Friday, September 24, 2010

iOS4.1 ကိုလည်း Downgrade ချနိုင်...


အသစ်ထွက်လာတဲ့ Apple iOS4.1 ကို ကျွန်တော်ရဲ့  iPhone မှာ Upgrade လုပ်လိုက်ပါတယ် ဘာတွေ ပိုကောင်းလာသလဲတော့ မသိပါဘူး Jailbreak ပြုတ်သွားတောတော့ အမှန်ပါပဲ (တစ်ကယ်ကတော့ သိသိကြီးနဲ့ ကို Upgrade လုပ်လိုက်တာ)မကြာသေးမီကမှ သိထားတဲ့ Downgrade လုပ်တာလေးကို စမ်းချင်လို့  Firmware 4.0.2 အထိတော့ စမ်းဘူးတယ် အခု iOS4.1 နဲ့  မစမ်းဘူးသေးလို့ ပါ... အောင်မြင်ပါတယ်..

အခုကျွန်တော် iOS4.1 ကနေပြီး iOS4.0.2 ကို Downgrade ချလိုက်တယ် ပြီးတော့ (RedsnOw 0.5.5b5-5) ကိုသုံးပြီး (iPhone1,2_4.0.1_8A306_Restore.ipsw) Firmware နဲ့  Jailbreak ပြန်ချလိုက်တယ်
ဒီတော့ အခု ကျွန်တော့် iPhone က iOS4.0.1 ပြန်ဖြစ်သွားပါပြီ


အမှန်ကတော့ ဒီနေ့  Downgrade ချတဲ့နည်းလေးကို Video Tutorial အနေနဲ့ ရေးဖို့ ပါပဲ ကျွန်တော့် ကင်မရာမှာ setting ပဲမှားလား..? (သို့ ) အလောတစ်ကြီးနဲ့  SD card ပဲထုတ်လိုက်လို့ လားတော့မသိဘူး ရိုက်ထားတဲ့ video တွေက ပြဿနာတက်နေတာနဲ့  တစ်နေကုန် converter တွေလိုက်မွှေတာ ခုလေးတင်မှပဲ အဆင်ပြေသွားတယ်ဗျာ...

ဒီနေ့ တော့နောက်ကျနေပြီ မနက်ကျရင်လဲ အလုပ်ဆင်းရဦးမှာမို့  နောက်နေ့ တွေမှာ အမြန်ဆုံးတင်ပေးသွားပါမယ်...
ဒါကတော့ မိတ်ဆွေများကို သတင်းပေးချင်ဇောနဲ့ တင်လိုက်တဲ့ Post လေးလို့ ပဲနားလည်ပေးကြပါခင်ဗျာ...

မိုးသိကြား

2 comments :

  1. မြန်မြန်တင်ပါဗျာ စောင့်နေတာကြာပြီ
    ကြိုးစားသမျှနည်းတွေလည်းကုန်နေပြီ အဲဒါ

    ReplyDelete
  2. ကျေးဇူးပြုပြီး video ကို dwonload file ပေးပါ။မြန်မာပြည်မှာ direct ကြည့်လို့မရလို့။

    ReplyDelete