Saturday, March 24, 2012

မိုးသိကြားနဲ့ ဇော်ဂျီ ...

အားလုံး မင်္ဂလာပါဗျာ...၊ ကျွန်တော်ရဲ့  ဘလော့ခ်မှာ Unicode ပြောင်းလိုက်ထဲက ဖတ်ရတာ သိပ် အဆင်မပြေကြဘူးလို့  သိရပါတယ်။ ကျွန်တော့်ရဲ့  ရည်ရွယ်ချက်က မိုးသိကြား ဘလော့ခ်ကို ဖတ်ဖို့ အတွက် ဖောင့်တွေ တစ်ကူးတစ်က Install မလုပ်စေချင်ဘူး၊ အထူးသဖြင့် jailbreak မလုပ်ထားသော၊ မြန်မာဖောင့် မသွင်းထားသော Device တွေမှာပါ အခက်အခဲမရှိ ဖတ်လို့  ရစေချင်တဲ့ စေတနာပါ။

ဒါပေမယ့် ပြဿနာက Embedded Font တွေဖြစ်လို့  Blog ကို စ,စဖွင့်ခြင်းမှာ ချက်ခြင်း ဖတ်လို့ မရပဲ ဖောင့်တွေ အမှန်အတိုင်း ပေါ်လာစေဖို့  အချိန်အနည်းငယ်မျှ ပေးရပါတယ်။

(Connection) အနှေး အမြန်ပေါ်မှာ မူတည်ပြီး စောင့်ရတဲ့ အတွက် မြန်မာပြည်က မိတ်ဆွေတွေက စိတ်မရှည်ဖြစ်ကြရပြီး တစ်ခါတစ်လေ အကြာကြီးစောင့်လဲ ပြောင်းမသွားလို့  ဖြစ်နိုင်ရင် ဇော်ဂျီ ပြန်ပြောင်းပေးဖို့ အချို့ က မေးလ်နဲ့  အချို့ က Facebook ကနေ ရေးသား ဆက်သွယ်လာကြပါတယ်။

ကျွန်တော့် ဘက်ကလည်း Unicode လည်းဖြစ်၊ Font Installation လည်းမလိုတဲ့ အနေအထားရအောင် ကြိုးစား ဆောင်ရွက် ထားရတာဖြစ်လို့  ဇော်ဂျီ ပြန်ပြောင်းရမှာ အလွန်ပဲ ဝန်လေးနေမိပါတယ်။

ဒါပေမယ့်လည်း ကျွန်တော့်ရဲ့  မူရင်း ရည်ရွယ်ချက်ဖြစ်တဲ့ သာမန် iPhone အသုံးပြုသူတွေအတွက် ရည်စူးထားတာကြောင့် ဘာလုပ်ရရင် ကောင်းမလဲဆိုပြီး စိတ်ထဲမှာ နေ့ စဉ် လွန်ဆွဲနေပါတယ်။

Unicode switcher လေးကိုလည်း အဆင်ပြေလိုပြေငြား ထည့်သွင်းခဲ့ပေမယ့် ကျွန်တော်က Embedded Font တွေသုံးထားလို့  အဆင်မပြေတာ တွေ့ ရပါတယ်။

ဒီလိုနဲ့ ပဲ (22.03.12) ရက်နေ့ က ဇော်ဂျီပဲ ပြန်သုံးတော့မယ်ကွာ ဆိုပြီး စာဖတ်သူများ ဆန္ဒကိုလိုက်လျှောဖို့  ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့  Embedded Font family ထဲမှာ "Zawgyi-One" ကိုထည့်ပြီး စမ်းသပ်ကြည့်ရာတွင် Unicode switcher လေးရဲ့ အကူအညီနဲ့  ယခင်က ဖတ်မရသော ဇော်ဂျီဖောင့်နဲ့  ရေးသားထားတဲ့ Comment များကို ကောင်းမွန်စွာ ဖတ်ရှုရကြောင်းတွေ့ ရပါတယ်။

ဒါတွင်မက Jailbreak မလုပ်ထားသော မြန်မာဖောင့် မသွင်းထားသော iDevice များမှာပါ web version နဲ့  Safari ကနေ တိုက်ရိုက် ဖတ်ရှုရကြောင်း တွေ့ ရပါတယ်။ Android တွေမှာတော့ ရ,မရ မသိသေးပါ။
Web Browser တွေဖြစ်တဲ့ Firefox, IE, Opera တို့ နှင့် စမ်းသပ်ရာတွင် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ကြောင်းတွေ့ ရှိရပါတယ်၊ Chrome မှာတော့ မစမ်းရသေးပါ။

ယခု ဒီဆောင်းပါးလေးကစပြီး ဇော်ဂျီဖောင့် သုံးပြီး ပြန်လည် ရေးသားပါတော့မယ်။
အခုလိုဆိုတော့ ဆောင်းပါးတွေက Unicode နှင့် ဇော်ဂျီ ဆိုပြီး အဟောင်း အသစ် နှစ်ပိုင်း ကွဲသွားပါလိမ့်မယ်။

၁) ဇော်ဂျီ နှင့် ရေးသားသော ဆောင်းပါးများကို ဖတ်ရှုရန် အတွက် Zawgyi <--> Unicode Switch လေးကို "Unicode" တွင်ထားရှိပေးပါ။



၂) Unicode နှင့် ရေးသားခဲ့သော ဆောင်းပါးများ အတွက်တော့ Zawgyi <--> Unicode Switch လေးကို "Zawgyi-One" တွင်ထားရှိပေးပါ။



ယူနီကုဒ် ဆောင်းပါးအောက်ရှိ ဇော်ဂျီနှင့် ရေးသားထားသော Comments များအတွက် "Unicode" သို့ ပြောင်းပြီး ဖတ်ရှုပါရန်။


Zawgyi <--> Unicode Switch ၏ defult အနေနှင့် "Unicode" တွင်သာ ရှိနေပါမည်။ အားလုံးအတွက် အဆင်ပြေအောင် ကြိုးစားထားပါတယ်၊ အဆင်မပြေမှု တစ်စုံတစ်ရာ တွေ့ ရှိပါက နားလည်ပေးကြလိမ့်မည်ဟုလည်း ယုံကြည် မျှော်လင့်ပါတယ်...

နောက်ပိုင်းမှာ ယူနီကုဒ်နဲ့  စာဖတ်ပရိဿတ် ရင်းနှီးသွားခဲ့ရင်လဲ ယူနီကုဒ်နဲ့  ပြန်လည်ရေးသားသွားပါ့မယ်။

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

7 comments :

  1. ကဲ... အဆင်ပြေကြရဲ့ လားဗျာ၊ ဒီလို ဇော်ဂျီလေးနဲ့  Comment ပေးတော့...?

    ReplyDelete
  2. ဒီလိုမျိုး ယူနီကုဒ်နဲ့ ဆိုရင်ကော အဆင်ပြေမလား...? စမ်းကြည့်ကြပါဦး။

    ReplyDelete
  3. FireFox Browser မှာ ပြဿနာရှိနေပါတယ်။ IE နှင့် Opera မှာ အဆင်ပြေပါတယ်။

    ReplyDelete
  4. စာဖတ်သူတွေ အမြဲအဆင်ပြေအောင် အချိန်ကုန်၊ ငွေကုန်၊ အပင်ပန်းခံပြီး စေတနာနဲ့  အမြဲကြိုးစားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အကို။ ကိုမိုးသကြား အမြဲအောင်မြင်ပါစေဗျာ။ အစဉ် အားပေးလျက်.....

    ReplyDelete
    Replies
    1. အခုလို အားပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

      Delete
  5. Firefox Browser မှာ အဆင်မပြေတာကို ဖြေရှင်းပြီးသွားပါပြီ၊ ထပ်မံ စမ်းကြည့်ကြပါဦး။

    ReplyDelete
  6. အ၇မ်းကိုလေးစား၇ပါတယ်......စာဖတ်သူတွေ အမြဲအဆင်ပြေအောင် အချိန်ကုန်၊ ငွေကုန်၊ အပင်ပန်းခံပြီး စေတနာနဲ့  အမြဲကြိုးစားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အကို။ ကိုမိုးသကြား အမြဲအောင်မြင်ပါစေဗျာ။ အစဉ် အားပေးလျက်.....

    ReplyDelete