ဒီပို့ စ်လေးကို ရေးချင်နေတာကြာပါပြီ ဒါပေမယ့်မရေးဖြစ်ခဲ့ဘူး တိုက်တိုက်ဆိုင်ဆိုင် မနွေးနေခြည် ရေးထားတဲ့ အောက်က ပိုစ့်လေးကို သူငယ်ချင်းတေစ်ယောက် ပို့ ပေးလိုက်တာနဲ့ အတော်ပဲဖြစ်သွားပြီး လိုအပ်တာလေးများ update လုပ်ပြီး ပြန်လည် တင်ပြပေးလိုက်ပါတယ်...
မူရင်းရေးသားသူ (မနွေးနေခြည်)
IPhone/ ITouch မှတဆင့် မြန်မာ အွန်လိုင်းရေဒီယိုများ နားထောင်နိုင်ပြီဖြစ်ပါတယ်။ အခုလို နားထောင်လို့ရမှန်း စသိခဲ့တာ MYMC ကပါ။ ရေဒီယိုတွေက ၂၄/ရ လာနေတာဖြစ်လို့ သီချင်းပေါင်းစုံကို အချိန်မရွေး အင်တာနက် ရှိရာနေရာမှ နားထောင်နိုင်ပြီဖြစ်ပါတယ်။
Application သွင်းပုံနှင့် MYMC ရေဒီယို Configure လုပ်ပုံကို ဒီလင့် ကဆင့် သွားကြည့်နိုင်ပါတယ်။ ပုံနှင့် ဗီဒီယိုဖိုင်နဲ့ တကွ သေချာရှင်းပြထားပါတယ်။ Jail break မလုပ်ထားလည်း ရေဒီယို Configure လုပ်လို့ရပါတယ်။
ကျမအခု မျှဝေပေးချင်တာက အဖြူရောင်သံစဉ် ရေဒီယိုနှင့် အိမ်မက်လှိုင်း ရေဒီယို Configure လုပ်ဖို့ပါ။ ကျမက ဘယ်ရေဒီယို လိုင်းရဲ့မှ DJ မဟုတ်ပါဘူး။ ရေဒီယိုနားဆင်သူ ပရိတ်သတ် အချင်းချင်း မျှဝေပေးချင်ရုံပါ။
ပထမဆုံး အပေါ်မှာပေးထားတဲ့ MYMC လင့်မှတဆင့် MYMC ရေဒီယိုကို Configure လုပ်ပြီး အဆင်ပြေပြီဆိုရင် နောက်ရေဒီယို လိုင်းတွေကို အလွယ်တကူ ထည့်နိုင်ပါပြီ။ ရေဒီယို လိုင်းတွေ ထည့်ဖို့အတွက် အဓိက က URL သိဖို့လို့ပါတယ်။ URL ဘယ်လိုရှာနိုင်မလဲဆိုတာ အောက်မှာ ထပ်ရှင်းပြထားပါတယ်။
- အဖြူရောင်သံစဉ် ရေဒီယို Configure လုပ်ရန်
Name: APYTZ
URL: mms://89.238.146.148/APYTZ
Encoding : WindowLatin1 (for iPhone)
Format : WMA (for iPod Touch)
- အိမ်မက်လှိုင်း ရေဒီယို Configure လုပ်ရန်
Name: EML
URL: mms://72.13.81.34/EML
Encoding : WindowLatin1 (for iPhone)
Format : WMA (for iPod Touch)
-MYMC ရေဒီယို Configuire လုပ်ရန်
Nmae: MYMC
URL; mms://wms5.wavestreamer.com/MYMC
Encoding : WindowLatin1 (for iPhone)
Format : WMA (for iPod Touch)
URL ရှာပုံ
ရေဒီယို လွှင့်နေတဲ့ web page ကိုဖွင့်ပါ။
ရေဒီယို လွှင့်နေတဲ့ Player ကို selection မှတ်၊ Right Click နှိပ်ပြီး View Selection Source ကိုရွေးပါ။ (for FireFox Browser)
Player နှင့် ပတ်သက်တဲ့ code တွေကို မြင်ရပါမယ်။
(example: src=”http://72.13.81.34/EML/“)
Source code ကိုယူပြီး (http နေရာမှာ mms အစားသွင်းပြီး) configure လုပ်နိုင်ပါပြီ။
မှတ်ချက်။ ။ IPhone နှင့် ရေဒီယို နားထောင်ချိန်ကြာလာလျှင် ဖုန်းအရမ်းပူလာပြီး Battery အားကုန်မြန်ပါတယ်။း)
မိုးသိကြား
Thursday, July 22, 2010
iPhone,iPod Touch နဲ့ မြန်မာ Online Radio တွေနားဆင်ကြရအောင်
Subscribe to:
Post Comments
(
Atom
)
hi ko moe,
ReplyDeletecould u please kindly help me to configure the radio station below for iphone with fstream.
http://www.dhamma.tv/
waiting your kind respond.
regards,
myo thant