Thursday, September 23, 2010

ONLY iPhone3G/iPod Touch2G iOS4.1 Jailbreak For Mac User


Only for iPhone3G/iPod Touch 2G အသုံးပြုသူများအတွက် သတင်းကောင်းတစ်ခု ပေးပါရစေ... Jailbreak tool တစ်ခုဖြစ်တဲ့ Redsnow 0.9.6 (အသစ်ထွက် ဗားရှင်း) ကို အသုံးပြုပြီး iOS4.1/4.2 တို့ ကို Jailbreak ပြုလုပ်နိုင်ကြပါပြီ...

Dev-Team ကတော့ ယခုထုတ်ပေးလိုက်တဲ့ Redsnow ကို Apple မှာ တရားဝင် update လုပ်ထားတာဖြစ်တဲ့ အတွက် Ultrasnow အသုံးပြုပြီး Unlocked လုပ်ထားကြတဲ့ iDevices များကတော့ ယခု Redsnow ကိုလက်ရှောင်ကြပါလို့ သတိပေးထားပါတယ် အကယ်၍ အသုံးပြုမယ်ဆိုရင်တော့ Ultrasnow နဲ့ Unlocked လုပ်ထားတာ ပြုတ်သွားပါလိမ့်မယ်၊ unlock ပြန်လုပ်လို့ ရချင်မှတောင်ရပါလိမ့်မယ်။

နောက်တစ်ခုက အခုထွက်လာတဲ့ Redsnow ကလည်း Mac သုံးသူများ အတွက်သာဖြစ်ပါတယ် Window သုံးသူများ အနေနဲ့ စမ်းသပ်နေဆဲမို့  လောလောဆယ်မှာတော့ ခဏစောင့်ပေးကြပါဦး။

This Redsn0w beta release supports:
* iPhone 3G and iPod touch 2G only (for now)
* Mac OS X x86 only (for now)
* 4.1 or 4.2 firmware from Apple

အသုံးပြုပုံ

အဆင့် (၁)
iPhone3G/iPod Touch2G အတွက် iOS4.1 Download ကို အောက်မှာပေးထားပါတယ် Download ရယူပါ

အဆင့်(၂)
နောက်ဆုံးထွက် Firmware 4.1 ကို iTune10 အသုံးပြုပြီး update အရင်လုပ်ပေးပါ

အဆင့်(၃)
RedsnOw 0.9.6b1(အောက်မှာ Download ယူပါ) ကိုဖွင့်ပြီး Browse မှနေ၍ အဆင့်(၁)မှာ download ဆွဲထားသော iOS4.1 ကို ရွေးပေးပါ

အဆင့်(၄)
Install Cydia ကို အမှန်ခြစ်ရွေးပေးပြီး Next ကိုနှိပ်ပါ



အဆင့်(၅)
နောက်တစ်ခါ Next တစ်ခုမနှိပ်ခင် သင့်ရဲ့ Device သည် PC မှာချိပ်ဆက်ထားပြီး Power OFF လဲဖြစ်နေရပါမယ်

အဆင့်(၆)
ဒီအဆင့်မှာတော့ သင့် iPhone/iPod ကို DFU mode ပြောင်းဖို့ အတွက် "Power" button ကိုနှိပ်ပြီး မလွှတ်ပဲ "Home" button ကိုတစ်ဆက်ထဲ နှိပ်ထားပါ... စက0x081ကန့် အနည်းငယ်ကြာမှ "Power" button ကိုလွှတ်ပြီး"Home" button ကိုတော့ Install စပြီးလုပ်ဆောင်မှသာ လွှတ်ပေးလိုက်ပါ...

အဆင့်(၇)
Install လုပ်ပြီးသည် အထိ သာယာပြီးစောင့်နေပါ မကြာခင် Jailbreak ဖြစ်သွားပါလိမ့်မည်

Downloads:
>Redsn0w 0.9.6b1
>iOS4.1 for iPhone3G
>iOS4.1 for iPod Touch2G

မှတ်ချက်။ ။ အထက်ပါဖော်ပြချက်များ မရှင်းလင်းပါက အသေးစိတ်ကို ဒီမှာ ပြန်ဖတ်ပြီးလုပ်ဆောင်ပါ...


Facebook Comments

0 comments :

Post a Comment