Friday, November 16, 2012

iPad Mini ဒေါ်လာ ၁.၅ မီလီယံဖိုးခန့်  အခိုးခံရ

စောရငတက်ပြား လူတစ်စုလက်ချက်နဲ့  အမေရိကန်နိုင်ငံ JFK (John F. Kennedy) International Airport ရှိ ကုန်လှောင်ရုံ အမှတ် (၂၆၁) အတွင်းမှ ဒေါ်လာ ၁.၅ မီလီယံနှင့် ညီမျှသော Apple iPad Mini များကို ခိုးယူခြင်းခံလိုက်ရသည်။

၁၉၈၇ ခုနှစ်တုန်းကလည်း အဲဒီကုန်လှောင်ရုံကြီးမှာပဲ ယခုလို တစ်ခါဖြစ်ပျက်ခဲ့ပြီး အဲဒီအကြောင်းကို ၁၉၉၀ က ရိုက်ကူးခဲ့တဲ့ "GoodFellas" ဇာတ်ကားမှာ ထည့်သွင်း ပြသခဲ့ပါသေးတယ်...


စောရတစ်စုဟာ ညသန်းခေါင် မတိုင်မီကထဲက ရောက်နေကြပြီး လေဆိပ်မှာ အသုံးပြုနေတဲ့ Forklift တွေကို သုံးပြီး iPad တွေ စုတင်ထားတဲ့ pallet နှစ်ခုကို Truck ကားပေါ်တင်သွားကြတာပါ။ အမှန်တော့ ဒီထက်မက အားလုံးကို သယ်တင်ဖို့  ကြံစည်ခဲ့ပေမယ့် ညစာ စားပြီးပြန်လာတဲ့ လေဆိပ် အလုပ်သမားတွေကြောင့် Pallet သုံးခုကို လက်လွတ်ထားခဲ့ရပါတယ်။


"ဒီကိစ္စဟာ အတွင်းလူမပါပဲနဲ့  ဘယ်လိုမှ အောင်မြင်နိုင်စရာမရှိဘူး" လို့  စစ်ဆေးရေး အဖွဲ့ က ကောက်ချက်ချခဲ့ပြီး လေဆိပ်ဝန်ထမ်းအချို့ ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလုပ်သမား သုံးဦးကိုတော့ polygraph test တွေ ပြုလုပ်ခဲ့ပါတယ်။

စောရတွေဟာ ကုန်လှောင်ရုံ အမှတ် (၂၆၁) ကို ည ၁၁နာရီခန့် မှာ "CEVA" စာတန်းပါ အဖြူရောင် ကုန်တင်ကားနဲ့  ရောက်လာခဲ့ပြီး လေဆိပ်အဆောက်အဦးရဲ့  လုံခြုံရေး နည်းပါတဲ့ ဘက်မှာ လမ်းမဘက်ကို အသင့် ခေါင်းလှည့်ပြီး ရပ်ထားခဲ့ပါတယ်။

စစ်ဆေးရေးအဖွဲ့  ကတော့ သူတို့  ဝင်ဖို့  ထွက်သွားဖို့  iPad တွေ သယ်ထုတ်ဖို့  အတွက် တစ်ယောက်ယောက်က ဖွင့်ပေးမှကို ရမယ် ဆိုတာကို ယုံကြည်ထားပါတယ်။


iPad Mini တွေဟာ အမေရိကန်မှာ ဖြန့် ဖြူးဖို့  တရုပ်ပြည်ကနေ အခုမှ လတ်တစ်လော ရောက်လာတာဖြစ်ပြီး အဲဒီ အထဲက အလုံး ၃၆၀၀ လောက်ကို စောရတွေ မသွားတာဖြစ်ပါတယ်။

အဲဒီ ကုန်လှောင်ရုံ အမှတ် (၂၆၁) ရာဇဝင် ကလည်း မသေးလှပါဘူး၊ ဒီဇင်ဘာ ၁၁ ရက် ၁၉၇၈ တုန်းက အဖြစ်အပျက်မှာလည်း ငွေသား ဒေါ်လာ ၅မီလီယံ နဲ့  ဒေါ်လာ ၉သိန်း တန်ဖိုးခန့် ရှိတဲ့ လက်ဝတ်ရတနာများကို စောရတစ်သိုက် ဖောက်ထွင်းခဲ့ဘူးပါတယ်။

ဒါကြောင့် အားလုံးပေါင်းလိုက်ရင် ဒေါ်လာ ၂၁ မီလီယံ ဝန်းကျင် အခိုးခံရမှုဟာ အမေရိကန်မှာတော့ စံချိန်တင် ဖောက်ထွင်းမှုကြီးဖြစ်လို့ နေပါတော့တယ်...


"GoodFellas" Trailar






Credit to : New York Post


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

2 comments :

  1. မိုးသကြား က တစ်အိုင်ထဲအိုင်နေတဲ့
    အိုင်ရူးပဲ..တော်တော်သနားဖို့ကောင်းတယ်.။
    စောက်သုံးမကျ..ပိုက်ဆံပေးဝယ်ပီးကိုယ်မပိုင်တဲ့အိုင်
    ဒီအိုင်တစ်မျိုးပဲသိတဲ့..အိုင်ရူး မောင်သကြား..
    သူ့ထက်ကောင်းတာတွေအများကြီးရှိသေးတယ်
    အဲ့သလောက်ရူးမနေနဲ့..

    ReplyDelete
  2. ဟေ့ကောင် ကိုကို ခင်များလို စောက်ဆင့်မရှိတဲ့ အောက်တန်းကျစိတ်ဓါတ်နဲ့ လာမဟောင်နဲ့

    ReplyDelete