Wednesday, March 30, 2011

iOS 4.3.1 Tether Jailbreak with snOwbreeze


iOS 4.3.1 ကို jailbreak လုပ်နိုင်ဖို့  အတွက် snOwbreeze 4.4 ထွက်လာပါပြီ။ ဘာမှတောင် မကြာသေးဘူး ဆက်တိုက်ကို လိုက်ထွက်လာပုံ အရဆိုရင်တော့ ထူးထူးခြားခြား ပြောင်းလဲမှု သိပ်ရှိပုံမရပါဘူး၊ အလုပ်လုပ်ပုံ အဆင့်ဆင့်ကို အောက်တွင် ဆက်လက်ဖော်ပြပါမည်။
snOwbreeze Details ကို သေချာစွာ အရင် ဖတ်ရှုပြီးမှ လုပ်ဆောင်ပါ။ ဖြစ်ပေါ်လာသော အဆိုး အကောင်း အတွက် မိမိ ကိုယ်ပိုင် တာဝန်သာဖြစ်ပါတယ်။

ပထမဦးစွာ လိုအပ်သော software များကို အရင် Download လုပ်ပါ။

Downloads

snOwbreeze 4.4b1
 

iOS 4.3.1 IPSW for your Devices

iTunes 10.2

snOwbreeze 2.4.1 Dtails
  • ultrasn0w now works for basebands (01.59.00 / 04.26.08 / 05.11.07 / 05.12.01 / 05.13.04 / 06.15.00)
  • ultrasn0w is NOT compatible with the folllowing basebands! (02.10.04 / 03.10.01 / 04.10.01 / 05.14.02 / 05.15.04)
  • iOS 4.3.1 is now supported.
  • iPhone 3GS users can upgrade to 06.15.00 baseband now under Unlocks section in Expert.
  • Upgrading your iPhone 3GS baseband to the 06.15.00 iPad baseband hack to unlock MAY cause you to lose your GPS!
အလုပ်လုပ်ပုံ

အဆင့် ၁) snOwbreeze 4.4 ကို Run ပြီး အပြာရောင် " Next " button ကိုနှိပ်ပါ။




အဆင့် ၂) အထက်တွင် Download ဆွဲချခဲ့သော iOS 4.3.1 IPSW ကို ဆွဲထည့်ပေးပါ (သို့ ) Browse ကနေ လမ်းကြောင်းပေးပါ။


အဆင့် ၃) snOwbreeze က သင့် IPSW ကို စစ်ဆေးနေပါမည်။



အဆင့် ၄) စစ်ဆေးပြီးပါက " Simple Mode " ကို ရွေးပြီး " Next " button ကို နှိပ်ပါ။ (အကယ်၍ unlock
လုပ်ဖို့ လိုခဲ့မယ်ဆိုရင်တော့ " Baseband Preservation Mode " ကိုရွေးချယ်ပါ)
ထိုနောက် " Build IPSW " ကို ရွေးပြီး " Next " နှိပ်ပါ။



အဆင့် ၅) Firmware ဆောက်ပြီးသွားသော အခါ " Done! " message ပေါ်လာပါမည်။


အဆင့် ၆) firmware ဆောက်ပြီးပါက " Ok " နှိပ်ပြီး ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။
ရရှိလာသော custom IPSW firmware သည် သင့်၏ Desktop ပေါ်တွင် အသင့်ရောက်ရှိနေပါပြီ။


**********************

DFU mode ပြောင်းရန်...

ဤအဆင့်မှ စပြီး သင့် iPhone ကို DFU mode ပြောင်းရန် PC နှင့်ချိပ်ဆက်ပါ။

၁) Device ကို PC နှင့်ချိပ် Power " OFF " ပါ။


၂) " Start " button ကိုနှိပ်ပြီး ညွှန်ကြားချက်အတိုင်း Timing ကိုက်လုပ်ဆောင်ပါ။

အကယ်၍ DFU mode မအောင်မြင်ခဲ့ပါက " Start " ကိုနှိပ်ပြီး ပြန်ကြိုးစားကြည့်ပါ။

၃) နောက်ဆုံး DFU mode အောင်မြင်သွားပါက " Your device is now in a PWNED DFU state (black screen) " ဟု message box တက်လာပါမည်။

၎) " Ok " button ကို မနှိပ်ပါနှင့် " iTunes " ကိုဖွင့်ပါ

၅) iTunes မှ " Restore " button ကို Shift နှင့်တွဲပြီး နှိပ်ပါ ( Shift + Restore )

၆) Desktop တွင် ရှိနေသော custom firmware ကိုရွေးပြီး " Restore " လုပ်ပါ။

၇) Restore လုပ်ပြီးသော အခါ Device reboot လုပ်နေစဉ် Apple logo တွင် တစ်နေပါမည်။

၈) ဒါဆိုရင် " iBooty-for-4.3.1 " folder လေးသည် သင့် Desktop ပေါ်တွင်ရှိနေပါတယ် (firmware ဆောက်ထဲက တစ်ခါတည်း ရရှိပါတယ်)

၉) iBooty.exe ကို Run ပေးလိုက်ပါ။ သင့်၏ Device ကိုရွေးပေးလိုက်ပါ။

အခုဆိုရင် အားလုံးအောင်မြင်သွားပါပြီ။

မိုးသိကြား

9 comments :

  1. ကိုမိုးရေ...

    ကျွန်တော်က ipad iOS 4.2 ကို 4.2.1 အထိ တင်ပြီးမှ jailbreak လုပ်တာ..ရသလိုလိုပဲ...cydia နဲ့ safari ဝင်ရင်ပြုတ်ပြုတ်သွားတယ်...ပြီးတော့ ဂိမ်းတစ်ခုက ကစားရင်းနဲ့ပဲပြုတ်ပြုတ်သွားတယ်ခင်ဗျ..အဲဒါနဲ့ပဲ iOS 4.2.1 ကို ပြန်တင်လိုက်ရတယ်..jailbreak လုပ်ချင်တာက pdf ဖိုင်တွေမှာ မြန်မာလို file name ပေးထားတော့ လေးထောင့်တုံးပဲ တွေ့လို့ jailbroken ဆို မြန်မာလိုမြင်မလားလို့ပါ... အဲဒါ ဘာလို့ cydia နဲ့ safari ဝင်မရသလဲခင်ဗျ..အကိုသိရင်ပြောပေးပါနော်

    ReplyDelete
  2. ကိုမိုးသကြား ပြောတဲ့အတိုင်း အဆင့်ဆင့် လုပ်သွားတာ အောင်မြင်ပါတယ်ဗျာ ... ဒါပေမယ့် နောက်ဆုံးကျမှ Cydia က ဖွင့်မရဘူး ဖြစ်နေတယ်၊ ဘာကြောင့်လဲတော့ မသိဘူး။

    ReplyDelete
  3. ကဲ ကိုမိုးသကြားရေ....
    ကျွန်တော်က သြစတီးယား(ဥရောပ)မှာနေပါတယ်...
    ကျွန်တော် လက်တည့်စမ်းချင်နေတာ ကြာပါပြီ... မလုပ်ဖြစ်သေးဘူး...
    ဒီနေ့တော့ တော်တော်လေးစုံအောင် အစ်ကို့ရဲ့ဆိုဒ်မှာ ဖတ်ဖြစ်ပါတယ်...
    ဖတ်လွန်းအားကြီးလို့လားတော့ မသိဘူး... အာရုံတွေ ထွေးကုန်တယ်... း)

    ကျွန်တော့်မှာ 4G,3GS,3G ရယ်ရှိပါတယ်... လောလောဆယ်ဒီမှာက အော်အတိုင်းသုံးနေတာ အားလုံးသော app တွေက သူ့ လိုအပ်ချက်နဲ့သူထွက်နေတာရယ်... သတင်းအချက်အလက်တော်တော်များများကို အထောက်အကူပြုနေတာကြောင့် jailbreak ကိုစိတ်မဝင်စားခဲ့ဘူး...
    အခုတော့ အာရှဘက်ကို ခြေစန့်ဖို့ရာ အခွင့်ကြုံလာတော့ လိုအပ်လာပါပြီ... ပြီးတော့
    မြန်မာဆိုဒ်တွေကိုလဲ app မသုံးပဲဖတ်ချင်လာပါတယ်... 3 လုံးပေါင်းပြီး သံစဉ်လေးတွေလုပ်ရတာဝါသနာပါတယ်...

    4G,3G က စာချုပ်ဖုန်းပါ အစ်ကို... 3GS ကတော့ အလွတ်ဝယ်ထားတာပါ... ဒါပေမယ့် unlock နဲ့ဟာပါ အစ်ကို...
    အဲ့တော့ အားလုံးကို jailbreak နဲ့ unlock ပူးတွဲလုပ်ချင်တာပါ...
    3G ကတော့ 4.2.1 ပါ...
    4G.3GS ကတော့ 4.3 ပါ...

    ကျွန်တော့ရဲ့ အဓိကမေးခွန်းကတော့
    1. ဘယ်ဖုန်းကို ဘယ်ဗားရှင်း သုံးရင် သင့်တော်မလဲဆိုတာရယ်
    2. ဘယ် ပိုစ့်ကို ကြည့်သင့်တယ်ဆိုတာရယ်
    3. ဘာတွေကို သတိထားသင့်တယ်ဆိုတာရယ် (ပထမအကြိမ် ပြုလုပ်ခြင်း ဖြစ်တဲ့အတွက်)
    အကြံပြုပေးစေလိုတာပါ...

    ပြီးတော့
    ၁. ဘယ်ဟာကိုသုံးရင် ကျွန်တော့ရဲ့ Apple ကပေးတဲ့ အာမခံပျက်ပြယ်တတ်တယ် ဆိုတာလေးကိုပါ ပြောပေးပါဦး...
    ရေးထားပြီးသော ပိုစ့်များဖြစ်နေပါက လင့်ခ် ချန်ပေးပါ...

    ကျေးဇူးအထူးတင်လျှက်....
    ကိုကို(kokohelp@gmail.###)
    (အပိုအမေး+ သူငယ်ချင်းတစ်ယောက်က အခြားသော စမတ်ဖုန်းတွေမှာ နာဗီဂေးရှင်းတွေကို အင်တာနက်မလိုပဲ(GPS & 3G ကိုအခြေခံပြီး) သုံးလို့ရတယ် လို့ ပြောပါတယ်... ပြီးတော့ ဒီနိုင်ငံက ကုလားဆိုင်တော်တော်များများမှာလဲ အဲ့ဒီဟာလေးကို အခကြေးငွေယူပြီး ထည့်ပေးနေတယ်လို့ပြောပါတယ်.... ကျွန်တော်ကတော့ သူငယ်ချင်းကို ပြန်ပြီးလေကျယ်ထားပါတယ်... မြန်မာပြည်မှာ မင်းလိုချင်တဲ့ ဆော့ဖ်ဝဲလ် မှန်သမျှ ရိှတယ်လို့... း))))
    ဖြစ်နိုင်ရင် အဲ့ဒါလေးကိုပါ မျှဝေစေလိုပါတယ် အစ်ကို...

    ReplyDelete
  4. ဟိုုလိုုလုုပ်ပါလားလိုု ့၊ ဒီလိုုလုုပ်ပါလားလိုု ့၊ ငါလဲမတတ်ဘူးလိုု ့... :P
    တကယ်ပါ။
    ကျွှန်တော်လဲ ဟိုုလိုုလုုပ်လိုုက် ဒီလိုုလုုပ်လိုုက် ၄၊၅ ခါလောက်လုုပ်ပြီးတဲ့အခါမှာတော့ ကျွှန်တော့်ရဲ ့ iPh4 ver 4.3.1 လေးကိုု အောင်မြင်စွာ Jail Breaking ပြီးဆုံုးပါကြောင်း...။

    ReplyDelete
  5. Cydia နဲ့ Safari ပြန်ရပြီ ကိုမိုးသိကြားရေ... ibooty နဲ့ ပြန် reboot လုပ်ခိုင်းလိုက်..ရသွားတယ်..ကျေးဇူးပါ..တကယ်ပါ..ကိုယ်ဘာသာ လုပ်ကြည့်တာ..ရတော့..တော်တော်ပျော်တယ်.. ၃ သောင်းလည်းမကုန်တော့ဘူးပေါ့..

    ReplyDelete
  6. ကိုမိုးသိကြားရေ ios4.3 ကိုတောင် unlock ရပီဆို http://applenberry.com/store/ ကြည့်ပီပြောပါဦးဗျာ ......

    ReplyDelete
  7. I booty-for-4.3.1 ka download ma tat buu, Bal lo loke ya ma lae,

    ReplyDelete
  8. Wow! Such an amazing and helpful post this is. I really really love it. It's so good and so awesome. I am just amazed. I hope that you continue to do your work like this in the future also Crypto insurance

    ReplyDelete
  9. I think this is an informative post and it is very useful and knowledgeable. therefore, I would like to thank you for the efforts you have made in writing this article. Ftmo challenge

    ReplyDelete