Sunday, November 9, 2014

iOS 8.0 - 8.1 Jailbreak Safe Enough

iOS 8.0 - 8.1 Jailbreak ကို သေချာအောင် စောင့်မျှော်နေကြတဲ့ သူများအတွက် iOS 8+ jailbreak ဟာ လုံလောက်တဲ့ အထောက်အပံ့တွေနဲ့ တည်ငြိမ်မှုရှိနေပါပြီလို့ Cydia ကို ဖန်တီးသူ Jay Freeman (Saurik) ကသူ့ရဲ့ twitter မှာ ပြောကြားသွားခဲ့ပါတယ်...


iOS 8+ အတွက် Jailbreak tool ကို Pangu မှ တောက်လျှောက် update ထုတ်ပေးနေခဲ့ပြီး အခုဆိုရင် Jailbreak အတွက် လုံလောက်ပြည့်စုံသော အခြေနေတစ်ခုကို ရောက်ရှိသွားခဲ့ပြီလို့ ဆိုလိုတာဖြစ်ပါတယ်။

မည်သို့ပင် ဖြစ်စေ Jailbreak လုပ်မည့်သူများ အနေနှင့် သိရှိထားရမည်များကတော့ Jailbreak လုပ်ပြီးတဲ့ iDevice တွေမှာ အချိန်မရွေး crash ဖြစ်တတ်တာမျိုးတွေ၊ လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းသွားတာမျိုးတွေ အပြင် Jailbreak လုပ်ခြင်းဟာ တရာူဝင် မဟုတ်တာကြောင့် Apple ရဲ့ warranty ပျက်ပြယ်ကောင်း ပျက်ပြယ်သွားနိုင်တယ် ဆိုတာတွေကိုတော့ နားလည်ထားပြီးဖြစ်ရပါလိမ့်မယ်...။

ဒါကြောင့် iOS 8+ ကို jailbreak လုပ်မည် ဆိုပါက လုပ်သင့်တဲ့ အချိန်ကိုညရောက်ပါပြီလို့ သတင်းကောင်းလေး ပေးလိုက်ပါတယ်...။






အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Facebook Comments

0 comments :

Post a Comment