Thursday, March 15, 2012

Apple အဟောင်းလေးတွေကို ပြန်လည်ဝယ်ယူမယ့် Apple

iPad အသစ်လေးတွေ ပေါ်လာလို့ သင့်ရဲ့ iPad အဟောင်းလေးကို ရောင်းချင်စိတ်ဖြစ်နေပြီလား...?

အခုဆိုရင် Apple က သူရဲ့ "Reuse and Recycling Program" အရ သူရဲ့ Product အဟောင်းလေးတွေကို ပြန်လည် ရောင်းချလိုခြင်း၊ trade-in လုပ်ချင်သူများ အတွက် ဆောင်ရွက်ပေးနေပါပြီ။


တစ်နှစ်လောက်သုံးပြီးသား iPad 2 (64GB WiFi + 3G) တစ်လုံးအတွက် အမြင့်ဆုံးဈေး US$320 ဖြတ်ပေးထားပြီး Model နဲ့ condition အခြေနေပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားပါလိမ့်မယ်။

အားလုံးကောင်းမွန်တဲ့ အခြေအနေရှိတဲ့ iPad 2 အတွက် Apple က သတ်မှတ်ထားတဲ့ နှုန်းထားများကတော့....

>> $205 for 16GB WiFi iPad 2
>> $250 for 16GB WiFi + 3G iPad 2
>> $245 for 32GB WiFi iPad 2
>> $280 for 32GB WiFi + 3G iPad 2
>> $275 for 64GB WiFi iPad 2
>> $320 for 64GB WiFi + 3G iPad 2

တို့ပဲဖြစ်ပါတယ်။

Reuse and Recycling Program ဆိုတဲ့ အစီစဉ်မှာ ဝင်ရောက်ပြီး မိမိရဲ့ ပစ္စည်းအတွက် ဘယ်လောက် ရနိုင်တယ်ဆိုတာ လေ့လာလို့ရပါတယ်။

ရောင်းချလို့ ရရှိလာတဲ့ ပိုက်ဆံ ကတော့ Apple Store Gift Card ထဲကို ဝင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ ပစ္စည်းအဟောင်း ပြန်လည်ဝယ်ယူတဲ့ နေရာတွေထဲမှာတော့ Amazon က iPad 2 အတွက် အမြင့်ဆုံးဈေး အနေနဲ့ US$500 ကျော် offer ပေးနေပါတယ်။ ဒါပေမယ့် Amazon ရဲ့ ငွေပေးချေမှုကလည်း "Gift Card" အနေနဲ့ပဲ ဖြစ်ပါတယ်။

4 comments :

  1. ကိုမိုးသကြား ။ ios မှာ jailbreak လုပ်ရင် installous ကနေ apps တွေ free ရနိုင်သလိုမျိုး android မှာ ရော apps တွေဘယ်လိုရနိုင်ပါသလဲ။ နောက်ပြီး zaw font ဘယ်လိုထည့်ရပါလဲ။ android ကို ကျွန်တော်မရင်းနှီးလို့ ကျေးဇူးပြုပြီး ဖြေပေးစေချင်ပါတယ်။

    ReplyDelete
    Replies
    1. http://applanet.net Download app and install it, I am sorry I don't know about Android much.

      Delete
    2. Anyway, thank you my brother.

      Delete
  2. Mr yanaung you should go to www.winkabarkyaw.blogspot.com . you can read how to install zawgyi font and keyboard in android . no need to root

    ReplyDelete