Sunday, October 24, 2010

iOS4.1 iDevices များအားလုံးအတွက် Jailbreak Tool အသစ် GreePoison


မကြာသေးမှီကမှ အသစ်ထွက်လာတဲ့ GreenPoison(RC4)Jailbreak Tool ကို Chronic Dev Team က Developed လုပ်လိုက်တာဖြစ်ပြီး LimeRa1n မှာအဆင်မပြေဖြစ်ခဲ့ကြတဲ့ iPod Touch 2G (MC,MB) မော်ဒယ်လ် နှစ်မျိုးစလုံးကို untethered နည်းဖြင့် Jailbreak ချနိုင်အောင် ထပ်မံဆောင်ရွက်ပေးခဲ့ကြတာပါ ဒီအပြင် iPhone များကိုလည်း အောင်မြင်စွာ Jailbreak ချနိုင်ပါတယ်လို့  ကတိပေးထားပါတယ်



Jailbreak လုပ်ရန် အဆင့်များ

၁) GreenPoison ကို ဒီမှာ Download ရယူပါ

၂) Download မှ ရလာသော Zip File ကို Desktop တွင် ဖြည်ပေးလိုက်ပါ

၃) Folder ထဲမှာပါလာသော GerrnPoison ရဲ့  .Exe File ကို Run ပေးပါ

၎) Device ကို PC နှင့် ချိပ်ဆက်ပြီးပါက Prepare to Jailbreak(DFU)
ကိုနှိပ်ပေးပါ



၅) GreenPoison က DFU mode လုပ်ရန် ညွှန်ကြားသည်အတိုင်း လုပ်ဆောင်ပါ
(Press the Power button for two seconds, press Home + Power for 10 seconds, release the Power button and keep pressing Home).



၆) ညွှန်ကြားချက်အတိုင်း မှန်ကန်စွာဆောင်ရွက်နိုင်ပါက Jailbreak လုပ်ရန် DFU mode အနေထားသို့ 
ရောက်ရှိပါလိမ့်မည် (အကယ်၍အဆင်မပြေဖြစ်ပါက အစမှနေ၍ ပြန်လည်ဆောင်ရွက်ပါ)။

၇) အထက်ပါအတိုင်း အဆင်ပြေသွားပါက နောက်အဆင့်များကို Jailbreak ဖြစ်သည်အထိ အလိုလျှောက်ဆောင်ရွက်သွားပါလိမ့်မည်


မှတ်ချက်။ ။ DFU mode ပြုလုပ်ရာတွင် အနည်းငယ် အခက်ခဲရှိ နိုင်ပါတယ်။

1 comment :

  1. eve file ရှာလို့မတွေ့ဘူး download လုပ်ရင် mac ကော linex ကော window ကိုကော လုပ်ရမှာလား

    ReplyDelete