iPhone, Android phone သုံးသူများ အတွက် iTunes မလိုပဲ App,Music,Movie,Books,Photo တွေကို စိတ်ကြိုက် ကူးယူပြီး PC ထဲထည့်မလား..?? PC ထဲကနေ phone ထဲသွင်း မလား..?? လွယ်လွယ်ကူကူ လုပ်နိုင်တဲ့အပြင် phone ထဲမှာ ရှိတဲ့ SMS တွေကို PC မှာ Backup လုပ်ထားပြီး အချိန်မရွေး ဖတ်ရှုနိုင်ပါတယ်.. အခြား features တွေများစွာလဲ ပါဝင်ပါတယ် Phone ရဲ့  System ထဲကို ထိုးဖောက်ဝင်ရောက် စူးစမ်းလိုသူတွေ အတွက်လဲ အဆင်ပြေအောင် ထုတ်လိုက်တဲ့ တရုပ်က Free Software လေးပါ။
91 PC Suit လို့ အမည်ရတဲ့ ဒီ Software လေးကို ကျွန်တော့်ထံသို့  သယ်ဆောင် သတင်းပေးလာသူကတော့ " htoaent" လို့ အမည်ရတဲ့ "မိုးသိကြား" ကိုအားပေးနေသူ တစ်ယောက် ဆီကပါ။ ကျေးဇူးတင်ပါတယ် ကျွန်တော် ကိုယ်တိုင် အခု စမ်းသုံးကြည့်ပြီးလို့  ပြန်လည် ဝေမျှလိုက်ပါတယ်..
91 PC Suit for iPhone
91 PC Suit for Android
ဒီ Software လေးကို Install လုပ်ပြီးလို့  Run လိုက်တဲ့ အခါမှာ Language က Default အနေနဲ့  တရုပ်လိုပေါ်နေမှာ ဖြစ်ပါတယ်။ English Language အရင်ပြောင်းကြရအောင်...
အောက်ပါပုံအတိုင်း အနီရောင်နှင့် ဝိုင်းပြထားသော ပန်းသီးပုံကို နှိပ်ပါ။ Drop down menu ကျလာရင် အပေါ်က ရေတွက်ရင် (၄)ခုမြောက် ကိုနှိပ်ပါ ပြီးရင် English ပြောင်းပေးလိုက်ပါ..။
Phone ကို USB/Wi-Fi သုံးပြီး PC နှင့်ချိပ်လိုက်ပါက မိမိဖုန်း နှင့် ပက်သက်သမျှ ဖိုင်တွေ အားလုံးကိုပါ မြင်တွေ့ နိုင်ပါပြီ။ ကျွန်တော် အသေးစိတ် မရေးတော့ပါဘူး အားလုံးက အရိပ်ပြရင် အကောင်ထင်ကြတဲ့ ပုဂ္ဂိုလ်တွေ ဆိုတော့ Screen shot အချို့ ကိုပဲ တင်ပြပေးလိုက်ပါတယ်။
Phone တွင်းမှ ဓါတ်ပုံများကို PC ထဲသို့  Drag & drop နဲ့ ကူယူးနိုင်ပါတယ်။
အောက်ပါပုံကတော့ SMS ကို Microsoft Excel နဲ့ ပြန်လည်ဖွင့်ပြီး သိမ်းထားတဲ့ ပုံပါ၊ မြန်မာဖောင့် တွေကို ရွေးပြီး Zawgyi One ပြောင်းပေးလိုက်ရင် မြန်မာလိုပေါ်ပါပြီ။
၁) Management > SMS ကို click နှိပ်ပါ SMS ကိုဖွင့်နေပါပြီ
၂) ညာဘက် စာအိပ်ပုံထဲက တစ်ခုကို ရွေးပြီး More > Export to Excel ကိုနှိပ် လိုက်ရင် save သွားပါပြီ
၃) Saved file ကို Microsoft Excel နဲ့ ဖွင့်လိုက်ရင် အောက်ပါပုံအတိုင်း တွေ့ ရမှာပါ။
ကိုမိုးသကြားရေ,
ReplyDeleteဒီ 91 PC Suit ကို Installed လုပ်ပြီး Run တာအားလုံးအဆင်ပြေပါတယ်။
ဒါပေမဲ့ iTunes ကိုပြန်ဖွင့်ကြည့်တော့ ပြသနာတက်ပါလေရောဗျာ။
(iTunes cannot read the contents of your iPhone. Go to the Summary tab in iPhone preferences and click Restore to restore this iPhone to factory settings ဆိုပြီးပေါ်လာတယ်ဗျာ။
iTunes က ကျနော့်ရဲ့ iPhone ကို detect မလုပ်နိုင်တော့ဘူး။ Factory settings ပြန်လုပ်ရင်လည်း ကျနော် install လုပ်ထားတဲ့ apps တွေရော တခြား Media files တွေပါ အကုန် erase ဖြစ်ကုန်မှာဆိုတော့ ... Factory settings ကို restore ပြန်မလုပ်ဘဲ၊ iTunes က ဖုန်းကို readable ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကူညီပါဦးဗျာ။
အကို ဖုန်းကို 91pc suite ထဲမှာပါတဲ့ phonedeamon software run ပေးကြည့်လိုက်ဗျ ဖြစ်လေ့ရှိတယ်နော် ကျွန်တော်လည်းသိသလောက်ပြောပြပြတာနော်
ReplyDeleteကောင်းတာတော့တော်တော်ကိုကောင်းတယ်
ခုလိုစေတနာနဲ့ သိသလောက်ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ကျနော့် အခက်အခဲက ဒီလိုဗျ။ ကျနော် လက်ရှိ iPhone software က 4.3.4 (currently latest) ပါ။ သူ့ကိုု redsnow_win_0.9.8b3 နဲ့ firmware 4.3.4_8K2_Restore.ipsw ကိုသုံးပြီး Jailbreak လုပ်ထားတာ။
ReplyDelete4.3.4 နဲ့ အရင် version 4.3.3 နဲ့မတူတာက၊ လက်ရှိ 4.3.4 Jailbroken Phone ကို restart or reboot တခါလုပ်တိုင်း redsnow ကို အစအဆုံး တခေါက်ပြန် Run ပေးရတယ်ဗျာ။
91 PC Suit ထဲမှာပါတဲ့ Phonedeamon software ကို iPhone မှာ Install လုပ်ဖို့က Phone ကို restart ချခိုင်းတယ်ဗျ။ restart ချ၊ readsnow တခါ run လိုက်ပြီးတာနဲ့၊ ကျနော် အပေါ်မှာပြောခဲ့သလို iTune က ကျနော် ဖုံးကို cannnot read ဆိုတဲ့ Message ပေါ်လာလို့ ကျနော်လည်း (Phonedeamon installation လည်း Failed ဖြစ်သွားတယ်။) ဆက်မလုပ်တော့တာ။
91 PC Suit ကတော်တော်လေးကောင်းတဲ့ software ပါ။ ဒါပေမဲ့ ဘာကြောင့် ကျနော့်ကျမှ iTunes မှာပြသနာလာပေါ်တယ်ဆိုတာကို သိချင်နေတာပါ။ ခုတော့ iTunes မှာ ကျနော့် iPhone ကို readable ဖြစ်အောင်ကိုပဲ မနည်းပြန် ကြိုးစားနေရတယ်ဗျာ။
ကျွန်တော် နဲနဲ ပြန်ပြောကြည့်မယ် မေ့တေ့တေ့ တော့ ဖြစ်နေပြီ Phonedeamon ကို install လုပ်တဲ့ ကိစ္စက iTunes မလိုအပ်ဘူးလို ့ ထင်ပါတယ်။ iPhone ကို PC နဲ ့ချိပ်လိုက်တဲ့ အခါမှာ iTunes အလိုလျှောက် တက်လာခဲ့ရင် ပိတ်လိုက်ပါ။ 91 PC Suit ကို စက်ထဲမှာ သွင်းပြီးသားဆိုရင် iPhone ကို PC နဲ ့ချိပ်ပြီး 91PcSuit ကို Run လိုက်ပါ ဒီအခါမှာ 91 က ဖုန်းကို detect သိပါလိမ့်မယ်။ Phonedeamon installation ပေါ်လာရင် install လုပ်ပေးလိုက်ပါ internet connection လိုမလားတော့ မသိတော့ဘူး၊ ပြီးသွားရင် iPhone home screen မှာ တရုပ်စာနဲ ့ App တစ်ခုရလာပြီ။ အကယ်၍ ဖုန်းကို Reboot လိုရင်လဲ redsnow နဲ ့ ပြန်နိှုးပေါ့ ပြီးရင် iTunes နဲ ့ပြန်ချိပ်ကြည့်ပါ။ ပြဿနာက Tether Jailbreak ဖြစ်နေလို ့ပါ။
ReplyDeleteTether Jailbreak ကြောင့်လို့ပဲထင်ပါတယ်။ Phonedeamon ကို install လုပ်တာ iTunes မလိုဘူးဆိုတာလည်းမှန်ပါတယ်။ Install လုပ်နေတုန်းမှာလည်း iTunes ကိုဖွင့်မထားပါဘူးဗျာ။
ReplyDeleteအားလုံးပြီးတော့ iTunes ကို ဖွင့်ကြည့်တော့မှ၊ ကျနော်အပေါ်မှာပြောခဲ့သလို ...
(iTunes cannot read the contents of your iPhone. Go to the Summary tab in iPhone preferences and click Restore to restore this iPhone to factory settings) ဆိုပြီး Phone ကို Factory settings ကိုပဲ restore ပြန်လုပ်ခိုင်းနေတော့တာပဲဗျာ။
ခုပြသနာက iTunes မှာ Factory setting ကို restore ပြန်မလုပ်ဘဲ ပြန်အဆင်ပြေအောင်လုပ်လို့ရမဲ့ နည်းလမ်းလေးရှိရင်သိချင်လို့ပါ။
91 PC Suit ကကောင်းပေမဲ့ iTunes နဲ့က used to ဖြစ်နေတာကြာနေပြီမို့လို့ iTunes မှာသာ Phone ကို detect လုပ်လို့ မရတော့ရင် တော်တော်လေးကို အဆင်မပြေဖြစ်နေလို့ပါဗျာ။
ကျွန်တော်လုပ်ကြည့်ပြီးပြီ အက်ို 91 နဲ့မဆိုင်ဘူး 4.3.4 က baseband ကြောင့်နဲ့ထင်တယ် restart လုပ်လိုက်ရင်ပြန် redsn0w run ပေးရတယ် အကို့ baseband က 06.05.00 နဲ့ထင်တယ်
ReplyDeleteိdfu mode မှာ IREB နဲ့ ပြန် run ကြည်ပါလား တွေ့မယ်ထင်တယ်။
baseband ပြောတာလောသွားတယ် 06.15.00 ကိုပြောတာပါ
ReplyDeleteကျေးဇူးတင်ပါတယ်ဗျာ။ နောက်တခေါက်ထပ်ပြီး ကြိုးစားကြည့်လိုက်ဦးမယ်ဗျာ။ iPhone သုံးမိတာ အချိန်တော့ တော်တော်ကုန်သားဗျ.. ဟားဟားဟား
ReplyDeleteအစ်ကိုတို ့ရေ အချိန်လေးများရှိရင် ကျွန်တော ့ပြသာနာလေးလဲ ထင်မြင်သုံးသပ်ပေးပါအုန်းခင်ဗျာ ကျွန်တော်လဲ 4.3.4 ကို tether jailbreak လုပ်ထားတာပါ ဒါပေမဲ ့ဗျာ အိုင်ကျွန်းနဲ ့ detect တော ့သိတယ် app ကိုအိုင်ကျွန်းနဲ ့ကြည ့်ရင်မြင်တယ်ဗျာ ဖြူတ်ပြီးဖုန်းပေါ်မှာမမြင်ဘူး နောက်ပြသာနာက သီချင်းတွေ ပုံတွေ ringtones တွေ sync လုပ်လို ့မရတော ့ဘူး တခြား software တွေနဲ ့ကသိပ်အဆင်မပြေလို ့ဗျာ ကူညီကြပါအုန်း ထင်မြင်ရာလေးများကူညီကြပါဗျာ ကျွန်တော ့မေးလ်က mgnyan@i.softbank.jp
ReplyDeletekozayar က tether jailbreak လုပ်ပြီး အိုင်ကျွန်းနဲ ့ sync လုပ်လို ့ရလားသိချင်တယ်ဗျ
ReplyDeleteဟုတ်ကဲ့ ကျွန်တော်ကတော့ ရပါတယ်။။
ReplyDeleteThis post has been removed by the author.
ReplyDeleteဒီ software မသုံးခင် iphone ကို jailbreak လုပ်ထားဖို့ လိုမလို သိချင်ပါတယ်။ jailbreak လုပ်စရာဖို့မလိုတဲ့ တခြား iphone explorer software တွေ ရှိရင်လည်း ပြောပြကြပါဦး။ ပြီးတော့ အခု software နဲ့ ဒီ software နှစ်ခုမှာ ဘယ် software သုံးလို့ အဆင်ပြေနိုင်မယ် ထင်ပါသလဲ?
ReplyDelete- http://download.cnet.com/iPhone-Explorer-PC/3000-18546_4-10969335.html
- http://download.cnet.com/iPhone-Explorer/3000-18553_4-10964610.html
This post has been removed by the author.
ReplyDeleteကျွန်တော့်ဖုန်းထဲက voice memo နဲ့ pdf file တွေကို sync မလုပ်ဘဲ pc ထဲကို ဘယ်လို transfer လုပ်လို့ရသလဲ ဆိုတာကိုလည်း ပြောပြပေးပါဦး။
ReplyDeleteU Ko Ko Maung ရေ ဒီ Software သုံးဖို ့အအတွက် Jailbreak လုပ်ဖို ့မလိုပါဘူး၊ ဖုန်းထဲမှာ download လုပ်ထားတဲ့ PDF file တွေ အသံသွင်းယူထားတဲ့ Voice Memo (.mov)file တွေကိုလည်း Drag & Drop နည်းနဲ ့ phone <---> PC အပြန်လှန် ထည့်သွင်းလို ့
ReplyDeleteရပါတယ်။ U Ko Ko Maung ပေးတဲ့ software လေးကို ကျွန်တော် ပိုနှစ်သက်တယ်.. ကျွန်တော် အားလုံးကို ပြန်ရှယ်ပေးလိုက်ပါ့မယ် ကျေးဇူးပါ
အင်း..ပြဿနာက version 4.3.4 ကြောင့်လို့ကျနော်ထင်တယ်ဗျ.ဘာဖြစ်လဲဆိုတော့
ReplyDeleteCydia မှာဖေါ်ပြထားတယ်ဗျ..အဲဒီဗားရှင်းကိုမသုံး
မိဖို့လေ...
ုမိုးသကြားရေ
ReplyDelete91pc ကို မသုံးချင်တော့လို ဖျက်လိုက်တာ
driver တွေ အကုန်ပျောက်သွားပြီး အသစ်ပြန်တင်လိုက်ရတယ်
ကောင်းပေမဲ့ အားလုံးသတိထားသုံးကြပါလို့
စေတနာဖြင့်....
Mac အတွက်ကော မရှိဘူးလားဗျာ။ ရှိရင်လဲ လင့်လေးပေးကြပါအုံုး။ ကျေးဇူးတင်ပါတယ်
ReplyDeleteapps တွေရော jailbreak မလုပ်ရသေးဖုန်းထဲ ဘယ်လို ထည့်ရမလဲ
ReplyDeleteကိုမိုးသကြားရေ
ReplyDeleteကျနော်ဖုန်းက 4s ပါ 91 pc suit ကိုဖုန်းထဲကို ထည့်ချင်ရင် jailbreak လုပ်ပြီးမှရမှာ ဒါမှမဟုတ် ဒီတိုင်း run ထည့်လိုက်ရင်ရော ရမလား ကျနော်လည် နာမလည်လို့ အရမ်း မလုပ်ရဲလို့ပါ အိုင်ဖုန်းမှာ ရေဒီယိုကိုဘယ်ကနေယူလည် အဲဒါလည်သိချင်ပါတယ်ဗျာ ကူညီပါ ။