iPhone နဲ့ ပက်သက်ပြီး ခုတစ်လောမှာ ဘာမှ ထွေထွေထူးထူး ရေးစရာမရှိသလောက်ပါပဲ Apple က ခုလက်ရှိ နောက်ဆုံးထုတ်လိုက်တဲ့ iOS4.1 ကို Jailbreak လုပ်လို့  ရနိုင်ပြီလို့  iPhone Dev Team ကဆိုထားပေမယ့် စမ်းသပ်နေဆဲ မို့  Public ကိုခုချိန်ထိတော့ မရောက်သေးပါဘူး... ဒါကြောင့်မို့  ရေးစရာမရှိတဲ့ ကြားကပဲ ရှာကြံပြီးရေးတဲ့ အနေနဲ့  iTune ထဲက သီချင်း Album တွေမှာ ဓါတ်ပုံကာဘာတပ်တဲ့ နည်းကို ရှာကြံပြီးရေးလိုက်ရပါတယ် ဒီပိုစ့် လေးက iTune ကိုသိပ်မသုံးတတ်သေးတဲ့ ပုဂ0x081ဂိုယ်များ ကိုသာ ရည်ရွယ်ပြီး တင်ပြလိုက်ပါတယ်...
အချို့ သူငယ်ချင်းတွေက ကျွန်တော်ရဲ့ ခပ်စုတ်စုတ် iPhone လေးနဲ့  iPod နားထောင်တဲ့ အခါ သီချင်း Album တိုင်းမှာ သက်ဆိုင်ရာ ကာဘာပုံလေးတွေတပ်ထားလို့  ဘယ်လိုလုပ်ရလဲလို့  မေးဘူးပါတယ် အရင်က နှုတ်နဲ့ ဖြေခဲ့ပေမယ့် အခုတော့ တစ်ဆင့်ခြင်း ပုံတွေနဲ့ တစ်ကွ ရှင်းပြပေးလိုက်ပါတယ်နော်....
ပထမဦးစွာ iTune ထဲသို့  သီချင်းထည့်သွင်းလိုပါက iTune LIBRARY အောက်က Music ကိုရွေးချယ်ပါ
အဲဒီမှတစ်ဆင့် File --> Add File to Library (သို့ ) File --> Add Folder to Library တို့  မှ သွင်းယူရပါတယ်...
(1) Add File to Library အသုံးပြုခြင်းဖြင့် သီချင်းများကို တစ်ပုဒ်ချင်း selection ပုံစံနဲ့ သွင်းယူနိုင်ပါတယ်။
(2) Add Folder to Library ဆိုတာကတော့ Folder လိုက်သွင်းယူတာပါ တစ်နည်းအားဖြင့် မိမိစက်ထဲမှာ သီချင်းတွေကို Album အလိုက် Folder ခွဲပြီးဆောက်ထားခဲ့မယ်ဆိုရင် စီးရီးတစ်ခုလုံးကို တစ်ကြိမ်ထဲ သွင်းသွားတာပါ။
နှစ်သက်သလို သွင်းယူပါ ကျွန်တော်ကတော့ ဒုတိယပုံစံ စီးရီးလိုက်သွင်းယူပြီး ကာဘာတပ်ဆင်နည်းကို ပြပေးသွားပါမယ် ဘာကြောင့်လဲ ဆိုတော့ iTune ထဲမှာ စီးရီးလိုက်ကာဘာ တပ်ပြီး သွားပြီဆိုရင် နောက်ပိုင်း တစ်ပုဒ်ခြင်း ရွေးသွားရင်တောင် သီချင်းတစ်ပုဒ်စီတိုင်းမှာ ကာဘာလေးတွေ Attach ဖြစ်သွားတဲ့ အတွက် ဒီ File လေးတွေကို ကူးယူပြီး iTune/iPhone/iPod မှ မဟုတ်ဘူး အခြား Display ပါတဲ့ စက်တွေနဲ့ ဖွင့်ရင်တောင် ကာဘာပုံလေးတွေနဲ့  လန်းနေပါတယ်နော်...
၁) ကာဘာမတပ်ခင် က iTune ရဲ့ Default icon လေးနဲ့ ပါ
၂) အရင်ဆုံး ကျွန်တော်တို့  PC ထဲက သီချင်း Folder တစ်ခုကို အရင်ပြင်ဆင်ကြရအောင်.. သင့်PC ထဲက သီချင်း Folder တစ်ခုကို အရင်စစ်ကြည့်ပါ...
နမူနာ အနေနဲ့ ကျွန်တော့်စက်ထဲက ရိန်မိုး ရဲ့  "ကောင်းကင်က အချစ်ငှက်" စီးရီး Folder ကို ဖွင့်ပါမယ်
ပုံ(၁)
ပုံ(၂)
ပုံ(၂) မှာပြထားသလို Artists နှင့် Album မှာ ဘာမှ မရှိရင် (သို့ ) သီချင်းတစ်ခုနဲ့ တစ်ခု Artists/Album မှာ မတူခဲ့ရင် iTune ထဲသွင်းလိုက်တဲ့ အခါမှာ Album တစ်ခုထဲ အနေနဲ့ မရောက်ပဲ သီချင်းတြွေပန့် သွားမှာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့  Artists/Album အမည်တွေတူအောင် အရင်ပြင်ပေးရပါတယ်..
စကားချပ်။ ။ များသောအားဖြင့် စုပေါင်းစပ်ပေါင်း စီးရီးခွေတွေမှာ အဖြစ်များပါတယ် Artists Name တွေမှာ မတူတဲ့ အတွက်ပါ (အကြံပေးချင်တာတော့ အဲဒီလို အခွေတွေမှာ File Name(သီချင်းအမည်) နောက်မှာ အဆိုတော်အမည်တွဲပေးပြီး Artists မှာ Various လို့ ပေးပြီး Album မှာတော့ စီရီး Title ကို တစ်ညီတစ်ညာထဲ ပေးလိုက်ရင် အဆင်ပြေပါပြီ)
ပြင်လိုက်ကြရအောင်
၁) သီချင်း File များအားလုံးကို select ပေးပြီး Right click ခေါက်ပြီး Properties ကိုရွေးပေးလိုက်ပါ
အထက်ကပုံ အတိုင်း Artists/Album အမည်တွေ တစ်ညီတစ်ညာထဲ ပြင်ပြီးရင် Apply --> Ok ပါ။
Folder ထဲမှာ အောက်ပါပုံအတိုင်း ပြောင်းသွားပြီပေါ့နော်..
ကဲ..ဒါဆိုရင် iTune ထဲကို Album ထည့်ကြည့်ရအောင် iTune --> Add Folder to Library -->
အောက်ပါပုံ အတိုင်းမြင်ရရင် Cover ပုံထည့်ဖို့ ဆက်လက်လုပ်ဆောင်ပါ
မိမိ PC ထဲမှ နှစ်သက်ရာပုံ ကို ဆွဲထည်းပေးလိုက်ခြင်းဖြင့် Cover ထည့်သွင်းခြင်းနောက်ဆုံး အဆင့်ပြီးဆုံးသွားပါပြီ
သင့် iPhone/iPod/iPod Touch ကို iTune နှင့် ပြန်လည် Syn လုပ်ပေးလိုက်ပါ...
(စကားချပ်။ ။ စတင်အသုံးပြုသူများ ရှင်းလင်စွာသိရှိနိုင်ရန် ရှည်လျှားစွာ ရှင်းပြထားသောလည်း မိမိ File အခြေနေပေါ်လိုက်ပြီး အဆင်ပြေတဲ့ အပိုင်းကစပြီး ဖြတ်ထိုးဉာဏ်နှင့် သုံးကြပါလို့  ...)
မိုးသိကြား
Tuesday, September 14, 2010
Add Art Work For iTune Music Album
Subscribe to:
Post Comments
(
Atom
)
ကျေးဇူးပါပဲ ကိုမိုးရေ အခုမှပဲအစဉ်ပြေသွားတော့တယ်...
ReplyDelete