Thursday, October 9, 2008

S pass လျှောက်ထားသူများ သတိပြုပါ

စင်ကာပူနိုင်ငံမှာ S pass(skill Pass) နဲ့အလုပ်လုပ်မယ့်သူတွေအနေနဲ့ S pass နဲ့ အလုပ်မလုပ်ခင်
သိသင့်သိထိုက်တာတွေကို လေ့လာစုံစမ်းသွားသင့်ပါတယ်။ S pass လျှောက်တဲ့အခါမရနိုင်တဲ့
အကြောင်းအရာအမျိုးမျိုးရှိတယ်ပါတယ်။ကိုယ်အလုပ်လျှောက်တဲ့ Company မှာ S pass ခွဲတမ်း
ပြည့်သွားရင် S pass တင်တဲ့အခါ မကျနိုင်ပါဘူး။ S pass လိမ်လျှောက်ထားလို့အရေးယူခံထားရတဲ့
Company မှာအလုပ်လျှောက်မိရင်လဲ Reject ပါ။ တစ်ချို့ Companyသူဌေးက ဘဏ်ချေးငွေယူထားပြီး
ချေးငွေမှန်မှန်ပြန်မဆပ်နိုင်ရင်လဲ S pass လျှောက်တဲ့အခါ အဆင်မပြေဖို့ များပါတယ်။



ှS pass နဲ့ အလုပ်လုပ်ခွင့်ရရင် တစ်လ စင်ကာပူ ၁၈၀၀ လစာပြည့် Company က ပေးရပါတယ်။
တစ်ချို့က တစ်လဒေါ်လာ ၈၀၀၊ ၁၀၀၀၊ ၁၂၀၀ နဲ့အလုပ်ခန့် ပြီး စင်ကာပူ MOM(Ministry Of Manpower)
ကိုအလုပ်ခန့် တဲ့ Company ကလစာပြည့် ၁၈၀၀ ပေးတယ်ဆိုပြီး လိမ်လျှောက်တာတွေတော်တော်များများ
ရှိပါတယ်။ စင်ကာပူမှာ လစာပေးရင် ဘဏ်ထဲကိုထည့်ပေးရတဲ့အတွက် ကိုယ့်ဘဏ်ထဲကိုတော့ လစာပြည့်
၁၈၀၀ ၀င်ပါတယ် ဒါပေမယ့် နဂိုညိုနှိုင်းထားသောလစာထက် ပိုတာကို Company ကိုပြန်လည်ပေးကြ
ရပါတယ်။ လစာကသာ အပြည့်မရတာ အခွန်ကိုတော့ ၁၈၀၀နှုန်း ပေါ်မှာဆောင်ကြရတဲ့အတွက် အရမ်းနစ်နာကြပါတယ် ဒါကြောင့် ကိုယ်အလုပ်လျှောက်မယ့် Company အကြောင်းကိုတတ်နိုင်သရွေ့  စုံစမ်းထားသင့်ပါတယ်။
စင်ကာပူမှာနိုင်ငံခြားအလုပ်သမားကို အလုပ်ခန့်ရင် အလုပ်ရှင်က စင်ကာပူအစိုးရကို levy (အခွန်စည်းကြပ်ငွေ)ပေးရပါတယ်။ တစ်ချို့အလုပ်ရှင်များက အလုပ်သမားဆီကဖြတ်ယူထားတာမျိုး၊ အလုပ်သမားကို ပေးခိုင်းတာမျိုးတွေရှိတတ်ပါတယ် ဒါကြောင့် Interview ၀င်စဉ်ကထဲက ရှင်းလင်းအောင်
မေးမြန်းညိုနှိုင်းထားသင့်ပါတယ်။
စင်ကာပူမှာနိုင်ငံခြားသားတွေကို ပညာရှင်အဆင့်ဖြင့် အလုပ်ခန့် တဲ့ အခါအလုပ်လုပ်ခွင့် E.P(Employment Pass) နဲ့ အလုပ်လုပ်ခွင့်ပေးပါတယ်။ E.P မှာ အမျိုးစား(၄)မျိုးထပ်ခွဲထားပါသေးတယ်။
တစ်လကို စင်ကာပူဒေါ်လာ ၁၀,၀၀၀ နဲ့အလုပ်လုပ်ခွင့်ရသူကို P1,တစ်လကို ဒေါ်လာ ရဝ၀၀ နဲ့ အလုပ်
လုပ်ခွင့်ရသူကို P2, တစ်လ ဒေါ်လာ ၃၅၀၀ နဲ့အလုပ်လုပ်ခွင့်ရသူကို Q1,တစ်လ ဒေါ်လာ ၂၅၀၀ နဲ့ 
အလုပ်လုပ်ခွင့်ရသူကို Q2, ဆိုပြီးခွဲခြားထားပါတယ်။ P1 သမားကတော့နှစ်ဖက်မိဘ(မိဘ+ယောက္ခမ)
လိုက်နေလို့ ရပါတယ်။ P2 သမားကတော့ မိဘလိုက်နေခွင့်ရှိတယ်။ Q1 က ကိုယ့်ရဲ့မိသားစုလိုက်နေခွင့်
ရှိတယ်။ Q2 ကတော့ကိုယ်တစ်ယောက်ထဲပဲနေလို့ ရပါတယ်။
အဲသည်လေးမျိုးအလုပ်သမားငှါးဖို့ တစ်ချို့Company တွေအခက်ခဲဖြစ် ကြတဲ့အတွက် ပြေလည်အောင်
Q2 ရဲ့အောက်က S pass အလုပ်လုပ်ခွင့်အသစ်ကို ၂၀၀၄ဇူလိုင်လမှစတင်ခဲ့တာပါ။
S pass နဲ့အလုပ်လုပ်ခွင့်ရသူကို အနည်းဆုံး လစာ စင်ကာပူ ၁၈၀၀ သတ်မှတ်ထားပါတယ်။ S pass လျှောက်
ထားသူအနေနဲ့ သူတို့လက်ခံနိုင်တဲ့အရည်ချင်းရှိရမယ်၊ သူတို့နိုင်ငံမှာဘွဲ့မရထားသော်လည်း သက်ဆိုင်တဲ့
လုပ်ငန်အတွေ့ကြုံ လုံလုံလောက်လောက်ရှိမယ်ဆိုရင်လျှောက်ထားနိုင်ပါတယ်။
ယခင်က Company တစ်ခုကို S pass ခွဲတမ်း(quota) ၅% ပေးထားရာမှ ၂၀၀ရ ဇွန်လကစပြီး ၁၅% ထိတိုးမြှင့်လာပါတယ်။S pass ခွဲတမ်းတိုးမြှင့်လာတဲ့အတွက် နိုင်ငံခြားသားများအလုပ်လုပ်ကိုင်ခွင့်
ပိုမိုရရှိလာပြီး စင်ကာပူနိုင်ငံသားတွေ အလုပ်ရှာရတာခက်ခဲမှုတွေရှိလာပါတယ်။ စင်ကာပူအစိုးရကလည်း
ခုနောက်ပိုင်း S pass နဲ့လစာအပြည့်မပေးတဲ့ Company တွေကိုစီစစ်မှုတြွေပုလုပ်လာပါပြီ။

စင်ကာပူမှာအလုပ်လာရှာကြတဲ့ ရြွှေမန်မာတွေ ထိုက်တန်သောလစာနဲ့
ကောင်းမွန်သောအလုပ်တွေရရှိကြပါစေဗျား ...

မော်ဒန်ဂျာနယ် မှသတင်းအားပြန်လည်ကိုးကားသည်..
မိုးသိကြား

Facebook Comments

0 comments :

Post a Comment