခံ အရောင်များ ပြောင်းချိန်တွင် မိမိ၏ Logo လိုက်လျှောညီစွာ ထင်ရှားအောင် တစ်မျိုးစီ ဖန်တီးဖို့လိုပါတယ်။
ဥပမာ။ ။ "black" file အတွက် ဖန်တီးထားသော Logo စာသားသည် အဖြူရောင် ဖြစ်သင့်သည်၊ ဒါမှသာ နောက်ခံအနက်ရောင်မှာ ပေါ်လွင် ထင်ရှားပါလိမ့်မယ်။ အခြား file များအတွက်လည်း သင့်သလို ပြင်ဆင်ရပါလိမ့်မည်။

ဖန်တီးထားသော File (6) ခုလုံးကို Folder တစ်ခုတွင်ထည့်ပြီး Folder ကို မိမိစိတ်ကြိုက် အမည်ပေးပါ (ထိုအမည်သည် Zeppelin ထဲတွင် မိမိ Logo အမည်ဖြစ်မည်)

>>Zeppelin ထဲသို့ Logo ထည့်သွင်းခြင်း<<

- iFunbox / iTools တစ်ခုခုကို အသုံးပြုပါမည်...
  • မိမိ၏ iDevice ကို PC နှင့် ချိပ်ဆက်ပြီး iFunBox ကို Run ပါ။
  • Raw File System -> Library -> Zeppelin ထဲသို့ သွားပြီး မိမိဖန်တီးထားသော Folder (file ၆ခုပါ) ကို Copy / Paste လုပ်လိုက်ပါ။


    iDevice ၏ Settings -> Zeppelin -> Theme ထဲမှာ တွေ့မြင်ရပါလိမ့်မယ်...

မိမိကိုယ်တိုင် ဖန်တီးမှုများ မပြုမိ ကျွန်တော် ဖန်တီးပေးထားသော "Myanmar Flag" logo လေးကို အထက်ပါနည်းအတိုင်း အရင်အစမ်း သွင်းကြည့်ကြပါလားဗျာ...

>> Download Myanmar Flag for Carrier Logo

အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်....




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား

34 comments :

  1. zeppelin ဆိုတဲ့ ဖိုင်ကို ရှာမတွေ့လို့ပါခင်ဗျာ ဘယ်လိုလုပ်ပါ့

    ReplyDelete
  2. ကိုမိုးသိကြားရေ.. 6.1.3 ကိုရော jailbreak နဲ့ မြန်မာဖောင့်ရပြီလား ရရင်တင်ပေးပါဦးနော်...။ ကျေးဇူးတင်ပါတယ်

    ReplyDelete
    Replies
    1. iOS 6.1.3 အတွက် jailbreak မရှိပါဘူး ကျွန်တော်လဲ version 6.1.3 ကနေ ဘာမှ အတက်ဘဲ စောင့်ကြည့်နေတာပါ ခု 7.0.4 မှာ jailbreak ရပြီဆိုလို့ အဆင်ပြေတယ်လို့ ကိုမိုးသိကြား ပြောတာနဲ့ Version မြင့်ပြီး jailbreak လုပ်လိုက်တာပါ ခု မြန်မာစာကော ကီးဘုတ်ကော အဆင်ပြေနေပါပြီး အကိုလဲ Version မြင့်ပြီး jailbreak လုပ်လိုက်ပါ ..

      Delete
  3. Image size (120 x 40) who cut my photo is size big

    ReplyDelete
  4. iOS 6.1.3, 6.1.4 , 6.1.5 အသုံးပြု iPhone/Pad/Pod touch အားလုံးကို Jailbreak လုပ်နိုင်သော p0sixspwn Tool v1.0.4 ထွက်ရှိလာပြီဖြစ်သည်http://www.myanmarmobileapp.com/2014/01/04/ios-6-1-3-6-1-4-6-1-5-တို့ကို-jailbreak-လုပ်နိုင်သေ/

    ReplyDelete
  5. အစ်ကိုရေ...လေးစားစွာဖြင့် အားကိုးပါရစေဗျာ.. ကျနော် status bar carrier logo မှာအောင်မြင်စွာထည့်ပြီးသွားပါပြီ ဒါပေမယ့် တခုတော့ကျန်ပါသေးတယ် အောက်က နည်းစနစ်အတိုင်း ကိုယ်ပိုင် logo နဲ့ လုပ်ဖို့ လုပ်ကြည့်တဲ့ လုံးဝကိုအဆင်ပြေတော့ဘူး ဘာဖြစ်လဲဆိုတော့ ကျနော့ လုပ်ထားပြီးသား logo ကို အစ်ကိုထည့်ခိုင်းတဲ့အတိုင်း ဖုန်းကိုကွန်ပျူတာနဲ့ချိတ်လိုက်တဲ့အခါ ifunbox ဆော့ဝဲနဲ့ သုံးပါတယ် တဆင့်ပြီးတဆင့်ရှာကြည့်တယ် zeppelin ဖေါ်ဒါကိုမတွေ့ဘူး ဘယ်မှာမှလိုက်ရှာလို့မတွေ့ဘူးဖြစ်နေတယ် အစ်ကိုရေ...ဘာကြောင့်လဲဆိုတာ ဖုန်းနဲ့ ဆိုင်တာလား ဒါမှမဟုတ်ကွန်ပျူတာမှာလား ကျနော်တခုသတိထားမိတာက ကျနော် cydia ထဲမှာ install လုပ်ထားတဲ့ ဆော့ဖ်ဝဲ မှန်သမျှ အဲ့ ifunbox jဖြစ် diskadi ဖြစ်ဖြစ် မပေါ်ဘူး store ထဲကဆော့ဖ်ဝဲတွေပဲမြင်ရတယ် ဥပမာ.. skype တို့ viber ပေါ့ အဲဒါတွေပဲမြင်နေရတယ်။ အဲဒါဘာကြောင့်များလဲ အစ်ကို ဖြစ်နိုင်ရင် တချက်လောက်ကူညီဖြေရှင်းပေးစေချင်ပါတယ်... အစ်ကိုရေနော် ...

    ကျော်မြင့်လွင်..(ဘားအံ)

    ReplyDelete
    Replies
    1. ပထမဦးစွာ Cydia -> Sources -> Edit -> Add တွင် " http://repo.alexzielenski.com/ " ကို ထည့်သွင်းပါ။
      Search တွင် "Zeppelin Beta for iOS 7" ဟု ရှာပြီး Install လုပ်ပါ။

      Delete
    2. RawFileSystem ကို Full Access လုပ်ရန် afc2add လိုအပ်ပါတယ်.
      deb File အနေနဲ့ manual install လုပ်လိုပါက
      http://www.mediafire.com/download/nekug1prdnizlio/afc2add.deb

      Cydia မှသွင်းလိုပါက
      http://itiaprepo.com/pmwt ကို add လုပ်ပြီး .
      afc2add IOS7 ကို install လုပ်နိုင်ပါသည် .
      ထိုမှာသာ Raw File System တွင် Folder အပြည့်အစုံမြင်ရပြီး Access လုပ်နိုင်ပါသည် . (iFunbox)
      iTools မှာဆိုရင် FileSystem(jailbreaked) ကို မြင်ရပါမည် .

      Delete
    3. အကို Phone Myint Win Tun ရေ ကျတော် iOS 7.0.4 မှာ မလိုအပ်တဲ့ tweak တွေ ဖျက်ရင်း ဖျက်ရင်းနဲ့ Cydia ပျောက်သွားတယ် i Funbox မှာ (jailbreaked) ကိုတွေ့နေရပါသေးတယ် အဲဒါ Cydia ကိုဘယ်လို ပြန်သွင်းရင် အဆင်ပြေမလဲ ညီကိုပြောပြပေးပါအုံး

      Delete
    4. http://www.moethagyar.info/2014/01/cydia.html

      မှာဖတ်ကြည့်လိုက်ရင် အဆင်ပြေမယ်ထင်တယ်ဗျ ..

      အဲ့လိုမှမဟုတ်ရင် deb file ကို autoinstall လုပ်တဲ့နည်းနဲ့ လုပ်ကြည့်ပါဗျ ..

      http://www.mediafire.com/download/8c5wl6lvupybpeh/cydia+119.deb
      အဲ့ဒါလေး download ဆွဲပြီး ....

      itools နဲ့ဆို FileSystem>filesystem(jailbreaked)>
      /var/root/Media/Cydia/AutoInstall ထဲမှာထည့်ပြီး . reboot ချကြည့်လိုက်ပါဗျ ..

      iFunbox မှာဆို RawFileSystem>
      /var/root/Media/Cydia/AutoInstall ထဲမှာထည့်ပြီး reboot ချကြည့်လိုက်ပါဗျ ..

      iFile နဲ့သုံးတာတော့ အဆင်ပြေဆုံးပါ .

      Delete
    5. Cydia က Application list တွေထဲမှာ မပေါ်ဘူးဗျ ...
      File System တွေထဲမှာပဲ Access လုပ်လို့ရတာ ...
      တစ်ချို့ jailbroken မှာသွင်းတဲ့ Applications တွေက မူရင်း Applications တွေလို Applications List ထဲမှာမပေါ်ဘူးခင်ဗျ ...
      IDevice ထဲမှာပဲ Setting Change လုပ်လို့ရအောင် Shortcut လိုမျိုး App Icon လေးထုတ်ထားပေးတာဗျ ...
      ဥပမာ - iFile လိုမျိုးပေါ့ ... Computer Software ရဲ့ Applications List ထဲမှာမပေါ်ပါဘူး .
      iDevice မှာပဲ File System တွေ ပြင်ဖို့ iDevice မှာပဲ Application Icon ရှိတာလိုမျိုးပေါ့

      Delete
  6. အစ်ကိုတို့ရေ ကျွန်တော့် ipad 4 IOS 6.1.3 ကိုရော jailbreak နဲ့ မြန်မာဖောင့် လေးရပြီလားမသိဘူးခင်ဗျ။ လုပ်နည်းလေးရှင်းပြပေးစေလိုပါသည်။ အပေါ်ကအစ်ကိုကတော့ p0sixspwn Tool v1.0.4 နဲ့လုပ်လို့ရပြီလို့ပြောပါတယ်
    Error တက်လားမတက်လားသိချင်ပါတယ်ခင်ဗျာ ကျွန်တော်ကတော့ အွန်လိုင်းမှာ p0sixspwn Tool v1.0.5 ဘဲတွေ့ပါ တယ် နောက်ပြီး ကျွန်တော်Cydia source မအပ်တက်လို့ပါခင်ဗျ။ မြန်မာဖေါင့်ပေါ်အောင် ဘယ်ဟာကိုအပ်ကမလဲမသိလို့ပါ။ ကျေးဇူးပြု၍ရှင်းပြပေးစေလိုပါတယ်။ jailbreak တော့မလုပ်ရသေးပါဘူးခင်ဗျာ။

    ReplyDelete
    Replies
    1. iOS 6.1.3 အတွက် အဆင်ပြေတဲ့ jailbreak မရှိပါဘူး ကျွန်တော်လဲ version 6.1.3 ကနေ ဘာမှ အတက်ဘဲ စောင့်ကြည့်နေတာပါ ခု 7.0.4 မှာ jailbreak ရပြီဆိုလို့ အဆင်ပြေတယ်လို့ ကိုမိုးသိကြား ပြောတာနဲ့ Version မြင့်ပြီး jailbreak လုပ်လိုက်တာပါ http://www.moethagyar.info/2013/12/ios-7-untethered-jailbreak-for-all.html ခု မြန်မာစာကော ကီးဘုတ်ကော အဆင်ပြေနေပါပြီး အကိုလဲ Version မြင့်ပြီး jailbreak လုပ်လိုက်ပါ .. မြန်မာစာအတွက်လဲ http://www.moethagyar.info/2013/12/ios-7.html မှာ ဖတ်ပြီး လုပ်ကြည့်ပါ ..

      Delete
  7. အကိုရေ ifunbox မှာ Idevices join ပြီး myanmar flag logo လေးထည့်တာ အဆင်မပြေဘူး အစ်ကို..Phone Myint Win Tun ပြောတဲ့ အတိုင်း afc2add ios7 ကိုလဲ Install လုပ်ပြီးသွား ပါပြီ...ဒါတောင် ifunbox နဲ့ချိတ်တာ jailed လို့လဲပြပြီ....cydia ကော မမြင်ဘူး အကို....ကူညီပါဦးဗျာ...ကျေးဇူးတင်ပါတယ်....

    ReplyDelete
    Replies
    1. http://s21.postimg.org/3lfv9y1x3/1_8_2014_4_05_04_PM.png

      အဲ့ပုံထဲကလို မပေါ်ဘူးလားဗျ ...

      Delete
    2. Cydia က Application list တွေထဲမှာ မပေါ်ဘူးဗျ ...
      File System တွေထဲမှာပဲ Access လုပ်လို့ရတာ ...
      တစ်ချို့ jailbroken မှာသွင်းတဲ့ Applications တွေက မူရင်း Applications တွေလို Applications List ထဲမှာမပေါ်ဘူးခင်ဗျ ...
      IDevice ထဲမှာပဲ Setting Change လုပ်လို့ရအောင် Shortcut လိုမျိုး App Icon လေးထုတ်ထားပေးတာဗျ ...
      ဥပမာ - iFile လိုမျိုးပေါ့ ... Computer Software ရဲ့ Applications List ထဲမှာမပေါ်ပါဘူး .
      iDevice မှာပဲ File System တွေ ပြင်ဖို့ iDevice မှာပဲ Application Icon ရှိတာလိုမျိုးပေါ့

      Delete
  8. အစ်ကို Nyominhhtike Nyominhtike ပြောသလိုပါပဲ ဟုတ်တယ်၊ တကယ်ကိုအဆင်မပြေသေးပါဘူး သိတဲ့အစ်ကိုများရှိရင်လဲပြောပြပေးကြပါဦး ကျေးဇူးတင်လျှက်ပါ...။

    ReplyDelete
  9. Cydia မှသွင်းလိုပါက
    http://itiaprepo.com/pmwt ကို add လုပ်ပြီး .
    afc2add IOS7 ကို install လုပ်နိုင်ပါသည် .
    ထိုမှာသာ Raw File System တွင် Folder အပြည့်အစုံမြင်ရပြီး Access လုပ်နိုင်ပါသည် . (iFunbox)
    iTools မှာဆိုရင် FileSystem(jailbreaked) ကို မြင်ရပါမည် . ထည်ပြီပြီ အကို library >zeppline ကို မတွေရသေးဘူး

    ReplyDelete
    Replies
    1. Settings ထဲမှာ သွားကြည့်လေ ဇပလင်ကို...

      Delete
    2. http://s21.postimg.org/3lfv9y1x3/1_8_2014_4_05_04_PM.png

      အဲ့ပုံထဲကလိုမပေါ်ဘူးလားဗျ ...
      ကြည့်ပါဦး.

      Delete
    3. မပေါ်ဘူး အစ်ကို ....တကယ်ကိုမပေါ်တာပါ ..ကူညီပါဦး အစ်ကိုရာ.....

      Delete
    4. Zeppelin Version ရယ် ဘယ် source ကသွင်းတာလည်းရယ် . ဖြစ်နိုင်ရင် screenshot လေးပို့ပေးပါလားဗျ .
      ကျွန်တော် မမြင်ဖူးသေးတော့ ပြောပြရခက်နေလို့ပါ .

      Delete
    5. ကျွန်တော်တို့အားလုံး နီးလျက်နဲ့ ဝေးနေခဲ့ကြတာဗျ ...
      သေချာစဉ်းစားကြည့်ရင် ဒီ error ကဘာမှမဟုတ်ပါဘူး ...
      ဖြစ်တာက Library Folder ထဲမှာ Zeppelin Folder မရှိတာပါ . အဲ့လိုဆိုရင် အဖြေက
      - မရှိရင် ရှိအောင်လုပ်ဖို့ Library Folder ထဲမှာ Zeppelin ဆိုတဲ့ name နဲ့ Folder တစ်ခုဆောက်လိုက်ရုံပါပဲဗျ -
      - လိုအပ်ချက်တွေကတော့ -

      > ဖုန်းပေါ်မှာပဲ iFile နဲ့ဆောက်မယ်ဆိုရင် ...
      - iFile ကိုဖွင့်ပါ
      - Library Folder ထဲကို ၀င်ပါ
      - Edit နှိပ်ပါ
      - အောက်ဘယ်ဘက်ဒေါင့်လေးက + ကိုနှိပ်ပါ
      - Name မှာ Zeppelin ( Z အကြီး epplin အသေး) လို့ အမည်ပေးပါ
      - Directory မှာ "Library" ဖြစ်မဖြစ်သေချာကြည့်ပါ. မဖြစ်ရင် ပြောင်းပါ
      - Access Permissions စစ်ပါ. User(R,W,E) / Group(R,E) / World(R,E)
      - ပြီးရင် Create နှိပ်လိုက်ပါ
      - အဲ့နောက်မှာတော့ Library ထဲမှာ Zeppelin Folder တစ်ခုရောက်ရှိပြီးဖြစ်ပါပြီ ( ကိုယ့်ဟာကိုယ် ဆောက်မှတော့ ရောက်တော့မှာပေါ့နော် )
      - နောက်အပိုင်းကတော့ ကိုမိုးသကြား ပြောတဲ့အတိုင်းအကုန်ဖြစ်ပါပြီ
      - စမ်းကြည့်ကြပါဦးဗျ ( Zeppelin Folder ကို error မတတ် တတ်အောင်ရှာကျန်ပြီးဖျက်ပြီး ပြန်စမ်းကြည့်ထားတော့ ရသွားတယ်ဗျ )

      Delete
  10. နည်းလမ်းလေးပေးပါဦးအကို

    ReplyDelete
  11. မြန်မာဖောင့် နဲ့ ကီဘုတ် က အဆင်ပြေပြီ
    font ကို http://d.pr/f/M8Es+ နဲ့  keyboard ကို http://cydia.myrepospace.com/mobilefarm/..

    ReplyDelete
  12. Raw file system မှာ ကို Libary ဆိုတာကို မပေါ်တာဗျာ ဘယ်လို ဆက်လုပ်ရမှန်းကို မသိတော့ဘူး ကူညီကြပါအုံး

    ReplyDelete
    Replies
    1. http://www.mediafire.com/download/nekug1prdnizlio/afc2add.deb

      install this first .

      Delete
  13. Raw file system မှာ ကို Libary ဆိုတာကို မပေါ်ပါဘူးခင်ဗျာ ... အဆင်ပြေရင် အဲနေရာနည်းနည်းရှင်းပြပါအုံး နော်....

    ReplyDelete
    Replies
    1. http://www.mediafire.com/download/nekug1prdnizlio/afc2add.deb

      install this first .

      Delete
  14. library >zepplin မတွေရသေးဘူး အကို ကုညီပါဦး

    ReplyDelete
    Replies
    1. afc2add ကို Cydia မှာသွား Install လုပ်လိုက်ရင်တွေ့နိုင်ပါတယ် ..
      http://www.mediafire.com/download/nekug1prdnizlio/afc2add.deb
      အဲ့မှာ download ဆွဲပြီး လည်းသွင်းနိုင်ပါတယ်

      Delete
    2. မရဘူးကိုမိုးရေ

      Delete
  15. carrier name ကိုရောဟင်

    ReplyDelete