苹果皮520 (ပန်းသီးခွံ 520) လို့အမည်ရတဲ့ တရုတ်ပြည်ထုတ် product လေးရဲ့သတင်းဟာ လက်တလောရက်အတွင်းမှာ iPod Touch ပိုင်ရှင်တော်တော်များများရဲ့ မျက်စိဒေါက်ထောက်ခြင်းကို ခံနေရတာပါ။ ပြောရရင်တော့ တကယ်ကို အံ့သြစရာပါပဲ.. သူဟာ iPod Touch တစ်လုံးကို iPhone အနေနဲ့ပြောင်းလဲပေးပြီး ဖုန်းပြောလို့ရအောင် လုပ်ပေးနိုင်ရုံမက Text Messaging ကိုလဲ support လုပ်တယ်လို့ ကြားသိရပါတယ်။ ဒီအချက်ကိုထောက်ပြီးတော့ iPhone (သို့) iPod Touch ၀ယ်ယူလိုသူတွေအတွက် ကုန်ကျစရိတ်တော်တော်သက်သာသွားနိုင်လိမ့်မယ် ထင်ပါတယ်။
ပုံစံအရတော့ phone silicon (သို့) ဖုန်းချိတ်အိတ်ပုံစံမျိုး.. အဲ့ဒီအတွင်းမှာမှ "sim-card slot" နဲ့ "battery" နဲ့ ဆက်စပ်ပစ္စည်းတွေပါမယ်... antana ကတော့ ညာဘက်အောက်နား (နဂို နားကြပ်ပေါက်ထိုးတဲ့နေရာ) လောက်
မှာ ပါမှာ.. လောလောဆယ်အရတော့ သူဟာလဲ ယခု iPhone 4 မှာ ကြုံတွေ့နေရတဲ့ ပြဿနာအတိုင်း antana နေရာမှာ လက်နဲ့စုတ်ထားရင် network ပြတ်တောင်းပြတ်တောင်း ဖြစ်တတ်လေသတဲ့.. ဒါပေမယ့် ပုံမှန်အနေအထား
မှာတော့ အဆင်ပြေပြေနဲ့ ဖုန်းပြောနိုင်ပါလိမ့်မယ်... ဖုန်းခေါ်ဆိုခြင်း (သို့) လက်ခံခြင်းပြုလုပ်နိုင်ရန် iPod Touch မှာ JailBreak လုပ်ထားရမည်ဖြစ်ပြီး.. Phone ခေါ်ဆိုသည့် apps ထည့်သွင်းရမည်ဖြစ်ပါသည်။
121x65x12.5mm အရွယ်အစားရှိပြီး 800mAh Battery တစ်လုံးပါရှိပါတယ်.. StandBy time နာရီ 120 ကျော်ကျော်ခံနိုင်ရည်ရှိပြီး.. ဖုန်းပြောချိန် ၄ နာရီခွဲ ထိ လက်ခံနိုင်ပါတယ်..
ဘယ်လိုပဲပြောပြော.. ချွင်းချက်အနည်းငယ်တော့ ရှိစမြဲပါပဲ.. သူများဖုန်းတွေသုံးလို့ရသလို function တွေအပါအဝင် camera လဲ တပ်ဆင်အသုံးပြုနိုင်ခြင်း မရှိသေးပါဘူး.. ပြီးတော့ GPRS ကလဲ စမ်းသပ်ဆဲကာလဖြစ်လို့ အဆင်
ပြေဦးမှာ မဟုတ်ကြားလဲ ကြားသိရပါတယ်..
(ဘယ်မှစ၍ - ပန်းသီးခွံ 520၊ iPod Touch၊ iPhone)
(iPod Touch အား ပန်းသီးခွဲနှင့် တွဲဖက်တပ်ဆင်ထားသည့်ပုံ - phone ခေါ်သည့်ဆော့ဝဲထည့်သွင်းရန် JB ရမည်ဖြစ်သည်)
(ပန်းသီးခွံတပ်ဆင်ထားသည့် iPod Touch နှင့် iPhone တို့၏ အထူမှာ သိပ်မကွာလှဘူးလို့ ထင်မြင်ရပါတယ်)
ဒီ့အပြင် သတင်းအချက်အလက်တော့အများကြီးမပြောနိုင်သေးဘူး.. စိတ်လှုပ်ရှားဖွယ်ကောင်းတာကတော့ ဒီ product ကလေးဟာ မကြာခင်မှာပဲ ဈေးကွက်ထဲရောက်တော့မှာပါတဲ့ .. ဒီလိုတော့ဟုတ်ပါပြီ.. ဈေးနှုန်းကရော..
အရမ်းကြီးများမှာတဲ့လားလို့မေးစရာဖြစ်လာတယ်..
RMB 300 to 500 ဆိုတော့ မြန်မာငွေ ၅ သောင်းပတ်ချာလည်လောက်သွားကျမယ်.. ကျတော့အထင်ပြောရရင်တော့ သင့်တင့်တဲ့ဈေးလို့ထင်ပါတယ်.. (ဘာပဲနေနေ အသစ်အဆန်းပဲကိုး)
ကျွန်တော့အနေနဲ့ကတော့ Steve Job ရဲ့မျက်နှာကို ပုံဖော်မြင်ယောင်ကြည့်နေတာတော့ အမှန်ပါပဲ.. ဒီ ပန်းသီးခွံလေးကိုသာ သူမြင်တွေ့ရရင် သူ့ပုံစံက.. တုန်လှုပ်သွားမှာလား၊ ဒေါသထွက်ပေါက်ကွဲနေမလား၊ ဒါမှမဟုတ် အေးဆေး
တည်ငြိမ်စွာနဲ့ လက်ပိုက်ကြည့်နေမလားပေါ့.. ဒါကအရေးမကြီးပါဘူး.. အဓိကကတော့ မြန်မာပြည်ဈေးကွက်ထဲကို မြန်မြန်ဝင်ရောက်လာနိုင်ပါစေလို့ပဲ ကျွန်တော်အပါအဝင် အခြားသော iPod Touch ပိုင်ရှင်များကိုယ်စား ဆုတောင်း
နေရပါတယ်။
မူရင်းရေးသားသူ ကိုစိုင်းညီဖြိုးရဲ့  ပို့စ်ကို Apple ချစ်သူများအတွက် တစ်ဆင့်ပြန်လည် ဖောက်သည်ချလိုက်ရပါတယ်ခင်ဗျား..
မိုးသိကြား
Sunday, August 8, 2010
iPod Touch အသုံးပြု၍ ဖုန်းပြောနိုင်တော့မည်
Facebook Comments
Subscribe to:
Post Comments
(
Atom
)
0 comments :
Post a Comment