Apple ရဲ့  Latest firmware ဖြစ်တဲ့ iOS4.1 အသုံးပြုနေသူများ အတွက် iPhone,iPodTouch တွေကို snOwbreeze 2.0 ကိုအသုံးပြုပြီး Jailbreak
လုပ်လို့ ရပါပြီ ဆိုတဲ့ သတင်းကောင်းလေး ပေးလိုက်ပါရစေ...
ကျွန်တော် အခုဖော်ပြပေးမှာက Window user များအတွက်သာဖြစ်ပါတယ်၊ Post တွေကိုရေးသားရာမှာ ကိုယ်ကိုယ်တိုင် စမ်းသပ်ပြီးလို့  အဆင်ပြေမှသာ ဖော်ပြပေးတာ ဖြစ်တဲ့အတွက် ကျွန်တော့် Post တွေအနည်းငယ် နောက်ကျတာရယ် Mac user များအတွက် မသေချာပဲ မဖော်ပြပေးနိုင်တာတော့ စိတ်မကောင်းပါဘူး...
Jailbreak လုပ်နိုင်ရန်အတွက် လိုအပ်တဲ့ Software များကို Download link များကိုလည်း အောက်မှာ ဖော်ပြပေးထားပါတယ်... ပထမဦးစွာ လိုအပ်တဲ့ Software များကို သင့် PC မှာ အသင့်ရှိနေရန်ပြင်ဆင်ပါ...
Software Download
1> iTunes 10.0.1 for Windows
2> .NET Framework 3.5 (required to run Sn0wbreeze)
3> Sn0wbreeze 2.0 (Windows Only)
4> iREB4.0 (for iPhone3G and iPodTouch1G/2G[MB])
အထက်ပါ software များကို မိမိ Desktop မှာ Folder တစ်ခုအဖြစ် သီးသန့် သိမ်းထာပြီး INSTALL လုပ်ပါ...
မိမိအသုံးပြုနေသော iDevice (iPhone3G,3Gs/ iPodTouch1G,2G,3G)ပေါ်မူတည်ပြီး သင့်တော်ရာ Firmware ကို အောက်တွင်ရွေးချယ်၍ Download လုပ်ပါ...
Download Firmware FOR;
1> iOS 4.1 for iPhone 3G
2> iOS 4.1 for iPhone 3Gs
3> iOS 4.1 for iPod Touch 2G
4> iOS 4.1 for iPod Touch 3G
အားလုံးပြီးပြည့်စုံပြီဆိုရင်တော့ လုပ်ငန်းလေး စလိုက်ကြရအောင်....
ပုံနှင့်တစ်ကွ တစ်ဆင့်ခြင်းဖော်ပြပေးသွားပါမယ်
ပထမဦးစွာ snOwbreeze ကို Run လိုက်ပါ For Vista (Run as administrator)
OK ကိုနှိပ်ပြီး NEXT ကိုနှိပ်ပါ...
Expert Mode ကိုရွေးပြီး NEXT နှိပ်ပါ...
(ဒီနေရာမှာ Simple Mode ကိုရွေးချယ်မယ် ဆိုရင်တော့ snOwbreeze က သင့်ဖုန်းကို Activate (hacktivation) လုပ်မလားလို့ မေးပါလိမ့်မယ်... အကယ်၍ သင်အသုံးပြုနေသော ဖုန်းလိုင်းသည် supported carrier ဖြစ်နေမယ် ဆိုရင်တော့ No လုပ်လိုက်ပါ... မြန်မာပြည်မှာ သုံးမယ်ဆိုရင်တော့ Yes ပေါ့)
Expert Mode နဲ့  Simple Mode ကွာခြားချက်ကတော့ iPhone3G အနေနဲ့  Simple Mode မှာဆိုရင် multitasking,Battery Percentage,Background Wallpaper တွေမရနိုင်တော့ပါဘူး၊ ဒါ့အပြင် ပန်းသီး logo လေး အစား snowbreeze logo လေးက အစားဝင်သွားပါလိမ့်မယ် (ဒါကတော့ အခြား Device များလည်း အတူတူပါ)
Browse ကိုနှိပ်ပြီး Download လုပ်ထားသော သက်ဆိုင်ရာ Firmware ကိုရွေးချယ်ပေးလိုက်ပါ...
ကျွန်တော်ကတော့ iPhone3G user မို့  3G firmware 4.1 ကိုရွေးပေးလိုက်ပါတယ် ဒါဆိုရင်အောက်ပါအတိုင်း Processing လုပ်ပြီးတော့ နောက်ဆုံးမှာ Verified ဖြစ်သွားပါမယ်...
iPhone 3Gs/iPodTouch3G
Next ကိုနှိပ်ပါ General ကိုရွေးပြီး Next ထပ်နှိပ်ပါ...
ဒီအခါမှာ ရွေးချယ်စရာလေးတွေ ပေါ်လာပါလိမ့်မယ်...
သင်ဟာ iPhone3G user ဆိုရင်တော့ အောက်ဆုံးတစ်ခု (Make IPSW NOR-Only) ကလွဲရင် အားလုံးကို အမှန်ခြစ်ရွေး ပေးလိုက်ပါ Activation ကတော့ သင့်ပေါ်မူတည်ပါတယ် အထက်မှာရှင်းပြခဲ့ပြီးပါပြီ...
iPhone3Gs/iPodTouch3G user အတွက်ကတော့ အောက်ဆုံးက (Use iBooty Method(3.1.2 Installation Required!)
ကို အမှန်ခြစ်ရွေးပေးလိုက်ပါ...
Next ကိုနှိပ်သွားပေးပါ Boot Logo နှင့် Recovery Logo တို့ ကို စိတ်ကြိုက်ပုံလေးတွေတင်လို့ ရပါတယ် မတင်ချင်ရင်တော့ အမှန်ခြစ်လေးတွေ ဖြုတ်ထားပြီး အောက်ပါပုံပြန်ရောက်တဲ့ အထိ Next နှိပ်သွားပါ...
Build IPSW ကိုရွေးပေးပြီး Next နှိပ်လိုက်ပါ.. ဒါဆိုရင် snOwbreeze က သင့်အတွက် firmware တစ်ခုစတင် ဆောက်နေပါပြီ...
အားလုံးပြီးသွားရင် သင့်ရဲ့ Desktop ပေါ်မှာ အောက်ပါပုံအတိုင်း Jailbroken firmware file ဖြစ်သွားပါပြီ...
ဒီ firmware က သင့်ရဲ့  iTune နဲ့  Restore လုပ်ရမှာဖြစ်ပါတယ်...
အခုဒီအဆင့်ထိ လုပ်ဆောင်လာတာ iPhone/iPod Touch နဲ့  PC လုံးဝ ချိပ်ဆက်ဖို့ မလိုသေးဘူးနော်
နောက်လာမယ့် အဆင့်တွေကမှ စပြီး PC နဲ့ ချိပ်ရတော့မယ်...
iPhone 3G နှင့် iPod Touch 2G(MB model only)အသုံးပြုသူများသာဆက်လက်လုပ်ဆောင်ရန်
iPhone 3G/iPodTouch 2G အသုံးပြုသူများမှ လွဲ၍ အခြား iDevice အသုံးပြုသူများ အောက်ပါ အဆင့်များ ကိုကျော်လိုက်ပါ...
1> Download iReb V4.0 (for window)
2> iReb ကို Run ပြီး Online Mode ကိုရွေးချယ် နှိပ်ပါ
3> သင့်ရဲ့  Device ကိုရွေးချယ်ပါ
iReb က ဆက်လက်၍ သင့် Phone/Touch ကို DFU mode ပြောင်းတဲ့အထိ လမ်းညွှန်ပါလိမ့်မယ် Step by Step follow လုပ်ပါ... နောက်ဆုံးမှာ အောက်ပါပုံ အတိုင်း ပေါ်လာလျှင် iTune မှ တစ်ဆင့် firmware Restore လုပ်ပေးပါ။
Restore with iTune For All Devices
ယခုအဆင့်မှစ၍ iDevice များအားလုံး ဆက်လက်လုပ်ဆောင်ကြပါ
သင့်ရဲ့  Phone ကို DFU mode ပြောင်းရန် အောက်ပါအဆင့်များ အတိုင်းလုပ်ဆောင်ပါ
- Phone ကို သင့်ရဲ့  PC နှင့်ချိပ်ဆက်ပြီး Power OFF ထားပါ
- Power button နဲ့  Home button ကို အတူတစ်ကွ တစ်ပြိုင်ထဲ ၁၀စက0x081ကန့် လောက်နှိပ်ထားပါ
- Power button ကိုလွှတ်လိုက်ပြီး Home button ကိုတော့ copmuter က new USB device ကိုသိတဲ့
အထိနှိပ်ထားပါ
- iTune က သင့် iPhone ကို သိပြီး အောက်ပါ အတိုင်းပေါ်လာပါမယ်
Firmware Restore လုပ်ရန် iTune တွင် Restore button ကို Shift/Alt(keyboard) တွဲပြီး နှိပ်ပေးပါ
ထိုအခါ Browse ကနေတစ်ဆင့် အထက်တွင် SnOwbreeze နှင့် ပြုလုပ်ခဲ့သော Desktop ပေါ်ရှိ firmware ကိုရွေးပေးလိုက်ပါ....
အားလုံးပြီးသွားတဲ့ အခါမှာ သင့် iPhone 3G,3Gs/iPod Touch များဟာ firmware iOS4.1 jailbreak ဖြစ်သွားပါပြီ....
အဆင်ပြေနိုင်ကြပါစေ
မိုးသိကြား
Sunday, October 3, 2010
Jailbreak iOS4.1 with snOwbreeze
Subscribe to:
Post Comments
(
Atom
)
ios4.1, jailbroken iphone က unlock လုပ်လို့ ရပါသလား ခင်ဗျာ ?
ReplyDeleteကိုမိုးရေ iphone 3G Screen အပေါ်မှာ restart,reset buttonတို့ တင်ထားချင်ပါတယ် အဲဒီတွက်ဆွဲရမယ့် downloadဆိုက်နာမည်ပြောပြပေးပါကျေးဇူးပြုပီးကူညီပါအကို
ReplyDeleteThis comment has been removed by the author.
ReplyDelete