Thursday, September 3, 2015

Malware ကြောင့် Apple Account 225,000 ကျော် ခိုးခံနေရပြီးပြီ

လွန်ခဲ့တဲ့ လအနည်းငယ်ခန့်လောက်ထဲက မိမိကိုယ်ပိုင် iPhone ကို Restore လုပ်ပြီးနောက် Activation နေရာတွင် yahoo mail နှင့် Apple ID အသစ်တစ်ခုက အသင့်နေရာယူထားပြီး Password မသိသဖြင့် ဒုက္ခရောက်သူတွေ ရှိနေခဲ့ပါတယ်။ မိမိ၏ တစ်လက်ကိုင်ဖုန်းအတွင်း ထိုကဲ့သို့ ထူးဆန်းစွာဖြင့် အခြားတစ်ယောက်ရဲ့ ID က စိုးမိုးထားပြီး ဘာမှ ဆက်လုပ်လို့ မရတဲ့ အနေအထားမျိုး ဖြစ်ခဲ့ကြပါတယ်…

ယင်းကဲ့သို့ပင် iPhone သုံးစွဲသူများဆီက နည်းအမျိုးမျိုးနှင့် အခိုးခံခဲ့ရတဲ့ Apple account ပေါင်း 225,000 ကျော် ရှိနေပြီလို့ Security company တစ်ခုဖြစ်တဲ့ "Palo Alto Networks” ပြောလိုက်ပါတယ်..

Malware အနေနဲ့ ဝင်ရောက် ခိုးယူခဲ့တာဖြစ်ပြီး Jailbrake လုပ်ထားတဲ့ iDevice များမှာ ဖြစ်နိုင်ခြေ အလားအလာပိုများပါတယ်။ အခုလို maleware အနေနဲ့ ကိုယ့်ရဲ့ Device ထဲကိုရောက်လာတာဟာ computer မှာ software တစ်ခုကို သွင်းယူရင်း မတော်တဆ ကပ်ငြိပါလာတာမျိုး မဟုတ်သလို၊ email ထဲက link တစ်ခုကို နှိပ်မိရင်းနဲ့ ဝင်ရောက်လာတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။

ယုံကြည်လို့ မရနိုင်တဲ့ Repo တွေကိုသွင်းယူမိပြီး ထိုမှတစ်ဆင့် Device ထဲသို့ ရောက်ရှိလာခဲ့တာမျိုးဖြစ်ပါတယ်။ ဒါ့အပြင် iFile နှင့် အလားတူ applications မျိုးတွေကနေ tweak packages တွေကို အတားအဆီးမရှိ install လုပ်ရာကနေလည်း ဝင်ရောက်လာနိုင်ပါတယ်။

လောလောဆယ်မှာ “Unflod” “KeyRaider” “AppBuyer” တို့ကို Jailbroken iPhone တွေကို ပစ်မှတ်ထားတဲ့ malware တွေအဖြစ် တွေ့ရှိထားပါတယ်..။ ဒါကြောင့် Jailbreak သမားတွေအနေနဲ့ မဖြစ်မနေ Jailbreak လုပ်ကြရတယ် ဆိုခဲ့ရင် Cydia မှ အသိမှတ်ပြုပါလာတဲ့ “ModMyi” “BigBoss” တို့လို Repo မျိုးနှင့် ယုံကြည်နိုင်လောက်တဲ့ Repo များကိုသာ ရွေးချယ်စိစစ်ပြီး သွင်းယူသင့်ပါတယ်..။

မတတ်သာ၍ cracked တွေကို ရယူသုံးစွဲနေရသည် ဆိုသော်လည်း မှုပိုင်ခွင့်ကို ချိုးဖောက်ထားသော cracked များကို ဖန်တီးသူများ၏ နောက်ကွယ်မှ ရည်ရွယ်ချက် အမှန်ကို ခန့်မှန်းရခက်ပေလိမ့်မည်။

“KeyRaider” ကို များသောအားဖြင့် Jailbreak iDevice များအတွက် AppStore app များကို Free ရယူနိုင်သော တရုပ်ဝဘ်ဆိုက်များတွင် တွေ့ရပါတယ်။ ဒါပေမယ့် ဒီ malware ဟာ အခုဆိုရင် United States အပါအင် နိုင်ငံပေါင်း (၁၈)ခုလောက်ကို ပျံ့နှံ့နေပါပြီ..။


ဒီ malware ထိလိုက်ပြီဆိုတာနဲ့ Jailbroken iDevice ဟာ ပိုင်ရှင်ရဲ့ iTunes App Store informations တွေဖြစ်တဲ့ ( Apple ID, Password, Device unique ID) စတာတွေကို Hackers တွေလက်ထဲ ထိုးအပ်လိုက်ရပါလိမ့်မယ်။ ဒါအပြင် သူတို့ သိမ်းပိုက်လိုက်ပြီဆိုတာနဲ့ ပိုင်ရှင်က App Store မှာ သူများ မဝယ်ယူနိုင်အောင် ကာကွယ်ထားတာတွေ၊ သူများ Restore ပြန်မလုပ်နိုင်အောင် တားဆီးထားတာတွေ အကုန်လုံးပါ ခိုးယူသွားခဲ့ပါပြီ။

Hackers တွေက ခိုးယူထားတဲ့ account ပိုင်ရှင်တွေ ဝယ်ယူထားသမျှ iTunes App တွေကို “Free” အြဖစ်နဲ့ ပြန်လည် upload တင်ပေးတားတွေ ရှိခဲ့ပြီး လူပေါင်း 20,000 လောက်က အဲဒါတွေကို ပြန်လည် download ချ အသုံးပြုနေခဲ့တဲ့ App တွေဟာ iPhone ပိုင်ရှင်ပေါင်း 225,000 ကျော် ဆီက ခိုးယူထားခဲ့သမျှတွေ ဖြစ်ပါတယ်။

အခိုးခံခဲ့ရသူတွေက သူတို့တွေရဲ့ App Purchased histroy မှာ သူတို့ တစ်ခါမှ မဝယ်ဖူးတဲ့ App တွေ ပါနေကြောင်း၊ အချို့ကတော့ iPhone တွေ Lock ကျကုန်ပါတယ်။


ဘယ်လိုကာကွယ်ကြမလဲ…?

Jailbreak လုပ်ထားသည် ဖြစ်စေ၊ မလုပ်ထားသည် ဖြစ်စေ ပိုမိုစိတ်ချရအောင် မိမိရဲ့ Apple ID ကို “Two-Steps Verification” ခံထားပါ။ မည်သို့ မည်ပုံ ပြုလုပ်ရမည်ကို ဤနေရာတွင် ဖတ်ရှုပါ။
(iOS 9 တွင် "Two-Factor Authentication” ဆိုသည့် လုံခြုံရေး စနစ်အသစ်တစ်ခု ပါလာတော့မည်)

Jailbroken iDevice များ အနေနှင့် ပေါက်ကရ Repo များ သွင်းယူခြင်းမှ ရှောင်ကျဉ်ပါ။
OpenSHSH ကို မလိုအပ်ပါက မသွင်းယူပါနှင့်၊ မဖြစ်မနေ သွင်းယူရမည် ဆိုပါက Root password ကို ချက်ခြင်း ပြောင်းလဲပါ (Default မှာ alpine ဖြစ်သည်)။

စာရေးသူအနေနှင့် နောက်ဆုံးတစ်ခု ပြောလိုသည်မှာ 2015 မှာ iOS 8+, iPhone 4s, iPad 2 က အစပြုလို့ Jailbreak လုပ်ရန် အကြောင်း ထွေထွေထူးထူး ဘာမျှမရှိတော့၊ မြန်မာစာ ဖောင့်၊ ကီးဘုတ် အဆင်ပြေပြီ။နောက်ဆုံး cracked App တွေတောင် Jailbreak မလိုပဲ appsync စသည်တို့ မလိုပဲ သွင်းယူနိုင်ပြီ ဖြစ်လို့ Springboard Theme လေး စိတ်ကြိုက် ပြောင်းဖို့လောက်နဲ့တော့ မိမိရဲ့ တန်ဖိုးကြီး iDevice ကို မစွန့်စားသင့်ပါဘူး..။
Advance users များအနေနဲ့ iFile, Filza, Flex တို့ကို အသုံးပြုတဲ့အခါမှာ သတိထားပေးပါ။

အရင်ထဲက ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်ပါ…
“iPhone ကို Jailbreak လုပ်ပြီး Springboard Themes တွေ ပြောင်းသုံးတယ်ဆိုတာ iPhone ကို Android ရုပ်ပေါက်အောင် လုပ်လိုက်တာက လွဲရင် ဘာမှမပိုပါဘူး” လို့….


တစ်လောလေးကပဲ Malware အကြောင်း ဤနေရာတွင် ရေးခဲ့ပါသေးသည်။


Credit to : CNN


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်ပေးကြပါ...


မိုးသိကြား

Facebook Comments

0 comments :

Post a Comment