အမိမြေနဲ့ အဝေးမှာ I.T နဲ့  ဘာမှမပက်သက်တဲ့ အလုပ်တွေကို လုပ်ကိုင်ရင်း ဟိုစပ်စပ် ဒီစပ်စပ် သိတာလေးတွေ ကို ပြန်လည်၍ ဖောက်သည်ချဖို့  Blog ရေးဖြစ်သွားပါတယ်... ဝါသနာအရ Blog တစ်ခုကို စမ်းတဝါးဝါး တည်ဆောက်ခဲ့ပေမယ့် ကိုယ့်ကိုယ် ကို Blogger အဖြစ် အသိအမှတ်ပြုခဲ့တာ Blog သက်တမ်း (၅)နှစ် ကြာခဲ့ပြီးမှပါ....
မိုးသိကြား၏ နိဒါန်း
မိုးသိကြား ဘလော့ခ်ကို ၂၀၀၈ ခုနှစ် စက်တင်လာလမှာ စတင်၍ အပျော်တမ်း အနေနဲ့  အသက်သွင်းခဲ့ရာမှ ယခုဆိုရင် သက်တမ်း ခြောက်နှစ်အတွင်း ဝင်ရောက်လာခဲ့ပါပြီ စတင်ရေးစဉ်က Blog ဆိုတာဘာမှန်းမသိပဲ စမ်းတစ်ဝါးဝါး ရေးခဲ့ရပါတယ် ကနဦးရည်ရွယ်ချက် ကတော့ စင်ကာပူကို အကြောင်းအမျိုးမျိုး ရည်ရွယ်ချက်အမျိုးမျိုးနဲ့  လာရောက် အလုပ်လုပ်ကိုင်ကြမယ့် ရွှေမြန်မာများ၊ လက်ရှိရောက်နေကြသူများ အတွက် သိသင့်သိထိုက်သော သတင်းအချက်လက်များကို စုစည်းဖ်ာပြရန် ရည်ရွယ်ကာ ပထမဦးဆုံး ပိုစ့်ဖြစ်တဲ့ "အေးဂျင့်အတုများ သတိပြု" ဆိုတဲ့ ပိုစ့်လေးကို စတင်ဖြစ်ခဲ့ပါတယ်...
ဒီပိုစ့်လေးဟာလည်း တစ်ကယ်တမ်းကျတော့ ကျွန်တော့်ဆီကိုရောက်လာတဲ့ Forward mail လေးကို ပြန်တင်ပေးခဲ့တာပါ အဲဒီနောက်ပိုင်းမှာ တော်တော်ကြာကြာ ပိုစ့်တွေ မတင်ဖြစ်ခဲ့ရာက iPhone ပေါ်လာပြီးနောက်ပိုင်း တွေ့ ကြုံနေရတဲ့ အခက်ခဲတွေကို မှတ်စုသဖွယ် စုစည်းတင်ပြရင်းက စလို့  ကျွန်တော့် Blog လေးမှာ စာရှုသူများလာပြီး IT Blog လေးတစ်ခု သဖွယ် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရပါတယ်...
Multimedia လုပ်ငန်းတွေနဲ့  ဝမ်းကျောင်းခဲ့ရတဲ့ အတွက် IT နဲ့  ပက်သက်လို့ တော့ ကျွန်တော်ဟာ မူကြိုအဆင့်သာ ရှိပါတယ်၊ ဒါကြောင့် မိမိသိတာလေးတွေကို စေတနာ အပြည့်နဲ့  ဖော်ပြရေးသားခဲ့ပေမယ့် ဒီအကြောင်းအရာတွေ အားလုံးကို မျက်စိစုံမှိတ်ပြီး မယုံကြည်ကြပဲ မိမိကိုယ်တိုင် စမ်းသပ်လေ့လာပြီးမှ လိုချင်တဲ့ အဖြေကို ကိုယ်တိုင် ရှာဖွေကြပါလို့  ထပ်လောင်း၍ အသိပေးပါရစေ...
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
ko moe say ta nar ko nar lal par tal.
ReplyDeleteကိုယ်မိုးသာကြားကိုလေးစားပါတယ်ဗျား..ကနော်လည်းဒီလိုမျိုးတွေလုပ်သတ်ပါတယ် ဒါမဲ့ ကိုယ်မိုး လောက်တော့မနိုင်ဘူး..ဟမ်းးးး ကိုယ်မိုးရဲ့ မျက်နှာပုံလေးကိုပဲကြည့်ချင်တယ်။
ReplyDeleteအကိုရဲက စေတနာတွေကို အရမ်းလေးစားပါတယ် ကျွန်တော်တို့လို့ IT စိတ်ဝင်စားတဲ့ လူငယ်တွေ အတွက် အရမ်းတန်ဖိုးရှိတဲ့ ပညာတွေ ကို ဒီမှာရရှိတဲ့ အတွက် ကျေးဇူးတင်ပါတယ် အကို ဆက်လက်ပြီးတော့လဲ ကြိုးစားပါလို့ အားပေးချင်ပါတယ်
ReplyDeleteThank you ko moe tha gyar.You are my's teacher one.I am IT student of your blog.
ReplyDelete