Monday, July 5, 2010

Apple OS4 Jailbreak For iPad,Phone,Pod.....



iPhone 4, iPad နှင့်အတူ OS4 ကိုလဲ Apple က တစ်ပြိုင်ထဲ ထုတ်လုပ်လိုက်ပြီး iPod,iPhone (2G,3G,3Gs) user များအားလုံးလည်း iTune9 မှတဆင့် OS4 ကို update လုပ်ယူနိုင်ကြပါပြီ... OS4 မှာကတော့ user တွေကို စွဲဆောင်နိုင်မယ့် လုပ်ဆောင်ချက် အသစ်တွေပါဝင်လာပါတယ်၊ ဘယ်လိုပဲ အသစ်တွေပါလာပါလာ အမြဲတမ်း Free တွေရချင်နေပြန်တော့ OS4 ကို Update လုပ်ပြီးကြပြီ ဆိုရင်... ထုံးစံအတိုင်း Jailbreak ကြစို့ သူငယ်ချင်းရေ....

OS4 ကို Jailbreak လုပ်ခြင်း

iPad,iPhone 4 အပါအဝင် OS4 အားလုံးကို လွယ်ကူလျှင်မြန်စွာ Jailbreak လုပ်လို့ ရပါပြီ...

အဓိက လိုအပ်တဲ့ applications တွေကို အောက်ဖက်မှာ ဒေါင်းလုပ် အရင်ဆွဲထားပေးပါ...

Redsnow ကို PC user နဲ့  Mac User တွေ အတွက် နှစ်ခုစလုံးခွဲပြီး တင်ပေးထားပါတယ်
Pwnage တွေကိုလဲ iPod,iPhone Generation တွေအလိုက်ခွဲပြီး တင်ပေးထားပါတယ် မိမိ အသုံးပြုနေတဲ့ Device ကို လိုက်ပြီး သင့်တော်ရာကို ဒေါင်းလုပ်ရယူပါ....

Download Links

RedSnow

1) For Window (PC user)

2) For Mac (Mac user)


Pwnages

1) For iPhone 4

2) For iPhone 3Gs

3) For iPhone 3G

4) For iPod 3G

5) For iPod 2G

Jailbreak လုပ်ပုံ အဆင့်ဆင့်ကတော့ အရင်ဆုံး Redsnow.exe ကို Run ပေးလိုက်ပြီး pop-up box ပေါ်လာပါက Browse ကိုနှိပ်ပြီး မိမိသုံးနေသော Device ရဲ့  Pwnage ကို ရွေးပေးလိုက်ပါ.....

Firmware 3.1.3 jailbreak လုပ်တုန်းကနဲ့  အတူတူပဲမို့  အသေးစိတ် မရေးပါရစေနဲ့ တော့ မဖတ်ရသေးရင် ဒီနေရာလေးမှာ သွားဖတ်ကြည့်လို့ ရပါတယ်။

ထူးထူးခြားခြားလေး တစ်ခုကတော့ Apple ရဲ့  Official Site မှာ ရေးထားတာက OS4 ရဲ့  function တစ်ခုဖြစ်တဲ့ Multitasking ကို iPhone 3G မှာ မရနိုင်ဘူးလို့ ဆိုထားပေမယ့် Jailbreak လုပ်ပြီးချိန်မှာတော့ အလုပ်လုပ်တာတွေ့ ရပါတယ်။




စိတ်မကောင်းစရာကတော့ OS4 မှာ မြန်မာဖောင့် keyboard အလုပ်မလုပ်တဲ့ အတွက် မြန်မာစာရိုက်လို့ မရနိုင်ပါ သို့ သော် မြန်မာဖောင့်ဟာ အချို့ သောမြန်မာ Blog/Web Site (ဥပမာ.. ကျွန်တော့် Blog) များမှာ ဖော်ပြနိုင် ဖတ်နိုင်သေးတဲ့ အတွက် အပြည့်အဝ မဟုတ်သော်လည်း အလုပ်လုပ်နေပါသေးသည်...

အားလုံးပဲ OS4 နဲ့  အတူ အသစ်အသစ်တွေကို လွယ်ကူစွာ ရယူ အသုံးပြုနိုင်ကြပါစေဗျား....

မိုးသိကြား

1 comment :

  1. iPod 4G အတွက်ကျတော ့ဘယ်လို Jailbreak လုပ်ရမယ်ဆိုတာ ကျေးဇူးပြုပြီး ကူညီကြပါဦး...

    ReplyDelete