Friday, November 16, 2012

International FREE Apple ID အသစ် လွယ်ကူစွာ ဖွင့်လှစ်နည်း

မိမိ၏ လက်ရှိ Apple ID ကို အကြောင်းအမျိုးမျိုးကြောင့် သုံးလို့ မရသောသူများ၊ ယခုမှ စတင်၍ Apple ID ရယူမည့်သူများ သို့ မဟုတ် နောက်ထပ် Apple ID များ ထပ်ဆောက်ချင်သူများအတွက် တစ်နေရာထဲမှာ ထိုင်ပြီး တစ်ကမ္ဘာလုံးရှိ မိမိ နှစ်သက်ရာ iTunes Store ၏ Apple ID တစ်ခုကို အလွယ်ကူဆုံး စတင် တည်ဆောက်နည်းကို အသေးစိပ် ထပ်မံ၍ တင်ပြပေးလိုက်ပါတယ်..


ယခုလက်ရှိ အချိန်ထိ တစ်ကမ္ဘာလုံးမှာ Apple Store ရှိတဲ့ နိုင်ငံပေါင်း (၁၃၂) နိုင်ငံ ရှိပါတယ်။ ဆန္ဒရှိလို့  Apple ID (၁၃၂) ခုလုံး ရယူချင်တယ်ဆိုရင်လည်း အောက်ပါ နည်းလမ်းနှင့် လုပ်ယူနိုင်ပါတယ်..

>>Apple ID တစ်ခု အတွက် လိုအပ်ချက်များ <<

  1. email account (၂)ခု ရှိထားရပါမယ်၊ တစ်ခုက "Apple ID" အတွက် နှင့် တစ်ခုက မူရင်း Apple ID ပြဿနာဖြစ်ရင် ပြန်ရယူဖို့  အတွက် "Rescue mail" အနေနဲ့  ပေးထားရပါတယ်။

  2. မိမိဖွင့်လိုသော Apple Store နိုင်ငံ၏ လိပ်စာ နှင့် ဖုန်းနံပါတ်။
    (ဘယ်လို ရယူရမည် ဆိုသည်ကို အောက်တွင် ဖော်ပြထားပါသည်)


ကဲ... Apple ID အသစ်တစ်ခု စဖွင့်ကြရအောင်... ကျွန်တော်က နမူနာ အနေနဲ့  US Account ကို ဖွင့်ပြပေးသွားပါမယ်...


လုပ်ငန်းစဉ်

အဆင့် ၁)
မိမိ PC ရှိ iTunes တွင် Sign In ဝင်ထားပါ Sign Out ပြန်လုပ်ထားဖို့ လိုပါလိမ့်မယ်။
Sign Out လုပ်ရန် Menu bar ရှိ Store -> Sign Out လုပ်ပါ။


အဆင့် ၂)
iTunes ၏ ဘယ်ဘက်ခြမ်းရှိ "iTunes Store" ကို ရွေးပါ။


ညာဘက်စွန်းရှိ Scroll bar ကို အောက်ဆုံးသို့  ဆွဲချလိုက်ပါ၊ အောက်ပါပုံအတိုင်း "iTunes Store" ကိုတွေ့ ရမည်။


အဆင့် ၃)
"Change Country" ကို နှိပ်ပါ။
အောက်ပါပုံအတိုင်း နိုင်ငံများပေါ်လာပါက မိမိဆန္ဒရှိသော နိုင်ငံကို ရွေးပါ။ (ဤနေရာတွင် ကျွန်တော်က US ကို ရွေးပါမည်)



Apple Store ပြောင်းသွားတာကို အောက်ပါပုံအတိုင်း တွေ့ ရပါမည်။


အဆင့် ၄)
Apple Store change သွားပြီးနောက် အောက်ပါပုံအတိုင်း App တစ်ခုကို download လုပ်ရန် နှိပ်လိုက်ပါ။
(FREE account ဆောက်ရန် ဤအဆင့်သည် Key ဖြစ်သည်)


အဆင့် ၅)
Apple ID နှင့် Sign In ဝင်ခိုင်းပါမည်၊ "Create Apple ID" ကို နှိပ်ပါ။


အဆင့် ၆)
"Welcome to the iTunes Store" page တွင် "Continue"

"Terms and Conditions and Apple Privacy Policy" တွင် "I have read and agree....." ကို Check လုပ်ပြီး "Agree"

အဆင့် ၇)
အောက်ပါပုံအတိုင်း ဖြည့်စရာ Form တစ်ခုပေါ်လာပါလိမ့်မည်။



  • "Email" တွင် မိမိ Apple ID အဖြစ် သုံးလိုသော email address (1) ကို ဖြည့်ပါ။

  • "Password" သတ်မှတ်ရာတွင် စာလုံးရေ အနည်းဆုံး (၈)လုံး ပါရမှာဖြစ်ပြီး၊ Capital Letter (စာလုံးအကြီး) နဲ့  Numeric (နံပါတ်) တို့  ပါရှိရမှာ ဖြစ်ပါတယ်။

  • "Security info" မှာ မည်သည့် မေးခွန်းကို ရွေးသည်ဖြစ်စေ အဖြေကို "abcd" ဟု ပေးလိုက်တာက ဘယ်တော့မှ မမေ့နိုင် မမှားနိုင်ပါဘူး။ (မှတ်မိနိုင်တယ် ဆိုရင်တော့ နှစ်သက်ရာ အဖြေသတ်မှတ်ပါ)

  • "Optinal Rescue mail" မှာ ဒုတိယ email address (2) ကို ဖြည့်ပါ။ မိမိ၏ မွေးနေ့ ကို မှန်မှန်ကန်ကန် ဖြည့်စွက်ပြီး "Continue" နှိပ်ပါ။



အဆင့် ၈)
"Provide a Payment Method" တွင် "None" ကိုရွေးပါ။

US Store ကို ဆောက်သူများ အမည်မှလွဲ၍ အခြား အရာများကို ပုံပါအတိုင်း ဖြည့်စွက်နိုင်ပါသည်။


  • မိမိကိုယ်တိုင် စိတ်ကြိုက် USA မှ Postal code လိပ်စာကို ရှာဖွေ ထည့်သွင်းလိုသူများ ဤနေရာတွင် ရှာနိုင်ပါသည်။

  • အခြား ကမ္ဘာအဝှမ်း Postal code နှင့် လိပ်စာ ရှာဖွေသူများ ဤနေရာတွင် ရှာဖွေပါ။


အဆင့် ၉)
အားလုံးပြီးစီးပါက "Create Apple ID" ကို နှိပ်ပါ။

အဆင့် ၁၀)
သင်၏ email address (1) သို့  Apple မှ verification letter ပို့ ပါမည်။ email တွင် ဝင်ရောက်စစ်ဆေးပါ။


အဆင့် ၁၁)
သင့် email တွင် ပုံပါအတိုင်း စာကိုတွေ့ ရပါမည် "verify Now >" ကို နှိပ်ပါ။


အဆင့် ၁၂)
အောက်ပါပုံအတိုင်း Apple ID တွင် "email address" နှင့် "password" ကို ထည့်သွင်းပြီး "Verify Address" ကို နှိပ်ပါ။


အဆင့် ၁၃)
အောက်ပါပုံအတိုင်း ပေါ်လာပါက သင်၏ Apple ID ရယူ တည်ဆောက်ခြင်း အောင်မြင်ပြီး ဖြစ်၍ သင်နှစ်သက်ရာ Apple Store ID ကို FREE ရရှိသွားပါပြီ...





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

60 comments :

  1. "Please contact itunes support to complete this transaction" ဆိုတဲ့ error ပေါ်နေလို့ ...ဘာဆက်လုပ်ရမလဲဟင်...please..thanks you ....friend

    ReplyDelete
  2. can't bro..we can't pass no.8.i don't know why.?

    ReplyDelete
    Replies
    1. Which Apple Store do you create?

      Delete
    2. US bro.......please contact itunes support to complete this transaction
      ဆိုတာလေးပါ ဘယ်လို လုပ်လုပ် မကျော်နိုင်ဘူး....

      Delete
    3. ဒါက Connection နဲ့ ပဲဆိုင်ပါတယ်.. ကျွန်တော်တို့ ဆီမှာတောင် ရံဖန်ရံခါ ဖြစ်တတ်ပါတယ်..

      Delete
  3. အစ်ကိုရေ
    ကျေးဇူးဗျာ
    singapore store ကပိုအဆင်ပြေတယ်

    ReplyDelete
  4. အစ်ကိုရေ
    အရင် post တွေက unicode နဲ့မို့
    ဖတ်မရဘူးဖြစ်နေတယ်
    ဘယ်လိုလုပ်ရမလဲခင်ဗျာ

    ReplyDelete
    Replies
    1. ကျွန်တော် ဖြည်းဖြည်းခြင်း ပြန်ပြောင်းနေပါတယ်.. ကျေးဇူးပါ...

      Delete
  5. မြန်မာနိုင်ငံ ကဆိုရင်တော့ အဆင့် ၈ ကိုကျော်ဖို့မလွယ်ပါဘူး
    အရင်ကတော့ ရပါတယ် Free ပါ ခုနောက်ပိုင်းမှာ အားလုံးဖြည့်ပြီးသွားရင် ဒီ Error လေးတက်ပါတယ်

    please contact itunes support to complete this transaction
    ဆိုတာလေးပါ ဘယ်လို လုပ်လုပ် မကျော်နိုင်ပါဘူး US Proxy လဲပြောင်းသုံးပါတယ် မရပါ
    ကျွန်တော်ထင်တာတော့ Location Error ထင်တာပဲ

    ReplyDelete
    Replies
    1. yah..i aslo like that error.but..i stay in singapore.why????

      Delete
    2. I created US Apple ID for myself everything is ok, all of the screen shots are my own when I register. So please believe me just because of connection.

      Delete
    3. ဟုတ်တယ်ခင်ဗျ please contact itunes support to complete this transaction ဆိုပြီးတော့ပဲ ပေါ်နေတယ်ဗျ

      Delete
  6. ကိုမိုးသိကြား... ကျွန်တော်ကတော့ US Store နဲ့ လုပ်လိုက်တာ..ရသွားပါပြီးခင်ဗျ..
    ကျေးဇူးအထူးတင်ပါတယ်ဗျာ... ကျနော် US Store ID လိုချင်နေတာကြာပြီ..
    ခုမှပဲရတော့တယ်... Thanks..

    ReplyDelete
  7. ကိုမိုးသိကြားရေ ipad မှာ music ဖွင့်တဲ့အခါ Lyrics သွင်းထားလည်းမပေါ်ပါဘူး....အိုင်ဖုန်းနဲ့အိုင်ပေါ့မှာကတော့ရတယ်....တကယ်လို့လုပ်လို့ရတဲ့နည်းရှိတယ်ဆိုရင် new ipad မှာပါပေါ်မယ့်နည်းလေးသိချင်ပါတယ် ကျွန်တော့သူငယ်ချင်းတွေလည်း Lyrics ပေါ်တာလိုချင်နေလို့ပါ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်........အမြဲအားပေးနေပါတယ်.....

    ReplyDelete
  8. ကျေးဇူးအကိုရေ......... sg store မှာတော့အဆင်ပြေတယ်

    ReplyDelete
  9. ကျွန်တော်ကတော့အဆင့် ၈ ကကိုမတက်နိုင်တော့ဘူး နှစ်ရက်ရှိပြီ ကယ်ကြပါအုန်း.......

    ReplyDelete
    Replies
    1. ကျွန်တော်ကျော်မ၇ဘုဗျ

      Delete
  10. ကိုမိုးသိကြား... ကျနော်ကတော့ နောက်ထပ် US Store မှာ 3 ခု နဲ့ SG Store မှာ 1 ခု ထပ်လုပ်တာ အဆင်ပြေစွာနဲ့ ရပါတယ် ခင်ဗျ... ကျေးဇူးပါ..
    (arques) က အကိုက အဆင့် ၈ ထိရောက်တယ်..အဲဒီကကိုမတက်နိုင်ဘူးဆိုတာ... US Store မှာ ကိုမိုးသိကြား ပြထားတဲ့ Screen Shot အတိုင်း လိပ်စာနဲ့ ဖုန်းနံပါတ်တွေအားလုံး ထည့်ပြီးတော့ လုပ်တယ်ဆိုရင်တော့
    ဖုန်းနံပါတ်နေရာမှာ _ 213 6130291 _ အစား ရှေ့က 213 ကိုမထည့်ပဲနဲ့ နောက်က 6130291 ဖုန်းနံပါတ် 7 လုံးကိုပဲ
    ထည့်ပြီးတော့စမ်းလုပ်ကြည့်ပါလားခင်ဗျ... ကျနော့တုန်းကလည်း အဲဒီနေရာမှာ ဖုန်းနံပါတ်က အနည်းဆုံး 7 လုံးပဲဖြစ်ရမယ်ဆိုပြီးတော့ Error တက်တယ်ဗျ.. အကိုကတော့ ဘယ်လို Error တက်တာလဲဆိုတာတော့ မသိဘူး...ကျနော်နဲ့များတူနေမလားလို့ ပြောပြလိုက်တာပါ... ကျနော်နဲ့ Error တက်တာချင်းမတူဘူးဆိုရင်တော့လဲ Sorry!!!

    ReplyDelete
    Replies
    1. thz bro..now i do like that.all ok.no more error..i get US acc... :) thank u so much.

      Delete
  11. ipod touch 5g တစ်လုံးကျွန်တော်ဟိုနေ့က၀ယ်လာပါတယ် ios 6 နဲ့ဆိုတော့ jailbreak မရှိပဲဂိမ်းတွေဘယ်လိုသွင်းလဲဆိုတာသိချင်ပါတယ်........

    ReplyDelete
  12. ကျွှန်တော်ကတော့ phone number ပြောင်းလိုက်တာရသွားတယ်ဗျာ ... ကျေးဇူး ကိုမိုးသကြား

    ReplyDelete
  13. ကိုမိုးသကြားရေ ကျွန်တော် account ဖွင့်တာတော့ အဆင်ပြေပါတယ်။ အဲဒီ account ကို my apple ID က နေတစ်ဆင့် ပြန် sign in ဝင်ပြီး ID တွေ password တွေလည်း ဝင်ပြောင်းလို့ရပါတယ် manage account မှာ sign in ဝင်လို့ ရပါတယ်ခင်ဗျာ။ ဒါပေမဲ့ ကျွန်တော့် PC ထဲက itunes မှာကျတော့ sign in ဝင်တိုင်း "This Apple ID has not yet been used with the i Tunes Store - Please review your account information" လို့ပဲပြောနေပါတယ်။ ကူညီပါအုံးခင်ဗျာ။

    ReplyDelete
  14. ကျေးဇူးအထူးတင်ပါတယ်အကိုမိုးသကြား နည်းပညာမိုးလေတွေထက်ရွာပေးအုံးနော်ဟိဟိ

    ReplyDelete
  15. ကျေးဇူးတင်ပါတယ် အစ်ကို မိုးသိကြားရေ US Account လေး လိုချင်တာ ကြာပေါ့...

    ReplyDelete
  16. Resen email က မေးပို့မလာဘူးဖြစ်နေတယ် အကောင့်ကိုလည်း singin လုပ်ထားတယ်

    ReplyDelete
  17. everything is ok....thank u a lot bro....

    ReplyDelete
  18. အဆင့် ၈)
    "Provide a Payment Method" တွင် "None" ကိုရွေးပါ။
    ''None" မပါဘူး။ ဘယ်လိုလုပ်ရမလဲနော်။
    account လိုချင်တယ်

    ReplyDelete
  19. Apple server (US) reply this message

    please contact itunes support to complete this transaction
    အဲဒါကြောင့် iTunes support ကနေတဆင့် အဆင့်ဆင့်ကျော်ဖြတ်ပြီးလုပ်လိုက်တာ email verification အဆင့်တွေလဲပြီးသွား
    ပါတယ်..မေးထဲမှာ ကိုယ့်ရဲ့ Apple ID ကိုဖေါ်ပြနေပါတယ်...
    iTunes ကနေ sign in ၀င်လိုက်ရော This Apple ID has not yet been used with Itunes. Please review your account information လို့ပေါ်ပြီး review ကိုနှိပ်လိုက်တာ အကောင့်အသစ်ဖွင့်တဲ့နေရာ ပြန်ရောက်သွားတယ်ဗျာ
    အဆင်မပြေသေးပါဘူး

    ReplyDelete
  20. noneဆိုတာ မပေါ်ဘူးဖြစ်နေတယ် အစ်ကို။ ဘယ်လိုလုပ်ရမလဲ

    ReplyDelete
  21. ကျနော့တုန်းကလည်း အဲဒီနေရာမှာ ဖုန်းနံပါတ်က အနည်းဆုံး 7 လုံးပဲဖြစ်ရမယ်ဆိုပြီးတော့ Error တက်တယ်ဗျ.ဖုန်းနံပါတ်နေရာမှာ _ 213 6130291 _ အစား ရှေ့က 213 ကိုမထည့်ပဲနဲ့ 6130291 ဖုန်းနံပါတ် 7 လုံးကိုပဲ
    ထည့်ပြီးတော့စမ်းလုပ်ကြည့်ပါလား ဆိုတာ စမ်းလုပ်ကြည့်လိုက်တာ ရသွားပါပြီ ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျား

    ReplyDelete
  22. bro payment mhar none ma paw bu bro?Bal lo sat lote ya ma tone?

    ReplyDelete
    Replies
    1. ယခုနည်းကို Computer မှ လုပ်မှသာ "None" ကိုတွေ့ ရပါလိမ့်မယ်။ iPhone, Tablet မှ လုပ်၍မရပါ။
      နောက်တစ်ခုက အဆင့်(၄) ကို သေချာစွာ ပြန်လည်ဖတ်ရှုပါ..

      Delete
  23. အရင်က အကောင့်ဖွင့်တာရပေမယ့်
    အခု .......
    မရတော့ဘူးဖြစ်နေတယ်...။
    အကောင့်ဖွင့်ဖို့  တခြားနည်းလမ်းလေးရှိရင်ပြောပြပါဦး။
    ကျေးဇူးတင်ပါတယ်။။။

    ReplyDelete
  24. For assistance, Contact iTune
    Support at
    www.apple.com/support/itunes/ww/. ဆိုတဲ့ error လေး payment type ဘေးမှာ တက်နေတယ် ဘယ်လိုလုပ်ရ မလဲ ကျေးဇူးပြုပြီး ပြောပေးပါဦး

    ReplyDelete
    Replies
    1. ကျနော်လဲဖြစ်ပါတယ်။ အခုတော့အဆင်ပြေသွားပြီ ဒီ Comment တွေ့ပြီးကတည်းက ကျနော် နည်းလမ်းရှာလိုက်တာနောက်ဆုံးမှာ
      Ultra Surf နဲ့အဆင်ပြေသွားတယ်ဗျ။လိုအပ်တာက Ultra Surf ကို itunes မဖွင့်ခင်မှာ အရင်ဖွင့်ပြီး Connect Successful ပြတဲ့အထိ
      စောင့်ပါ။ပြီးမှ itunes ကိုဖွင့်ပြီး အပေါ်မှာအတိုင်းလုပ်ပေးလိုက်ပါ။အဆင်ပြေသွားပါမယ်။ကျနော်လက်တွေ့လုပ်ပြီးသားပါ။

      Delete
  25. http://mobilemyotaw.tk/?p=91 မှာတော့ ဖုန်းထဲမှာလုပ်တဲ့နည်းရှိပါတယ်။ ကိုမိုးသကြားရေ။ အဲ့လိုပိုစ့်မျိုးတွေအများကြီးတွေ့နေရပါတယ်။ :)

    ReplyDelete
  26. အကိုတို့ရေ Password ပေးတာဘယ်လိုမှ မရဘူးဖြစ်နေတယ်။ကူညီကြပါဦး....6.1.3 အတွက် Jailbreak တော့ထွက်နေတာတော့တွေ့တယ်။မြန်မာငွေနဲ့ဆို 40000 လောက်ကြမယ်ထင်တယ်။Jailbreak ထွက်လာရင်လည်းပြောကြပါဦး..ကျေးဇူးတင်ပါတယ်အကိုတို့ရေ....

    ReplyDelete
  27. Thanks you very much... Thanks you.... I can open it... Yeah.... US acc..... Ohhhhh...

    ReplyDelete
  28. none ဆိုတာမပေါ်ဘူး

    ReplyDelete
  29. ကျေးဇူးအကိုရေ
    အဆင့် ၈ မှာ 213 ကိုဖြုတ်လိုက်မှပဲရသွားတော့တယ် :D

    ReplyDelete
  30. ကိုမိုးသိကြား ကူညီပါအုံး ကျွန်တော်ကွန်ပျုတာနဲ့ itune account ဖွင့်တာ payment method မှာ none မပါတော့ဘူး ဘယ်လိုလုပ်ရမှာလည် အစ်ကို ကူညီပါအုံး.......

    ReplyDelete
  31. ကျွန်တော် itune acc ဖွင့်တာ မနေ့က 3 လုံးဆက်တိုက်ရတယ်ဗျ IOS ကို All Data Reset တော့လုပ်ရတယ်။
    Reset လုပ်ပီးတာနဲ့ Language > Country > အဲဒါတွေပီးတာနဲ့ create new နဲ့လုပ် ကောင်းတာက Gmail နဲ့မလုပ်ပဲ
    သူ့ရဲ့ iCloud နဲ့လုပ်တာပိုကောင်းတယ်။ အဲဒါတွေဖြည့် ပီးတာနဲ့ Find My Iphone ဆိုတဲ့ဆင့်မှာ Enable လုပ်ခဲ့ပါ။
    ပီးရင် Activate လုပ်တဲ့အဆင့်ပီးတာနဲ့ ဖုန်းရဲ့ Home screen ရောက်တာနဲ့ခဏစောင့်ပါ။ Mail 2 စောင်ရောက်လာပါမယ်။
    iCloud acc ရတဲ့အကြောင်းပါ။ ပီးရင်အဲဒီ Mail 2 စောင်ကိုဖွင့်ပီးဖတ် ကြည့်လိုက်ပါ ။ဘာလို့လဲမသိကျွန်တော်လဲမသိဘူး။ activate လုပ်တဲ့အဆင့်ကနေပီးတဲ့အချိန်ထိ wifi ကိုမပိတ်ပါနဲ့။ ပီးရင် apps store မှာ Find My iphone apps ကို down ပါ acc တောင်းရင် Excting acc နဲ့ icloud acc ကိုဖြည့်ပါ။ မရရင် create acc နဲ့ ပြန်ဖြည့်ပီး id တွေမှာ icloud မှာဖြည့်တဲ့အတိုင်း အကုန်တူတူလုပ်ပါ။ တကယ်လို့ အဲဒီအကောင့်က လုပ်ပီးသားလို့ပြရင် ပြန်ထွက်ပီး setting > itune n app store > apple id မှာ icloud အကောင့်ကိုပြန်ဖြည့်ပါ။ အဲဒီအဆင့်မှာ နည်းနည်းတော့ကြာတယ် စောင့်နေရတယ် 5 mins ကနေ 10 mins ထိကြာတယ် Mail ထဲကို apple store ရဲ့အကောင့် ရောက်လာပါလိမ့်မယ် connection ကောင်းဖို့ပဲလိုတာ။ ကျွန်တော့်မှာ ရတာ Default store ထင်တယ် US store ကချည်းရတာ ပီးမှ ပြန်ချိန်းရတယ် SG store ကို။ acc တခါလုပ်တိုင်းမှာ Erase All Content and Setting နဲ့လုပ်ပါ။ မရရင်တော့ waiyandawei@gmail.com ကို mail send ပီးလုပ်ချင်တဲ့ user name နဲ့ ps ကိုပေးပါ။ ပီးမှပြန်ချိန်းပေါ့ ps ကို။ thz all bro..... (မှတ်ချက်-ကျွန်တော်ပြောတာမှားခဲ့ရင်လဲခွင့်လွှတ်ပါ) သိတာလေး share တာပါ။

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  32. ကျေးဇူးပါ အကောင့် ၃ ခု သူငယ်ချင်းများကို ဖွင့်ပေးလိုက်ပါပြီ(ဖုန်းနံပါတ်မှာ ၂၁၃ ဖြုတ်ချင်လည်းရပါတယ် ဒါမှမဟုတ်ရင် ၂၉၁ ဖြုတ်လည်းပါတယ်)

    ReplyDelete
  33. Payment မှာ None မပေါ်ဘူးဖြစ်နေတယ်ခင်ဗျ။ ဘယ်လိုလုပ်ရမယ် တဆိတ်လောက်ပြောပြပေးပါလား။ အသေးစိတ်လေး။

    ReplyDelete
    Replies
    1. ဘောဒါရေ နဲနဲဝင်လျှာရှည်လိုက်ပါဦးမယ် ဆရာလုပ်တယ်တော့မထင်ပါနဲ့ blogger အစ်ကိုမအားဘူးထင်လို့ပါ paypament မှာ none မပေါ်တာကတော့ ကျနော်လဲကြုံဘူးပါတယ် application store ထဲက free app တခုကို အရင်ဒေါင်းလိုက်ပါ အဲမှာအကောင့်တောင်းပါလိမ့်မယ် အဲ့နေရာမှာပဲ created account ကိုနှိပ်ပြီးမှ အကောင့်ဖွင့်ရင် payment မှာ none ပေါ်ပါတယ် အခြားနေရာကဖွင့်ရင် None မပါပါဘူး ကိုယ်ချင်းစာလို့ဝင်ပြောပြတာပါ စိတ်မရှိပါနဲ့...

      Delete
    2. I already warning at STEP (4) about this. Please read until understan then do it. 😉

      Delete
  34. အစ်ကိုရေ အကောင့်လေးကတော့အောင်မြင်စွာဖွင့်လိုက်ပါပြီ ဒါပေမယ့် sync လုပ်တဲ့နေရာမှာ the iphone 'APPLE's could not be synced this computer no longer authorize for purchase items that are on this phone. လို့ စာတမ်းပြပြီးဘာမှ app တွေ ထည့်မရပါဘူး ဖုန်းကတော့ apple's iphone 3GS ပါ တရုတ်လေးပါ ဖုန်းမကောင်းလို့လားတော့မသိပါ နဲနဲလောက်ရှင်းပြပေးပါလား အကေင့်ဖွင့်လို့ရတဲ့အတွက် အထူးကျေးဇူးပါ လေးစားစွာဖြင့်

    ReplyDelete
    Replies
    1. I am ready to write about it but the problem is I am a little busy, please be patient. Coming so soon.

      Delete
    2. Thank you very much bro.I will wait for you.

      Delete
  35. Apple ID အကောင့် ဖွင့်ပြီးမှ ဝင်တဲ့ လူတွေ ဆို Payment မှာ None မပေါ်ဘဲ ဒုက္ခ ရောက်နိုင်ပါတယ်။ အဲဒါ ကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပါတယ်။ အရင်ဆုံး Setting ထဲက icloud ကို သုံးချင်တဲ့ Apple ID နဲ့ ဝင်လိုက်ပါ ပြီးရင် icloud ထဲက အကောင့်ကို ဆက်ဝင်သွားပါ။ အဲဒီမှာ Storage Plan မှာ Payment Information ကို ဆက်သွားပါ။ အဲဒီမှာ None သေချာပေါက်ပါတယ်။ အဲဒီမှာ none ရွေးလိုက်ပြီး ရင် save ခဲ့လိုက်ပါ
    အဲဒါဆို itune တို့ app store တို့ ကို credit card မလိုဘဲ သုံးနိုင်ပါပြီ။

    ReplyDelete
  36. အစ်ကိုရေ ဒီပို့စ်လေးကို ကူးယူခွင့်ပြုပါလို့တောင်းဆိုချင်ပါတယ် credit ပြန်ပေးပါ့မယ် ကျနော်ကဘန်ကောက်မှာပါ service ဆိုင်တချို့မှာ apple ID တစ်ခုကို Bath 200 တောင်အခကြေးငွေယူကြပါတယ် ဒါကြောင့် ကျနော်တို့ မြန်မာပြည်သားတွေ အဆင်ပြေအောင် ပြန်လည်ဝေမျှချင်လို့ပါ....

    ReplyDelete
    Replies
    1. မျှဝေနိုင်ပါတယ်.. မသိသေးတဲ့သူတွေကို သိစေချင်တာ အဓိကပါ..

      Delete
  37. အကေင့်ဖွင့်လို့ရတဲ့အတွက် အထူးကျေးဇူးပါ လေးစားစွာဖြင့် အကိုကျမ်းမာပါစေ

    ReplyDelete