ရုပ်ရှင်သိပ်ကြိုက်တဲ့ ကျွန်တော့်အတွက် AVATAR ဇာတ်ကားဟာ အခါခါပြန်ကြည့်မိတဲ့ ရုပ်ရှင်ကားတစ်ကားပါ... ငယ်ငယ်တုန်းကတော့ ရုပ်ရှင်ဆို ဒီလိုပဲကြည့်လိုက်တာပါပဲ ဇာတ်ကားနာမည်လဲမသိ မင်းသား/မင်းသမီး နာမည်လဲမသိ ဒါရိုက်တာဆိုတာ ဘာမှန်းတောင် မသိဘူး... ကျွန်တော် ၃တန်းလောက်က တစ်ရက်ကြတော့ ကျွန်တော်တို့ မိသားစု ရုပ်ရှင်သွားကြည့်ကြရော(အဂင်0x081လိပ်ကား) သမ0x081မတရုံမှာ အဲဒီမှာတင် အဖေက ရုပ်ရှင်ပိုစတာပေါ်က ဇာတ်ကား နာမည်ကို စာလုံးပေါင်းခိုင်းရော ပြီးတော့အသံပါထွက်ခိုင်းတယ် အဂင်0x081လိပ်စာညံ့တဲ့ ကျွန်တော့ အတွက်တော့ အကြီးကျယ်ဒုက0x081ခပေါ့ဗျာ
ဒါပေမယ့် ဒီနေ့ ထိ အဲဒီကားနံမည်လေးကို မှတ်မှတ်ရရ ရှိနေဆဲပါ ကားနံမည်က "Tiger Don't Cry" တဲ့... နောက်ပိုင်းကြတော့ ရုပ်ရှင်သွားကြည့်တိုင်း ကိုယ်ကြည့်မယ့် ရုပ်ရှင်နာမည်ကို ရွတ်ပြရတယ် အဲဒီ အလေ့ကျင့်ကောင်းလေးကြောင့် ခုထက်ထိ ရုပ်ရှင်တွေကို နာမည်နဲ့ တစ်ကွ မှတ်တတ်လာတယ်...
ရုပ်ရှင်ကားနံမည်နဲ့ ပက်သက်လို့  ဟာသလေးတစ်ခုပြောရဦးမယ် ကျွန်တော် ၉တန်းတုန်းက သူငယ်ချင်းတစ်ယောက်က ရုပ်ရှင်ကား တစ်ကားညွှန်းတယ်၊ အရမ်းရီရတာ မင်းသားက ခေါင်းဖြူအဖိုးကြီးတဲ့ ကျွန်တော်က ကားနံမည်ပြောကွာ ဆိုတော့ ခဏစဉ်းစားလိုက်ပြီး "Never Gone" ကွာတဲ့ ညနေလဲရောက်ရော အခွေဆိုင်မှာ သွားငှါးတော့ "Never Gone" ကားပေးပါဆိုကော့ ဆိုင်က မင်းပြောတဲ့ ကားနံမည် မရှိပါဘူးတဲ့ ကျွန်တော်လဲ ဇာတ်လမ်း အကျဉ်းကိုပြောလိုက်မှ "တော်တော်ဆိုးတဲ့ကောင် ဘယ်ကလာ Never Gone ရမှာလဲ Naked Gun ပါကွာ"တဲ့ ကဲ...
၂၀၁၀ အော်စကာဆု (၃)ဆု ဆွပ်ခူးခဲ့တဲ့ Avatar ရုပ်ရှင်ကို ဒါရိုက်တာ James Cameron က ကိုယ်တိုင်ရေးသား ရိုက်ကူးပြီး ထုတ်လုပ်မှုစရိတ်ကြီးပဲ $237,000,000/ ကုန်ကျခဲ့ပါတယ် ၁၄နှစ်ကြာ အကောင်ထည်ဖော်ခဲ့ရတဲ့ James Cameron ရဲ့ အိမ်မက်တွေကို 2007 ခုနှစ်မှာ စတင်ပြီး 18 December 2009 မှာ အောင်မြင်စွာ ရုံတင်ပြသနိုင်ခဲ့ပါတယ်...
ကျွန်တော်တို့  က James Cameron ဆိုတဲ့ ပုဂ0x081ဂိုလ်ကို မသိရင်သာနေရမယ် သူ့ ရဲ့ ပထမဦးဆုံးလက်ရာ ဖြစ်ပြီး အားနိုး(Arnold Schwarzenegger)ပါဝင်တဲ့ The Terminator ဇာတ်ကားကိုတော့ မကြည့်ဖူးသူ အလွန်ရှားပါလိမ့်မယ် James Cameron ဟာ ကားရိုက်ရှားပေမယ့် တစ်ကားဆိုတစ်ကား ထိထိမိမိရှိလှပါတယ် (မြန်မာဒါရိုက်တာ များလဲသူ့ လိုပါပဲ) ဇာတ်ကားရိုက်ကူးရာမှာလဲ လက်ကြီးသူ(အသုံးစရိတ်မြင့်ခြင်း) တစ်ဦးဖြစ်ပါတယ်(ဒါရိုက်တာ ရင်တွင်းဖြစ် လိုပါပဲ)..
James Cameron ကို ၁၉၅၄ ကနေဒါနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်၊ ၁၉၇၁ မှာ အမေရိကား ကိုပြောင်းရွေ့ နေထိုင်ခဲ့ပါတယ်...
Physics နဲ့ ကျောင်းပြီးခဲ့သော်လည်း မိမိရည်ရွယ်ထားတဲ့ ဇာတ်ညွှန်းဆရာ ဖြစ်ဖို့  Art Director ဘဝနဲ့  ရုပ်ရှင်လောကထဲ အပြီးဝင်ခဲ့ပါတယ်... James Cameron ရဲ့ နာမည်ကြီးလက်ရာတွေကတော့ Terminator, Aliens, The Abyss, Terminator 2, True Lies, Titanic နဲ့  အခြားကားများပါပဲ...
Holly wood ရုပ်ရှင်ကားများအတွက် နည်းပညာသစ်များကို ယူဆောင်လာခဲ့တဲ့ Avatar ကို ဘယ်လိုဖန်တီးထားတယ်ဆိုတာ စပ်စုချင်တဲ့ ကျွန်တော်နဲ့ တစ်ကွ ဝါသနာတူ ရုပ်ရှင်နှစ်သက်သူများ အတွက်ပါ...
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
မိုးသိကြား
Friday, June 11, 2010
Avatar ကို ဖန်တီးကြသူများ
Facebook Comments
Subscribe to:
Post Comments
(
Atom
)
0 comments :
Post a Comment