အားလုံး မင်္ဂလာပါ....
ပို့ (စ်)အသစ်မတင်ဖြစ်တာတောင်ကြာသွားပြီဗျာ.... ဒီနေ့ တော့အားလုံး သဘောတွေ့ ကြမယ်လို့ ထင်တဲ့
G talk ကနေပြီး voip စနစ်နဲ့  နိုင်ငံပေါင်း (၃၀)ကို အခမဲ့ အကန့် အသတ်မရှိ ဖုန်းခေါ်နိုင်မယ့် နည်းလမ်းလေး
ကို ပြောပြချင်ပါတယ်.....
ဒါပေမယ့်စိတ်မကောင်းစရာ တစ်ခုက အဲဒီ list ထဲမှာ ကျွန်တော်တို့ ရဲ့  ရြွှေမန်မာနိုင်ငံတော်ကြီး တော့မပါ ပါဘူးခင်ဗျာ...
ကဲလာပါပြီဗျာ.......
ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembour g LU +352
Mexico MX +52
Netherlan ds NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerla nd CH +41
United Kingdom GB +44
United States US +1
အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
Google Talk ကိုဖွင့်ပါ။
ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster. gtalk2voi p.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။ (phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
Talkster မှ ပေးပို့တဲ့ confirmat ion ကို instructi ons တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဖက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။
တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။
တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။ သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
အသေးစိတ် သိလိုသေးရင်တော့ www.talks ter.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။
ကဲဘာလိုသေးလဲဗျာ ဆုန်သင်းပါရ် ဆိုသလို ဒမ်..ဒီ..ဒီ..ဟိုင်..ဒီ..ဒီ..ပေါ့ ကဘာကြီး က ကျဉ်းကျဉ်းလေးပါ..
ကဲအားလုံး အဆင်ပြေပါစေဗျား....
မိုးသိကြား
Saturday, October 18, 2008
G talk ကနေဖုန်းအလကားပြောရအောင်
Facebook Comments
Subscribe to:
Post Comments
(
Atom
)
0 comments :
Post a Comment