Monday, July 26, 2010

iPhone ကို Web Cam အဖြစ်အသုံးချနည်း


အကြောင်းအမျိုးမျိုးကြောင့် မိမိ PC မှာ web cam မတတ်ထားကြသူများ/မဝယ်ဖြစ်ကြသူများ အရေးကြုံလာလို့ web cam မရှိဘူးဆိုပြီး စိတ်ညစ်ဖို့ မလိုတော့ပါဘူး (အကယ်၍သင့်မှာ iPhone တစ်လုံးရယ် Wifi Connection ရယ်ရှိနေမယ် ဆိုရင်ပေါ့လေ)...
Pocket Cam ဆိုတဲ့ App လေးက သင့်ရဲ့ iPhone camera ကို wireless web cam အဖြစ်ပြောင်းလဲပေးပြီး Gtalk,Skype တို့ မှာ အသုံးပြုလို့ ရနိုင်ပါပြီ...


Pocket Cam က သင့်ရဲ့ iPhone ကို wireless webcam အဖြစ် PC(window XP\Vista\7) နှင့် Mac(OS X10.5 နှင့် အထက်)တို့ မှာ အသုံးပြုနိုင်ပါတယ်...

ပထမအဆင့်
Pocket Cam App ကို iPhone တွင် install အရင်လုပ်ပါ..
1) Pocket Cam App ကို ဒီsite မှာ download ရယူပါ search box တွင် PocketCam ဟုရိုက်ထည့်ပါ..(Jailbreak လုပ်ပြီးသား iPhone တွေအတွက်ပဲနော်)

2) Jailbreak မလုပ်ထားသူများကတော့ Apple Store တွင် ဝယ်ယူကြပါကုန်...

ဒုတိယအဆင့်
iPhone မှ PocketCam App ကို သင့်ရဲ့  PC\Mac မှာ ချိပ်ဆက်အသုံးပြုနိုင်ဖို့  PocketControl Software ကို PC\Mac မှာ install လုပ်ပါဦး...
(i) PocketControl (Download For PC)
(ii)PocketControl (Download For Mac)

အသုံးပြုပုံ
အားလုံးကို မှန်ကန်စွာ Install လုပ်ပြီးပြီဆိုရင်တော့ သင့်ရဲ့  Desktop မှာ ဒီလို icon လေးတွေ့ ရပါမယ် အကယ်၍ရှာမရပါက(For PC) Start-->All Programs-->Senstic-->PocketControl အောက်မှာရှိနေပါတယ်။

အရင်ဆုံး Computer မှ PocketControl ကို အရင် Run ထားပါ.. General Tab အောက်က Start ကို နှိပ်ပါ အောက်ပါပုံအတိုင်း Status: Running လို့ ပြနေရပါမယ်


iPhone မှ PocketCam App ကို ဖွင့်ပါ...


အခုဆိုရင် iPhone screen အောက်နားလေးမှာ Connecting to.... ဆိုပြီး သင့်ရဲ့ PC ကိုချိပ်ဆက်နေပါပြီ... ချိပ်ဆက်မိသွားပါက Connected to ဆိုတဲ့ စာတမ်းလေး အဖြူရောင်သို့ ပြောင်းသွားပါလိမ့်မယ် (ချိပ်ဆက်မိဖို့ အတွက် အချိန် အနည်းငယ်ကြာနိုင်ပါတယ်)
ချိပ်ဆက်သွားပြီဆိုပါက PC မှ PocketControl--->video Tab မှာ ပေါ်လာပါပြီ..

Video Tutorial လေးကြည့်လိုက်ရင် ပိုပြီးလွယ်ကူစွာ အသုံးပြုနိုင်ကြမှာပါ



မိုးသိကြား

Facebook Comments

0 comments :

Post a Comment