Friday, October 31, 2014

iOS 8+ အတွက် Cydia ပါရှိသော Jailbreak ယနေ့ထွက်ရှိ

iOS 8 နှင့် 8.1 တင်ထားသူများအတွက် သတင်းကောင်း တစ်ခုအဖြစ် Cydia ကိုပါ တစ်ပါတည်း သွင်းယူနိုင်မည့် Jailbreak ကို Pangu မှ ယနေ့ပဲ ထုတ်ပေးလိုက်ပါပြီ။

အသစ်ထွက်လာတဲ့ Pangu version 1.1.1 ဟာ Untether jailbreak အမျိုးအစားဖြစ်ပြီး Cydia ကို install လုပ်နိုင်သွားပါပြီ။ ယခုအချိန်ထိတော့ Windows အတွက်သာ ရရှိသေးပြီး Mac အတွက်တော့ မကြာမီ ထုတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..

iOS 8 & 8.1 သွင်းယူထားသော အောက်ပါ iDevice များအတွက် Jailbreak ပြုလုပ်နိုင်ပါတယ်။
  • iPhone 6, iPhone 6 Plus, iPhone 5s, iPhone 5c, iPhone 5, iPhone 4S
  • iPad Air, iPad 4, iPad 3, iPad 2
  • iPad mini, Retina iPad mini
  • iPod touch 5G


**Jailbreak အတွက် လိုက်နာ ပြင်ဆင်ရန်**

- Jailbreak မပြုလုပ်မီ iDevice ၏ passcode ကို အရင်ဖြုတ်ပေးထားပါ။ (Settings -> General -> Passcode Lock On -> Turn Passcode Off)

- Pangu jailbreak သည် iOS 8/8.1 ကို OTA update (Over-The-Air) Device မှ တိုက်ရိုက် update လုပ်ထားခဲ့ပါက မအောင်မြင်နိုင်သည့်အတွက်၊ Device ကို iTunes နှင့် ချိပ်ဆက်ကာ iOS 8.1 ကို ကျကျနန update လုပ်ထားဖို့ လိုပါမည်။

- မိမိရဲ့ Data များကို iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။

- iTunes version သည် latest version ဖြစ်ထားရပါမည်။

အထက်ပါအချက်လက်များ ပြည့်စုံသွားပြီ ဆိုပါက စတင်နိုင်ပါပြီ..


>> Download Pangu Jailbreak for iOS 8 & 8.1 (Windows)

လုပ်ငန်းစဉ်

၁) Download လုပ်ခဲ့သော Pangu exe file ကို Right click ခေါက်ပြီး "Run as Administrator" ရွေးပြီး ဖွင့်ပါ။

၂) Program တက်လာသည့်အခါ အပြာရောင် "Start Jailbreak" button ကို နှိပ်ပါ။


၃) BackUp လုပ်းထားပြီးပြီလားဟု မေးလာပါမည် "Already did" button ကို နှိပ်ပါ။


၎) ယခုအခါ Pangu ကညစတင် Jailbreak လုပ်နေပါပြီ။



၅) Jailbreak လုပ်ငန်းစဉ် ပြီးဆုံးသွားသည့်အခါ Home screen တွင် Pangu App နှင့် Cydia ကို တွေ့ရပါလိမ့်မည်၊ ဒါဆိုရင် Jailbreak ဖြစ်သွားပါပြီ။
အားလုံး ချောမွေ့ကြပါစေ..

>> iOS 8+ နှင့် အဆင်ပြေမည့် Tweaks များ



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

7 comments :

  1. ဒေါင်းလို့မရဘူးခွေးသားရဲ့

    ReplyDelete
  2. ခင်ဗျား မဒေါင်းတတ်ရင် မဒေါင်းတတ်ဘူးပြောဗျာ.. ဒေါင်းလို့ရခင်ဗျားကို ခွေးချီးသုတ်ထားတဲ့ ဖိနပ်နဲ့ ပါးရိုက်ရမလား? ... Official Pangu လင့်ကိုပေးထားတာ.. ခင်ဗျားတို့လိုလူတွေက စေတနာနဲ့ တကယ်မတန်ဘူး ..

    ReplyDelete
    Replies
    1. အဲလိုပဲ ကွ.... ဒီကောင်တွေက ဘာမှနားမလည်ပဲ...စောက်ရမ်းပြောတာ
      ......သေခြားမဖတ် ....ပဲဖင်လာယားတာ....ခေးဒွေပဲဖြစ်မယ်............

      Delete
    2. brother!!! how about iOS 8.1.1 jailbreak??? release ready?

      Delete
  3. bro i cannot see cydia app , only can see pangunew app
    pls help me

    ReplyDelete
    Replies
    1. Pangu အသစ်မှာ တစ်ခါထဲပါတယ်လေ သေချာလုပ်ကြည့်ပါဦး

      Delete